Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 26, 2013

ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ပြန်ရိုက်နှိပ်ပေးရန် ဆန္ဒလက်မှတ် စကောက်


ရန်ကုန်၊ စက်တင်ဘာ ၂၅

မြန်မာနိုင်ငံတွင် အသုံးပြုလျက်ရှိသော ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ပြန်ရိုက်နှိပ်ပေးရန် တောင်းဆိုမှုအတွက် ဆန္ဒလက်မှတ်များ စတင်ကောက်ခံလျက် ရှိကြောင်း အဆိုပါ လက်မှတ် ကောက်ခံမှုအတွက် တက်ကြွ လှုပ်ရှားသူ Blood Group သွေးကူညီပေးရေး အဖွဲ့မှ ဦးညီညီက The Voice သို့ ပြောကြားသည်။

အဆိုပါ ဆန္ဒလက်မှတ် ကောက်ခံမှုကို စက်တင်ဘာ ၂၀ ရက်နေ့မှ စတင်ပြုလုပ်လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတွင် ကောက်ခံသွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ယင်းကောက်ခံရရှိသည့် ဆန္ဒလက်မှတ်များကို နိုင်ငံတော်သမ္မတနှင့် လွှတ်တော် နှစ်ရပ်ထံသို့ ပေးပို့သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“တိုးတက်တဲ့ နိုင်ငံတွေကို ကြည့်လိုက်မယ်ဆိုရင် ငွေစက္ကူတွေမှာ သူတို့လေးစားတဲ့ နိုင်ငံခေါင်းဆောင်တွေရဲ့ ပုံတွေကို ရိုက်နှိပ် အသုံးပြုတာ တွေ့ရတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တစ်ချိန်က မြန်မာမှာရော ကမ္ဘာမှာပါ အများလေးစားရတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် သူ့ပုံကို ငွေစက္ကူမှာ ရိုက်နှိပ် အသုံးပြုသင့်တယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ရိုက်နှိပ်ထုတ်ဝေရေးနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးရန် ယခုလ ၁၂ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က အဆိုတင်သွင်းခဲ့ပြီး အဆိုကို ဆွေးနွေးရန်သင့်၊ မသင့် မဲခွဲ ဆုံးဖြတ်ရာ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ် ၁၂၃ ဦး အနက် ၁၂၁ ဦးက ကန့်ကွက်ခဲ့သဖြင့် ၎င်းအဆို ရှုံးနိမ့်ခဲ့သည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက် ၁၉၉၄ ခုနှစ်မှ စတင်ကာ ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ရိုက်နှိပ်အသုံးပြုမှု ရပ်ဆိုင်းခဲ့ပြီး ခြင်္သေ့ပုံ၊ စောင်းကောက်ပုံ၊ ဆင်ပုံနှင့် မန္တလေး နန်းမြို့ရိုးပုံ အစရှိသဖြင့် ယနေ့ထိတိုင် ရိုက်နှိပ်အသုံးပြုလျက် ရှိသည်။

No comments:

Post a Comment