Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 13, 2013

တစ်ယောက်နဲ့ တစ်ယောက် ကြိုက်တဲ့ အမြင်ချင်း မတူဘူးလို့ ဆိုတဲ့ စံရတီမိုးမြင့်

တစ်ယောက်နဲ့ တစ်ယောက် ကြိုက်တဲ့ အမြင်ချင်း မတူဘူးလို့ ဆိုတဲ့ စံရတီမိုးမြင့်လူသန်းပေါင်း ခြောက်ဆယ်ထဲ မှာ အောင်မြင် ကျော်ကြားတဲ့သူ တစ်ယောက်ဖြစ်ဖို့  ဆိုတာက တ ကယ် ကို မလွယ်လှတဲ့ ကိစ္စရပ်ပါ။ အောင်မြင် ကျော်ကြား သူတွေမှာ ဘယ်လိုကိုယ်ရည် ကိုယ်သွေးတွေ ပိုင်ဆိုင် ထားလဲ၊ သူတို့က ဘယ်လို အကြောင်း အရာတွေပေါ်မှာ အသေးစိတ် အာရုံစိုက် ပြင်ဆင်ထား လဲဆိုတာ စိတ်ဝင်စား စရာပါပဲ။
ကိုယ့်ကိုယ်ကိုယ် ဘာကြောင့် အောင်မြင် လာတယ်လို့ ထင်လဲ
ကိုယ့်ကိုယ်ကိုယ် ဘာကြောင့် အောင်မြင်လာတယ် ထင်လဲဆိုရင် အဓိက ပရိသတ်တွေ အားပေးလို့ပါ။ ပရိသတ် အားပေးလို့ အနုပညာရှင် ဆိုတာဖြစ် လာတာပါ။
ကိုယ့်ကို ပရိသတ်တွေ ဘာကြာင့်ကြိုက်
တချို့က ဒီကြော်ငြာပိုင်းမှာ ကတည်းက ကြိုက်လာကြတယ်။ တ ချို့က သရုပ်ဆောင် လုပ်တော့မှ ကြိုက်လာကြတယ်။ တစ်ယောက် နဲ့တစ်ယောက် အမြင်ချင်းတော့မ တူဘူး။ တချို့က ချစ်စရာကောင်း လို့ကြိုက်တယ်။ တချို့က သရုပ် ဆောင်ကောင်းလို့ ကြိုက်တယ်။ တစ်ယောက်နဲ့ တစ်ယောက် ကြိုက်တဲ့ အမြင်ချင်း မတူတဲ့ အတွက် တစ် သက်မတ်တည်း ပြောလို့ မရပါဘူး။
ဒိုင်ယာလော့ခ် ချပေးရင် လွယ်လွယ်နဲ့ ရတတ်သူလား
ဒိုင်ယာလော့ခ် ချပေးရင် ညီမ လွယ်လွယ်လေး ရပါတယ်။ ခက်ခက် ခဲခဲကြီးနှစ်ခေါက်ထက် ပိုပြီးတော့ ပြန်နား မထောင်ရဘူး။ ဒါရိုက်တာ ပြောလို့ ရှိရင်လေ။ အဲဒီအတွက် တော့ ကံကောင်း ပါတယ်။
ခန္ဓာကိုယ်မှာ အလှဆုံးထင်တဲ့ အပိုင်း
ကိုယ့်ကိုယ်ကိုယ်တော့ သေ ချာမသိ ဘူးလေ။ သူများကြည့်ရင် တော့ ပိုသိမှာပါ။ ဒီမျက်နှာမှာဆို ရင်လည်း တော်တော်များများ စိတ် တိုင်းကျပါတယ်။ ဒါက ဘုရားပေး တဲ့ ဒီကိုယ်ခန္ဓာ၊ ဒီမျက်နှာကိုရထား ပြီးပြီဆိုတော့ ကိုယ်နဲ့ထိုက်လို့ကိုယ် ရတာပဲ။ ဘာမှ ကြိုက်တယ်၊ မ ကြိုက်ဘူးပြောစရာမလိုဘူးလို့ထင် ပါတယ်။
တစ်ယောက်တည်းနေရင် ဘာလုပ်တတ်လဲ
အိမ်မှာဆိုရင်တော့ ရုပ်ရှင် ကြည့်တယ်။ သီချင်းနားထောင် တယ်။ စာအုပ် ဖတ်တယ်။ အင်တာ နက်သုံးတယ်။ ညီမမှာ လျှို့ဝှက် တတ်တဲ့အမူအကျင့်တော့ မရှိပါ ဘူး။ ဒါပေမဲ့ ငယ်ငယ်ကတည်းက လက်သည်းကိုက်တတ်တယ်။
ရှုတင်မိတ်ကပ် လိမ်းရတာ ကြိုက်လား
ရှုတင် မိတ်ကပ်ကတော့ လိမ်း ရတာပဲလေ။ ကာရိုက်တာ အလိုက် မိတ်ကပ် လိမ်းရတဲ့ ဟာက လိမ်းရ တယ်။ မလိမ်းရတဲ့ ကာရိုက်တာဆို လည်း မလိမ်းရဘူး။ ကြိုက်လား မကြိုက်ဘူးလား ဆိုတာမျိုး မရှိပါဘူး။ အိမ်မှာနေလို့ ပေါ့ပေါ့းပါးပါး ဆိုရင် မလိမ်းဘူး။ မလိမ်းရတာတော့ ကိုယ့် မျက်နှာအတွက် ပိုပြီးတော့ ကောင်း တယ်။ ကိုယ်လည်း နေရတာပိုပြီး သက်သက်သာသာ ရှိတယ်။ မိတ် ကပ်လိမ်းထားတော့ မျက်နှာပူနေ တာတို့ မျက်နှာက ဟိုဟာလည်း အ ထိမခံနိုင်၊ ဒီဟာလည်း အထိမခံနိုင် ဖြစ်တော့ နည်းနည်းတော့ ဒုက္ခ ရောက်တယ်။ ရှုတင်တို့ ကားရိုက်တို့ မဟုတ်ဘဲ သူငယ်ချင်းတွေနဲ့ အပြင် သွားရင်တော့ မိတ်ကပ် မလိမ်းပါဘူး။
မိုးထက်ကျော်

No comments:

Post a Comment