ခြင်္သေ့ကို အင်္ဂလိပ်လို Lion လို့ ခေါ်ပြီး ကျားကိုတော့ Tiger ခေါ်ကြတာအားလုံးသိကြမှာပါ။
ဒါပေမယ့်ဟာဂျူလီကတော့ ခြင်္သေ့လည်းမဟုတ်ကျားလည်းမဟုတ်တဲ့ Liger ပါတဲ့။ မြန်မာလိုတော့ ကျားခြင်္သေ့လို့ ခေါ်ရမှာပေါ့နော်။
အဖေဦးခြင်္သေ့နဲ့  အမေဒေါ်ကျားတို့  တောင်ကယ်ရိုလိုင်းနားကဆာဖာရီတောရိုင်း ဥယျာဉ်မှာမှာဖူးစာ ဆုံပြီးမွေးလာတဲ့
Liger ဟာဂျူလီဟာ သူ့ မိဘတွေ ထက် ၂ဆပိုပြီးအကောင်ကြီး ပါတယ်။၂၀၁၄ ဂင်းနစ်စံချိန်စာအုပ်မှတ်တမ်းမှာ ပေါင် ၉၂၂ ပေါင်ရှိတဲ့ ဟာဂျူလီကိုကမ္ဘာ့အကြီးဆုံး ကြောင် အဖြစ်သတ်မှတ် ထားပါတယ်။၁၃၁လက်မ အလျားရှိပြီး သူ့ အရပ်က ၄၉လက်မမြင့်ပါတယ်။
Liger ဟာဂျူလီကိုရိုက်ကူးထားတဲ့ဗီဒီယိုကိုအောက်မှာတင်ထားပေးပါတယ်။လိုင်းဂါးကြီးကို ဖက်လိုက်ပွေ့ လိုက်၊လိုင်းဂါးကြီးရဲ့ ပါးစပ်ကိုကိုက်လိုက်လုပ်နေတာများ
အသဲတယားယားပါပဲ ပိတ်သတ်ကြီးရယ်။
The Melting Pot 4 U(စုံစီနဖာဟင်းလေးအိုးကြီး)
Source
No comments:
Post a Comment