Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 17, 2013

စိတ်မထိန်းနိုင်ဘဲ ဒေါသအလျောက် ဇနီးဖြစ်သူကို လှံနှင့်ထိုး



နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့တွင် လင်မယားချင်း စကား များရာမှ အသက်(၈၆ နှစ်)အရွယ်ရှိ လင်ယောက်ျားက ဒေါသ အလျောက် လှံရိုးနှင့်ရိုက်၊ လှံနှင့်ထိုး သောကြောင့် ဇနီးဖြစ်သူ သေဆုံးသွား သည့်ဖြစ်ရပ် စက်တင်ဘာ ၁၆ ရက် နံနက်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီက ရဲအုပ်ဇော်ဇော်ဦး ပျဉ်းမနားမြို့မရဲစခန်းတွင် တာဝန်မှူး ထမ်းဆောင်နေစဉ် အမျိုးသမီးတစ်ဦး ဒဏ်ရာများရရှိပြီး ပျဉ်းမနား ခုတင် ၂၀၀ ဆေးရုံသို့ ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ကြည့်ရှုစစ် ဆေးရာ ဒဏ်ရာရရှိထားသူမှာ ဒေါ်ယဉ်မြ (၅၈ နှစ်) ပန်းခင်း(၂) ရွာကောက်ရပ်ကွက်နေသူ ဖြစ်ကြောင်း သိရပြီး ၎င်းသည်မျက်နှာ၊ လည်ပင်း နှင့် လက်တို့တွင် ဒဏ်ရာရရှိထား သည်ကိုတွေ့ရပြီး မေးမြန်းရာ နေအိမ် တွင် ၎င်း၏ခင်ပွန်းဖြစ်သူ ဦးကိုလေး (၈၆ နှစ်)ခန့်နှင့် စကားများရန်ဖြစ်ခဲ့ပြီး ၎င်းနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ဦးကိုလေးက လှံရိုးနှင့်ရိုက်နှက်ကာ လှံနှင့်ထိုးကြောင်း ပြောပြသဖြင့် ဒေါ်ယဉ်မြကို ရိုက်နှက်၍ လှံနှင့်ထိုး သူ ဦးကိုလေးအား အရေးယူပေးပါရန် ရဲအုပ်ဇော်ဇော်ဦးက တိုင်တန်းသဖြင့် ပျဉ်းမနားမြို့မရဲစခန်းက အမှုဖွင့် အရေးယူ စစ်ဆေးနေစဉ် ဒဏ်ရာရရှိ ထားသူ ဒေါ်ယဉ်မြမှာ စက်တင်ဘာ ၁၆ ရက် နံနက် ၂ နာရီတွင် ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားသဖြင့် ဦးကိုလေးကို ဖမ်းဆီးထားပြီး အမြန်ဆုံးတရားစွဲဆိုတင်ပို့ရန် စီစဉ်နေကြောင်း သိရသည်။

မင်းမင်းလတ်(မန်းတက္ကသိုလ်)

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment