Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 12, 2013

ကားသင်္ဘော


The Melting Pot 4 U (စုံစီနဖာဟင်းလေးအိုးကြီး)
ပူအိုက်တဲ့နွေရာသီမှာအမိုးဖွင့်ကားလေးပေါ်ရည်းစားလေးကိုတင်ပြီးလျှောက်လို့ လည်။
မောလာတော့  ကားကိုကမ်းခြေဖက်မောင်းပြီး ရေထဲမှာဆက်မောင်းသွား။ ဘယ်လောက်ပျော်ဖို့ ကောင်းလိုက်မလဲနော်။
Pantherဆိုတဲ့ကားကိုပိုင်ရင်တော့ ဒီစိတ်ကူးယဉ်အိပ်မက်ကပြည့်စုံသွားမှာပါ။
အသစ်တီထွင်လိုက်တဲ့ဒီယာဉ်က ရေကြောင်းရောကုန်းကြောင်းပါ မောင်းလို့ ရလို့  ကားသင်္ဘောလို့ ခေါ်ရမယ်ထင်ပါတယ်။
ဒီကားသင်္ဘောက ဂျစ်ကားနဲ့ ပုံစံတူပြီး  ကုန်းပေါ်မှာတနာရီ မိုင်၈၀ ရေမှာမိုင်၄၄မိုင်မောင်းနှင်နိုင်ပါတယ်။ ဟွန်ဒါ V6 အင်ဂျင်တပ်ဆင်ထားပါတယ်။ဒီသင်္ဘောကားကို The Panther လို့ နာမည်ပေးထားပါတယ်။ Panther ဆိုတာကျားသစ်တမျိုးရဲ့ နာမည်ဖြစ်ပြီး ရေအိုင်တွေ မှာရေကူးရတာနှစ်သက် တဲ့သတ္တ၀ါဖြစ်ပါ တယ်။ ဒါကြောင့်ထွင်ထားတဲ့  သင်္ဘောကား  နဲ့  Panther ဆိုတဲ့နာမည်ကလိုက်ဖက်တဲ့နာမည်ပေးမှုပါပဲ။
ဒီကားမျိုးဝယ်စီးချင်ရင် တစီးဒေါ်လာ တစ်သိန်းသုံးသောင်းငါးထောင်နဲ့ ဝယ်ယူနိုင်ပါကြောင်း။ စိတ်ဝင်စားသူများ  ဒီ (WaterCars ) လင့်ကိုကလစ်ပြီးသွားရောက်ကြည့်ရှုနိုင်ကြပါတယ်။
The Melting Pot 4 U (စုံစီနဖာဟင်းလေးအိုးကြီး)

[Source]

No comments:

Post a Comment