Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 27, 2013

ညောင်ဦးကယ်ဆယ်ရေးစခန်းမှာထမင်းဟင်းချက်ပြုတ်ထမင်းထုပ်တွေဝေငှခဲ့တဲ့ အလှမယ်

အလှမယ်ဆိုတာဘယ်လဲ။အလှစစ်ဆိုတာဘာလဲ။တကယ်တော့လူမူဘ၀ထဲမှာအလှစစ် နဲ့ အလှမယ် အစစ်ကတော့စိတ်ထားလှမူနဲ့ အဲ့ဒီလှသောစိတ်ထားနဲ့ လူမူပရဟိတ(အများကျိုး)သယ်ပိုးရွက်ဆောင်
မူပြုသူသာ။ခုတော့ပေါ်ပြူလာကအလှစစ်နဲ့ အလှမယ်ကိုဂုဏ်ပြုလိုတဲ့အတွက်ဒီကနေ့ Gonyi Aye Kyaw ဖေ့ဘုတ်ကပရဟိတမြင်ကွင်းဓါတ်ပုံတွေနဲ့ အတူသူ့ ရဲ့ ပရဟိတဆောင်ရွက်မူ ကိုမေမြန်းဖေါ်ပြ ဂုဏ်ပြုလိုက်ပါရစေ..။

Miss Myanmar International 2013ဂုဏ်ရည်အေးကျော်ဟာဗီယမ်နမ်က ၁၅ရက်နေ့ ပြန် ရောက်ပြီး ၁၆ရက်နေ့မှာ ပုဂံညောင်ဦးကို သွား ရောက်ခဲ့ပြီး ပညာရေးအတွက် လို အပ်တဲ့ နေရာတွေ မှာ ကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့သလို၊ ရေဘေးကယ်ဆယ်ရေးစခန်းတွေကိုလည်း သွားရောက်လှူဒါန်းခဲ့တယ်
လို့ သိရတဲ့အတွက်ရေဘေး ကယ်ဆယ်ရေးလှူဒါန်းဖြစ်ကြောင်းကိုမေးမြန်းခဲ့ရာ... “ ပုဂံက မပြည့်စုံကလေး သူငယ်တွေရဲ့ ပညာရေးတွေကို ထောက်ပံ့ပေးတာပါ။ ဘုန်းတော်ကြီး ပညာရေးကျောင်း တွေပါ။ ပုဂံရဲ့ မြို့ရွာ၊ အစွန်အဖျား အထိ ဂုဏ်ရည်တို့ သွားပြီး စာအုပ်၊ ဘောပင်၊ ခဲတံ၊ ခဲဖျက်၊ ခဲချွန်စက်
တွေ၊  တချို့ကျောင်းတွေက အိမ်သာ ဆောက်ဖို့ မတတ်နိုင်တာတွေက အစ လှူခဲ့တယ်။ ပုဂံမှာ ၃ညအိပ်၊ ၄ရက်ခရီးပေါ့။
၂ရက်က ကျောင်း ၇ ကျောင်းသွားတယ်နောက်၁ရက် ကနဂါးကျစ် ဘိုးဘွားရိပ်သာကို သွားခဲ့တယ်။ စုစုပေါင်းဘိုးဘွား ပေါင်း ၅၀ ၀န်းကျင်လောက်ရှိတယ်။ ဘိုးဘွားတွေအတွက် လိုအပ်တဲ့ဆေးဝါးတွေ၊ အဟာရတွေကို ထောက်ပံ့ပေးခဲ့တယ်။ အသက်ကြီး လာတဲ့အခါသူတို့က စကားပြောဖော်၊ စိတ်ဓါတ်ခွန်အားတွေလို ချင်တာ၊ သူတို့နဲ့ အားပေးစကားတွေ ပြောခဲ့တယ်။ အခုပုဂံမှာ မိုးတွေ
တအားသည်းတော့ ဧရာဝတီမြစ် ရေတက်လာတော့ ရွာတွေ ရေမြှုပ် ကုန်ပြီ။ ညောင်ဦးဘက်မှာ ကယ် ဆယ်ရေးစခန်းဖွင့်ထားရတယ်။ အဲဒီကိုလည်း သွားပြီး ထမင်းတွေ ချက်ပြုတ်ပြီး ထမင်းထုပ်တွေ ဝေတယ်။ အလှူငွေတွေ လှူခဲ့တယ်၊”လို့ ပြောပြ ပါတယ်။
-မေမွန်မောင်








No comments:

Post a Comment