Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 15, 2013

ပုဂံရာဇဝင် (၂)

15 September 2013 at 11:22



ကွန်းဆော်ကြောင်ဖြူမင်း တွင် အနော်ရထာ၊ အဖေတူအမေကွဲများ ဖြစ်ကြသော  ကျဉ်စိုးနှင့် စုက္ကတေး ဟူသော သားများရှိ၏။ ကျဉ်စိုးနှင့် စုက္ကတေး သားနှစ်ယောက်က ကွန်းဆော်ကြောင်ဖြူမင်းကို လာဘ်စားမူ့အကြောင်းပြပြီး နေအိမ်အကျယ်ချူပ် ချထားလိုက်၏။ နိုင်ငံတော် ချောက်ထဲမှမကျမှီ ၂ မီလီမီတာ အလိုတွင် အချိန်မှီကယ်တင်နိုင်ခဲ့ပြီး ကျဉ်စိုးမှ တိုင်းပြည်ကို အုပ်ချူပ်လေ၏။

နောင်ခြောက်နှစ်အကြာတွင် ဂေါက်နေသည် ဟူသော အကြောင်းပြချက်ဖြင့် နောင်တော် ကျဉ်စိုးကို စုက္ကတေးမင်းမှ သမလိုက်ပြီး မင်းတက်လုပ်လေ၏။ ထို့နောက် ခမည်းတော်၏ မိဘုရားဖြစ်ခဲ့ဖူးသူ အနော်ရထာ၏ မယ်တော်ကို သိမ်းပိုက်လိုသဖြင့် သူ၏ Facebook Status တွင် “ ညီသားနောင်မယ်” ဟု ရေးကာ အနော်ရထာကို tag လုပ်လိုက်၏။

အနော်ရထာလဲ သူ၏ ဖုန်းမှ နိုတီကို မြင်မြင်ချင်း တင်းသွားပြီး “သောက်ပြောတွေ သောက်ကြောတွေကြောင့် မခံမရပ်နိုင် ဖြစ်နေတာကြာ” ဟူသော ဂျောက်ဂျက် သီချင်းဆိုကာ ပုဂံမှ ထွက်ပြေး၍ ပုပ္ပါးဟိုတယ်တွင် သွားနှပ်နေလေ၏။

ပုပ္ပါးဟော်တယ်ပေါ်မှ စီမံခန့်ခွဲကာ လူသူလက်နက် စုဆောင်းခဲ့ပြီး ပုဂံကို စစ်ကြေငြာလေ၏။ နြူကလီးယားလက်နက်များ အသုံးပြုပါက နှစ်ဖက်ပြည်သူများ သေကြေကြမည်ကို စိုးရိမ်သဖြင့် နှစ်ဦးတည်း သေနတ်ခြင်း ပစ်ကာ ယဉ်ပြိုင်လေ၏။ ထိုပွဲတွင် အနော်ရထာ အနိုင်ရသဖြင့် ပုဂံတွင် မင်းဖြစ်လာ၏။

အနော်ရထာမင်းလက်ထက်တွင် ထူးခြားသော ပို့စ်တစ်ခု လူအများရှယ် နေသည်ကို မြင်မိ၍ ပရောဟိတ် ဗေဒင်ဆရာ ဟူးရားညီနောင်ကို မေးလေ၏။ ဟူးရားညီနောင်ကလဲ မင်းလောင်း ပေါ်ပေါက်မည်ဟု ဟောကြားလေ၏။ အနော်ရထာမင်းလဲ ဓါတုလက်နက်များသုံး၍ ထိုဒေသသို့ ဝေဟင်မှ ဗျင်းစေ၏။

နောင်နှစ်အတန်ကြာ ထပ်မံမေးပြန်၏။ ဟူးရားတို့ကလဲ ယခုအခါ မင်းဖြစ်မည့်သူမှာ ရဟန်းဝတ်လျက်ရှိသည်ဟု ဖြေကြား၏။ ထိုသူကား ကျန်စစ်သားဖြစ်၏။ ဟူးရားတို့က ထိုသူသည် ဘုရင်ကို ဆေးထိုးမည့်သူ မဟုတ်ကြောင်းလျောက်မှ အပါးတော်ခေါ်၍ ကက(ကြည်း) ရာထူးကိုပေး၏။

အနော်ရထာမင်းလက်ထက်တွင် ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး သူရဲကောင်း လေးဦးတို့က (ကြည်း)၊ (ရေ)၊ (လေ)၊ (ဖေ့ဘုတ်) ဟူ၍ ဌာနလေးခုကို ဦးစီးလေ၏။
အခါတပါးသော် အားလျှင်ဂျွမ်းထိုးနေတတ်သော ဂျွမ်းစစ်သည်များ ဟံသာဝတီ(ပဲခူး) ကို လာရောက်တိုက်ခိုက်ရာ သူရဲကောင်းလေးဦးမှ သွားရောက်ကူညီ တိုက်ထုတ်ပေးလေ၏။ ပဲခူးဘုရင်မှ ကျေးဇူးဆပ်သည့်အနေဖြင့် မင်းသမီး မဏိစန္ဒာကို ဆက်သလေ၏။

 မဏိစန္ဒာကို ခေါ်ဆောင်လာသော ကျန်စစ်သားမှ လမ်းတွင် ကြူကြူဇယားဆွဲ၍ ဘွတ်စမံကျွေးလေ၏။ အနော်ရထာသည်  မဏိစန္ဒာ၏ ပုံစံကိုကြည့်ကာ ဒတ်သွားပြီး ဂျင်းထည့်ခံလိုက်ရသည်ကို ရိပ်မိ၍ ကျန်စစ်သားကို လက်ထိပ်ခတ်ပြီး ရေကြည်အိုင်သို့ ပို့စေ၏။ ရေကြည်အိုင်တွင် သူကိုယ်တိုင် သွားရောက်၍ ပစ္စတိုဖြင့်ပစ်ရာ လက်ထိပ်ကိုမှန်ပြီး ကျန်စစ်သား လွတ်သွားလေ၏။

ကျန်စစ်သားလဲ လွတ်လွတ်ခြင်း ရဟတ်ယာဉ်ကို ခိုးယူမောင်းနှင်သွားပြီး မန္တလေးတောင်ပေါ် အရောက်တွင် လေထီးဖြင့် ခုန်ချထွက်ပြေးလေ၏။ ရဟတ်ယာဉ်လဲ တောင်နံရံနှင့်တိုက်ပြီး ပျက်ကျလေ၏။ နောင်အခါတွင် ဟော်လီးဝုဒ်ကားများသည် ဤအဖြစ်အပျက်ပုံစံကို ခိုးချရိုက်ကူးကြကုန်၏။  ကျန်စစ်သားမင်း ခုန်ချခဲ့သောခြေရာကို ယနေ့တိုင် မန္တလေးတောင်တွင် တွေ့မြင်နိုင်၏။(ဤကား စကားချပ်)

ကျန်စစ်သားသည် အနော်ရထာ၏ လက်မှထွက်ပြေးပြီး နိုဗိုတယ်ဟော်တယ်တွင် နှပ်နေလေရာ Reception မှ သမ္ဗူလနှင့် ညပ်ပြန်လေ၏။ သမ္ဗူလနားကားသွားပြီး ဖုသွားသောကြောင့် သားတော် ရာဇကုမ္မာရ်ကို မွေးဖွားခဲ့၏။ နောင်သော် ရာဇကုမ္မာရ်ကျောက်စာ ဟူသော Note တစ်ပုဒ်ရေးသားခဲ့ပြီး ယနေ့တိုင် လူအများ Share လျှက်ရှိကြ၏။

အခါတစ်ပါးသော် အနော်ရထာသည် နားကျပ်မတပ်ဘဲ ဖုန်းစပီကာကိုဖွင့်ပြီး “ကျွဲမ” သီးချင်းကို ဖွင့်လေ၏။ ဘေးနားကကျွဲမတစ်ကောင် ကြားလေသော် မျက်စိထဲ crossing ဖြစ်လာ၍ သမလိုက်ရာ ဘုရင်လဲ စန့်သွားလေ၏။

အနော်ရထာလွန်လေသော် သားတော် စောလူးမင်းနန်းတက်၏။ စောလူးမင်းအား သူ၏ဘော်ဒါဘော်ကျွတ် တစ်ယောက်ဖြစ်သူ ငရန်မန်ကန်း ကပုန်ကန်ခြားနားပြီး ဖမ်းဆီးသွားလေ၏။ ကျန်စစ်သားက သွားရောက်ကယ်တင်ရာ အော်ဟစ်နေသဖြင့် ကျွတ်ကျဲသွားပြီး ပြစ်ချခဲ့လေ၏။ စောလူးမင်းလဲ ငရန်မန်ကန်း လက်ချက်ဖြင့် ဂိပြန်၏။

ဤသို့ဖြင့် ငရန်မန်ကန်းကို ကျန်စစ်သားက ရှော့လိုက်ပြီး ပုဂံမင်းဖြစ်လာ၏။ ကျန်စစ်သားမင်းသည် နန်းသက် (၂၈)နှစ်ကြာ အုပ်ချူပ်ခဲ့ပြီးနောက် သားတော် အလောင်းစည်သူနန်းတက်၏။
ဦးဦး


No comments:

Post a Comment