Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 14, 2013

ပရိသတ် လက်ခံသလောက် အနုပညာ အလုပ်တွေ လုပ်ခွင့်ရချင်ပါတယ် ဆိုတဲ့ သွန်းဆက်

ပရိသတ် လက်ခံသလောက် အနုပညာ အလုပ်တွေ လုပ်ခွင့်ရချင်ပါတယ် ဆိုတဲ့ သွန်းဆက်အနုပညာ လှုပ်ရှားမှုအနေနဲ့ ကတော့ ကိုနေတိုးနဲ့ ငြိတွယ်ဆဲ ဆိုတဲ့ ဇာတ်ကားတစ်ကား ရိုက်ထား ပါတယ်။ ထုတ်လုပ်ရေးနဲ့ စာချုပ်ချုပ် ပြီး ဇာတ်ကားရိုက်ကူး တာမျိုးမရှိ ပေမယ့် အောင်သီရိ ထုတ်လုပ်ရေး နဲ့ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူး ဖြစ်နေပါတယ်။ Ever Top ထုတ် လုပ်ရေးနဲ့လည်း ဇာတ်ကားတွေရိုက် ကူးလျက်ရှိပါတယ်။ သွန်းဆက်ဆို တာ အရင်တုန်းက မော်ဒယ်ရှိုးများ လျှောက်လှမ်းခဲ့ပြီး သရုပ်ဆောင် လုပ်ဖြစ်တာက အကယ်ဒမီဗန်း ကိုင်လုပ်ပြီးမှ လုပ်ဖြစ်တာပါ။ သရုပ် ဆောင်လုပ်တဲ့ အခါမှာ အခက်အခဲ တွေတော့ရှိတယ်။ မော်ဒယ်ရှိုး လျှောက်ရတာ ကျတော့ တီးလုံးနဲ့ cat walk လျှောက်ရင် အဆင်ပြေ တယ်။ သရုပ်ဆောင်ကျတော့ သွား တာလာတာ စားတာသောက်တာ ကအစ အကုန်လုံးကို ကင်မရာနဲ့ လိုက်ပြီးရိုက်တာဆိုတော့ သရုပ် ဆောင်တဲ့နေရာတိုင်းမှာ သတိ ထားပြီး သရုပ်ဆောင်နေရပါတယ် လို့ပြောသူ သွန်းဆက်ရဲ့ ခံစားချက် မှန်သမျှကို အခုလိုပဲ ဆက်လက် ပြောကြားခဲ့ရာ...။
Q. သရုပ်ဆောင်ဖို့အတွက် အ ဓိက ကမ်းလှမ်းခေါ်ယူခဲ့သူက...
A. ပထမဦးဆုံး အန်ကယ်လ် လေး(ဦးလူမင်း)နဲ့ ဆုံဖြစ်တယ်။ သူ ကညီမကိုသင်ပေးတယ်။ ဦးလူမင်း ရယ် ဒါရိုက်တာ မလိခစိုးထိုက် အောင်တို့က သရုပ်ဆောင်ပိုင်းမှာ သေချာသင်ကြားပေးခဲ့ပါတယ်။
Q. မိန်းကလေးတစ်ယောက် အသည်းကွဲနေသည် ဇာတ်ကားရိုက် တော့ ဘယ်လို အခက်အခဲမျိုးတွေ ကြုံခဲ့ရပါလဲ။
A. အဲဒီဇာတ်ကားရိုက်တုန်း က အခက်အခဲကြီးကြီးမားမားကြီး တော့မရှိဘူး။ အိပ်ရာမှာ ဦးလူမင်း နဲ့ အိပ်ပြီးတော့ မနက်မိုးလင်းတော့ ဦးလူမင်းနဲ့ မကစ်(ဝတ်မှုံရွှေရည်) တို့ အလုပ်သွားတဲ့အချိန်မှာ ပြတင်း ပေါက်ကနေ ချောင်းပြီးကြည့်ရတဲ့ ဇာတ်ဝင်ခန်းကို ရိုက်တာ နှစ်ခေါက် သုံးခေါက်ရိုက်ခဲ့ရတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ခုတင်ကိုကျော်ပြီးမြန် မြန်သွားရတာဆိုတော့ ခုတင်နဲ့ အမြဲ တမ်းတိုက်နေတာ အဲဒါကိုနှစ် ခေါက်သုံးခေါက်လောက်ပြန် ရိုက် ခဲ့ရတဲ့ အမှတ်တရရှိတယ်။ အရမ်း ကြီးခက်ခက်ခဲခဲတော့ မရှိပါဘူး။ သရုပ်ဆောင်တာကျတော့ ဦးလူ မင်းက သင်ပေးတယ်။ ဒါရိုက်တာ မလိခစိုးထိုက်အောင်ကလည်း သင်ပေးပါတယ်။ ဒိုင်ယာလော့ခ် ပြောတာကအစပေါ့။ ညီမက တိုင်း ရင်းသူဆိုတော့ စကားပြောတာ အဆင်မပြေဘူးလေ။ ထိန်းပြီးပြော နေရတော့ ဒိုင်ယာလော့ခ်ပြောတာ ကအစ သင်ပေးခဲ့ပါတယ်။
Q. အဲဒီဇာတ်ကားထွက်ပြီး ကိုယ်တိုင်ပြန်ကြည့်တဲ့အခါမှာ ဘယ် လိုခံစားရလဲ..
A. ညီမရဲ့ စိတ်ထဲမှာ သိပ် ပြီး မကျေနပ်ဘူး။ ကိုယ့်ရဲ့လိုအပ် ချက်တွေကို အများကြီးတွေ့ခဲ့ရ တယ်။ ကိုယ့်အတွက် ပထမဦးဆုံး ဇာတ်ကားဆိုတော့ နေရာတိုင်းက ကိုယ့်အတွက်လိုနေသလိုပဲ။ ဘယ် လိုကြီးမှန်းလဲမသိဘူး။ ကိုယ့်ကိုယ် ကိုယ် မကျေနပ်ဘူး။ ပရိသတ်တွေ သွန်းဆက်သရုပ်ဆောင်တာ အသံ လေးကို ထိန်းပြီးပြောပေးပါလို့ ဝေ ဖန်ကြတယ်
Q. ဇာတ်ကားထဲမှာ အဓိက လိုနေရာမျိုးက သရုပ်ဆောင်ရ တယ်။ ပြီးတော့ ဝါရင့်သရုပ်ဆောင် ကြီးတွေနဲ့ အပြိုင်သရုပ်ဆောင်ရ တယ်။ ကိုယ်ရတဲ့ နေရာက ဗန့်လို နေရာမျိုးဖြစ်မှာကို စိုးရိမ်ဖူးလား။
A. ညီမသရုပ်ဆောင်ဝါသနာ ပါတဲ့သူဆိုတော့ ဗန့်တွေဘာတွေဖြစ် မှာကို စိုးရိမ်တာမရှိဘူး။ ညီမရတဲ့ နေရာတစ်ခုမှာ ကာရိုက်တာကို ပီပြင်အောင် သရုပ်ဆောင်မယ်လို့ စိတ်ထဲမှာ ထည့်ထားတာပဲရှိပါ တယ်။ ညီမကိုပေးတဲ့ နေရာက အ ရမ်းကောင်းတယ်။ သူတို့ကိုယုံပါ တယ်။
Q. ဇာတ်တစ်ခုကို လက်ခံတဲ့ အခါမှာ ဘယ်လိုအချက်အလက် တွေကို ကြည့်ပြီးလက်ခံဖြစ်လဲ။
A. ညီမအခုရိုက်ထားတဲ့ဇာတ် ကားရှစ်ကားလုံးက သဝန်တိုတဲ့နေ ရာမျိုးကနေ သရုပ်ဆောင်ရတာ။ အဲဒီလိုနေရာမျိုးကြီးဖြစ်နေတော့ နောက်ထပ်ဘယ်လိုကာရိုက်တာမျိုး ကြီးတွေနဲ့ ကြုံရဦးမယ်ဆိုတာလဲ မသိဘူးပေါ့။
Q. ရုပ်ရှင်ဇာတ်ကားကြီးအနေ နဲ့ လက်ခံထားတာရှိလား။
A. ရှိပါတယ်။ ရုံကြီးကားက တော့ဒီနှစ်အကုန်မှ ရိုက်ဖြစ်မယ်။ ရိုက်ဖြစ်ရင်လည်း သီရိထုတ်လုပ် ရေးကနေပဲရိုက်ဖြစ်မှာပါပဲ။
Q. သွန်းဆက်ရဲ့ ဘဝပန်းတိုင် က ဘာဖြစ်နိုင်မလဲ။
 A. ညီမသွားတဲ့နေရာတစ်ခု မှာ သွန်းဆက်ဆိုပြီး ပရိသတ်တွေ သိဖို့ရယ်၊ ပြီးတော့ ညီမလုပ်နိုင်သ လောက် ပရိသတ်တွေလက်ခံတဲ့ အထိ ညီမကအနုပညာအလုပ်တွေ ကိုလုပ်ချင်ပါတယ်။ သရုပ်ဆောင် အလုပ်ကို ငယ်ငယ်လေးကတည်း က ဝါသနာပါခဲ့တာဆိုတော့ အ ကောင်းဆုံးဖြစ်အောင် ကြိုးစား သွားမယ်လို့ မျှော်မှန်းထားတယ်။
Q. ဝါရင့်သရုပ်ဆောင်တွေ တောင် ကိုယ့်နေရာမပျောက်ဖို့ ကြိုး စားနေသလို အသစ်တွေလည်း ပေါ်လာတော့ ပျောက်ပျယ်သွား မှာ မစိုးရိမ်ဘူးလား။
A. ညီမသိရသလောက်ဆို ရင် ဒီအလုပ်က တော်ရုံတန်ရုံ ဇွဲရှိ ရုံနဲ့တင်မရတဲ့ အလုပ်တစ်ခုပါ။ နေ ရာတစ်ခုကို လိုချင်တယ်ဆိုရင်တော့ စိတ်ရော လူရောအပင်ပန်းခံရမယ်။ ကိုယ့်ကိုပြောတဲ့စကားသံတွေအပေါ် မှာလည်း ကြံ့ကြံ့ခံနိုင်ရမယ်။ အဲဒီလို ကြံ့ကြံ့ခံနိုင်မှပဲ ကိုယ်လိုချင်တဲ့နေ ရာတစ်ခုကို ရောက်မယ်လို့ထင် တယ်။ အနုပညာလောကထဲကို အ သစ်တွေဝင်လာတဲ့ သူတွေ အားလုံး က အနုပညာပိုးတကယ်ပါလို့ဝင်ကြ တဲ့သူတွေချည်းပါပဲ။
Q. သွန်းဆက်အနေနဲ့ အခု အချိန်မှာ သတိထားပြီး ကြိုးစားပြင် ဆင်ဖြစ်တဲ့အရာတွေက
A. အခုအချိန်မှာ ပရိသတ် လက်ခံအောင် ပရိသတ်အမြင်မရိုင်း အောင်လို့ သရုပ်ဆောင်ပိုင်းမှာရော၊ အဝတ်အစားပိုင်းမှာပါ သေသေ ချာချာ ကြိုးစားရမယ်လို့ထင်တယ်။ ညီမက အခုမှတက်သစ်စဆိုတော့ အများကြီး ကြိုးစားဖို့လိုပါသေး တယ်။
Q. အသစ်တွေအတွက် ပေါ် ပျူလာဖြစ်အောင် နာမည်ကြီး အောင် ရိုက်ကြတဲ့ ဇာတ်ကားမျိုး တွေကို ညီမအနေနဲ့ ရိုက်ဖို့အစီအ စဉ်ရှိလား။
A. ညီမ အရင်ဆုံးဇာတ်ကား တစ်ကားရိုက်တော့မယ်ဆိုရင် ဇာတ် ညွှန်းကိုသေချာမေးတယ်။ ဘယ်လို ပုံစံမျိုးလဲ၊ အရမ်းဆိုးဆိုးဝါးဝါးကာ ရိုက်တာမျိုးတွေ့ရင် မရိုက်ဖြစ် သေးဘူး။
Q. သွန်းဆက်ရဲ့ ရင်ခုန်ရမယ့် သူရှိနေပြီလို့ကြားတယ်နော်။
A. ကိုယ်ရင်ခုန်ရမယ့် သူ တော့မရှိသေးပါဘူး။ ဒါပေမဲ့ ဖူးစာ ဆိုတာပြောလို့မရတော့ ရှေ့ဆက် အနာဂတ်ဆိုတာမျိုးကိုတွေးထား တာမျိုးမရှိသေးပါဘူး။
Q. သွန်းဆက်ရင်ခုန်ရတဲ့သူ က အနုပညာလောကထဲကလား၊ အပြင်ကဖြစ်မလား။
A. အပြင်ကပါပဲ။
Q. ရွေးချယ်မယ့်သူကိုရော၊ ဘယ်လိုစံနှုန်းတွေနဲ့ ရွေးချယ်ဖြစ် မလဲ။
A. ညီမက အနုပညာအလုပ် ကိုလုပ်နေတဲ့သူဆိုတော့ ညီမကို အရမ်းနားလည်ပြီး စိတ်သဘော ထားကောင်းတဲ့သူဖြစ်ရမယ်။ အဲဒီ လိုမျိုးနဲ့ရွေးချယ်ဖြစ်မှာပါ။
Q. ဘယ်တော့လောက် မင်္ဂလာပွဲကို ဆင်နွှဲဖို့အစီအစဉ်ရှိလဲ။
A. ဖူးစာဆိုတာပြောလို့မရ ဘူးလေ သူနဲ့ဖူးစာပါချင်မှပါမှာပါ။ ပြီးတော့ ညီမကအသက် ၂ဝ ကျော် ပဲရှိသေးတော့ လက်ထပ်ဖို့ဆိုတာက အရမ်းလည်းဝေးပါသေးတယ်။
Q. 8 DAYS Cover ရိုက်ခွင့် ရတဲ့ သွန်းဆက်ရဲ့ ခံစားချက်နဲ့ ပ ရိသတ်ကို နှုတ်ဆက်ပေးပါဦး။
A. ညီမအနေနဲ့ 8 DAYS Cover ရိုက်ရတာ အမှတ်တရတွေ အများကြီးရှိပါတယ်။ Outdoor ရိုက်ရတာဆိုတော့ ပျော်တယ်။ အမြဲတမ်း Indoor ချည်းပဲရိုက်နေရ တာကြာတော့ အခုလို Outdoor ရိုက်ရတာစိတ်ထဲမှာအရမ်းပျော် ပါတယ်။ ပြီးတော့ မမေမျိုးဆင်ပေး တဲ့အကျÐဒီဇိုင်းတွေကလည်း ညီမနဲ့ အရမ်းလိုက်တော့ အရမ်းကြိုက်ပါ တယ်။ ဒါကြောင့် 8 DAYS အတွက်လည်း နောက်ပိုင်းအမြဲ တမ်းရိုက်ကူးပေးချင်ပါတယ်။ ပရိ သတ်အတွက်လည်း အနုပညာလှုပ် ရှားမှုတွေကို သွန်းဆက် ဆက်ပြီး ကြိုးစားသွားပါ့မယ်။
ထွန်းမြင့်ဇော်

No comments:

Post a Comment