(အယ်ဒီတာတစ်ဦး)
မက္ကဆီကို နိုင်ငံအတွင်း ‘မူးယစ်စစ်ပွဲ’ ကို မူးယစ်ဆေး ရောင်းချသည့် ဂိုဏ်းသားအချင်းချင်း ဆင်နွှဲနေခဲ့သည်မှာ ကြာခဲ့ပြီ။ တိုက်ပွဲများကြားတွင် လူပေါင်း ၁၀,၀၀၀ ခန့် သေဆုံးခဲ့ရပြီး ၁၀၀,၀၀၀ ခန့် မိမိတို့ အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်။
မက္ကဆီကိုနိုင်ငံတွင် ၂၀၁၁ ခုနှစ်အတွင်း ရာဇဝတ်မှုပေါင်း ၂၀၈၆ မှုဖြစ်ခဲ့ပြီး၊ ၂၀၁၂ ခုနှစ်တွင် ၇၅၁ မှုသာ ဖြစ်ခဲ့သဖြင့် ရာဇဝတ်မှု ဖြစ်ပွားမှုများ လျော့ကျသွားသည်ဟု ဆိုရမည်။ ကမ္ဘာပေါ်တွင် လူသတ်မှု အများဆုံး မြို့တစ်မြို့အဖြစ် စံချိန်တင်ထားခြင်းက ပယ်ဖျက်ရတော့ မည်ထင်သည်။
စီးပွားရေးကျဆင်းခြင်းနှင့်
မက္ကဆီကိုမြို့တော်အတွင်း ခုတစ်လော ခွေးတွေပြန်ပြီး သောင်းကျန်း လာသည်။ သို့သော် လူတွေက အခြေအနေ မကောင်းမှန်း ခွေးတွေကြည့်ပြီး သိနိုင်သည်။ ယိုင်နဲ့နဲ့ ခြေလှမ်းများဖြင့် ဆာလောင် မွတ်သိပ်နေသော ခွေးများ၏ အနေအထားသည် လက်ရှိပကတိတရားကို ဖော်ပြနေသလို ရှိသည်။
၂၀၀၂ ခုနှစ်လောက်ကတည်းက မြောက်ပိုင်းရှိ ရီဘီရာ့စ်ဒယ်ဘရာဗိုတွင် ဆောက်လုပ်ရေး လုပ်ငန်းများ ပြီးဆုံးသွားခဲ့သည်။ မက္ကဆီကို တောင်ပိုင်းရှိ ရွှေ့ပြောင်း နေထိုင်သူများ အိုးအိမ်တွေနှင့် ဖြစ်ကုန်သည်။ လူ့အခွင့်အရေး လှုပ်ရှားသူ ဂတ်စ်တာဗိုဒီလာရိုဆာက သူတို့ကို ‘တစ်ခါသုံး’ များဟူ၍ လည်းကောင်း ‘သေမထူးနေမထူး’ များဟု လည်းကောင်း ခေါ်ဝေါ်သုံးစွဲခဲ့သည်။ ထိုနေရာတွင် နေထိုင်သူများ အလွန်ဆင်းရဲကြသည်။ ထို့ပြင် မြို့တစ်မြို့လုံးရှိ အမှိုက်များကို ဤနေရာတွင် လာပုံကြ သည်။ တစ်နည်းအားဖြင့် ပြောရလျှင် အမှိုက်ရှိရာ အမှိုက်တွေ လာစုထားသည့် သဘောဖြစ်သည်။
အကြမ်းဖက်မှုတွေနှင့် ဖြစ်ချင်တိုင်း ဖြစ်နေသည့် မြို့တော်၏ လူသေနှင့် ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကိုလည်း ဤနေရာတွင် လာရောက် စွန့်ပစ်ထားတတ်ကြသေးသည်။ သို့ဖြစ်ရာ ဤနေရာတွင် တစ်မြို့လုံးရှိ ငတ်မွတ်ဆာလောင်နေသော ခွေးတို့လာရောက်စုဝေး နေကြသည်မှာလည်း အဆန်းတော့ မဟုတ်ဟုဆိုရမည်။
၂၀၁၀ ပြည့်နှစ်က ဤနေရာသို့ ခွေးနှိမ်နင်းရေးတပ်ဖွဲ့ ငါးဖွဲ့ရောက်လာသည်။ ထိုသူများက ခွေးဖမ်း ကိရိယာများကို ထုတ်ကိုင်လာပြီး ကောင်းဘွိုင်များကဲ့သို့ ခွေးဖမ်းထွက်လာခြင်း ဖြစ်သည်။ လမ်းပေါ်တွင် တွေ့သမျှ ခွေးတွေကို ကြိုးကွင်းစွတ်ပြီး ဖမ်းဆီးမှုများကို ဆောင်ရွက်ကြသည်။ တစ်ရက်လျှင် ဘရာဗိုမြို့ရှိ လမ်းများပေါ်က ခွေးကောင်ရေ ၁၃၀ ခန့်ကို ဖမ်းဆီးပေးနိုင်ခဲ့သည်ဟု ဒေါက်တာယွမ်ဂျိုဆေ မာတီနာ့ဇ်က ဆိုသည်။
ထိုခွေးများသည် တစ်ချိန်က လူတွေနှင့် ရင်းနှီးစွာ နေထိုင်ခဲ့ကြရသည်။ ယခုတော့ လူတွေ့စွန့်ပစ်သွားသည့် အိမ်များနှင့် လမ်းပေါ်ရောက်နေသည့် ခွေးများဘဝသည် စိတ်ပျက်ဖွယ် ကောင်းလှသည်။ ယခုပြန်လည် တည်ဆောက်ပေးထားသည့် နယူးဂျော်ရဇ်နှင့် ရီဘီရာ့စ် ဒယ်လ်ဘရာဗိုရှိ အိုးအိမ်သစ်များကလည်း သေးငယ်လွန်းလှသဖြင့် ဆိုဖာများကိုပင် အိမ်တွင်းသို့ မသွင်းနိုင်ပေ။ အိပ်ခန်းကလည်း ကုတင်နှစ်လုံးစာသာ ကျယ်သည်။ ထိုအိမ်ထဲတွင် မိသားစုတစ်စု ပြုံတိုးနေရသဖြင့် ခွေးတို့အတွက်လည်း လမ်းမများပေါ်ကလွဲပြီး အခြားနေရာမရှိ။
ထိုရပ်ကွက်များတွင် နေထိုင်ကြသော တိရစ္ဆာန် ချစ်သူများနှင့် အိမ်မွေးတိရစ္ဆာန် မွေးမြူနေကြသူတွေကလည်း တစ်လလျှင် ၁၀ ဒေါ်လာမျှပင် မရှိသော စက်ရုံကရသည့် ဝင်ငွေလေးတွေနှင့် ရပ်တည်နေကြရသူတွေ ဖြစ်သည်။ သို့သော် အကြမ်းဖက် တိုက်ခိုက်မှုတွေက သူတို့အိမ်တံခါးဝကို ရောက်လာတတ်သေးသည်။ တစ်နည်းအားဖြင့် ထိုအရပ်များသည် အစိုးရကလည်း ပစ်ပယ်ထားသည့် ဒေသများ ဖြစ်နေသည်။
မကြာသေးမီကမှ ရွေးကောက် တင်မြှောက်ခြင်း ခံထားရသည့် မြို့တော်ဝန်သစ် ဂျီးဆပ်အယ်လ်ဖရေဒို ဒယ်လ်ဂါဒိုကလည်း ယခုလိုအခြေအနေ ဖြစ်နေခြင်းက ပိုပြီးထိန်းသိမ်းရန် ခက်ကြောင်း ပြောကြားခဲ့သည်။ တစ်ခုတည်းရှိသော ကျောင်းတွင်တက်ရန် စာရင်းသွင်းထားသူပေါင်း ထောင်ချီပြီး ရှိနေသည်။ ကျောင်းတက်ခွင့် မရသည့် ကလေးများ၏ မိခင်များကလည်း ဆန္ဒတွေ ပြနေကြသည်။ ကလေးတွေ အိမ်တွင်သာ နေထိုင်ကြရသည်။ မြို့တော်တွင် ဆယ်စုတစ်စုအတွင်း လူအသေအပျောက်တွေကလည်း များလာသည်။ သေဆုံးသူများတွင် အသက် ၃၀ နှစ်အောက် သေနှုန်းက ထက်ဝက်လောက် လိုက်သည်။
ခွေးတွေက အခြေအနေ အရပ်ရပ်ကို သိသည်။ ရာဇဝတ်မှု ဖြစ်ပွားသည့် နေရာသို့ ပထမဦးဆုံးရောက် လာသူများမှာ ခွေးများ ဖြစ်သည်။ သူတို့က သွေးတွေကို အနံ့ခံပြီး ကုပ်ချောင်းချောင်းနှင့် ပတ်လည်တွင် အခြေအနေကို ကြည့်နေကြသည်။ အလောင်းတွေကို ကားများဖြင့် သယ်သွားသည့် လမ်းတစ်လျှောက် သူတို့ ထိုင်စောင့်နေတတ်ကြသည်။
စွန့်ပစ်ထားသော မြို့တော်
နယူးဂျော်ရာ့ဇ် မြို့တော်၏ လူဦးရေ လေးပုံတစ်ပုံခန့်သည် မြို့တော်ကို စွန့်ခွာသွားခဲ့ကြသည်။ အိမ်များတွင် လူခြေတိတ်ဆိတ်ပြီး ညဆိုလျှင် ထိတ်လန့်ဖွယ်ရာ ဖြစ်သည်။ လူတွေစွန့်ပစ်သွားသော ခွေးများက ခြောက်လတိုင်းတွင် ကောင်ရေ တိုးပွားပြီးရင်း တိုးပွားနေတော့သည်။ နောက်ဆုံး ခွေးကောင်ရေ တိုးပွားလာခြင်းက မြို့တော်ကို ခြိမ်းခြောက်လာသည့် အနေအထားသို့ ရောက်လာသည်။
လူတွေ မြို့က ထွက်ခွာသွားခဲ့ရသည့် အခြားအကြောင်းအချက်များလည်း
လအနည်းငယ် အကြာတွင် ကယ်ဆယ်ရေးတပ်ဖွဲ့တွေ ရောက်လာသည်။ သူတို့က မြို့အတွင်းရှိ လူနေမဲ့အိမ်များအတွင်း ရောက်နေသော ခွေးများကို လာရောက် ကယ်တင်ကြသည်။ သူတို့က ခွေးတွေကို အစာရေစာတွေ လာရောက်ချပေးကြသည်။ သို့သော် သူတို့က ကျွေးပြီး ပြန်သွားကြခြင်း ဖြစ်သည်။ အစာရေစာ ပြတ်လတ်နေသော အရိုးပေါ်အရေတင် ခွေးပေါင်းများစွာကို သူတို့မည်မျှ ကယ်တင်နိုင်ကြမည်နည်း။ သေသည့် ခွေးကို ကျန်သည့်ခွေးတွေက စားသောက်နေကြသည်ကိုလည်း သူတို့တွေ့သွားကြသည်။
လူတွေက စားစရာမရှိသဖြင့် ခွေးတွေကိုလည်း စောင့်ရှောက်နိုင်စွမ်း နည်းလာသည်။ ခွေးပေါင်းများစွာ ဤနေရာတွင် ရှိနေသည်ကို သိသော်လည်း ကူသူကယ်သူမဲ့ ဖြစ်ခဲ့ရသည်။ ခွေးများကို နောက်ထပ် မျိုးမပွားနိုင်ရန် စီစဉ်ဆောင်ရွက်မှုများကိုလည်
မြို့တော်အတွင်းရှိ တိရစ္ဆာန်ကု ဆရာဝန်များသည် ပြန်ပေးဆွဲသူများ၏ ပစ်မှတ် ဖြစ်လာသည်။ သူတို့ ကိုဖမ်းပြီး ခြိမ်းခြောက် ငွေညှစ်ခြင်းများ ပြုလုပ်ကြခြင်း ဖြစ်သည်။ လူဆိုးအဖွဲ့တစ်ဖွဲ့ကို တိရစ္ဆာန်ဆေးကုခန်း တစ်ခန်းက ငွေမပေးသဖြင့် ဆေးခန်းကို ဓာတ်ဆီလောင်းပြီး မီးရှို့သွားသည်။
နောက်ဆုံး အစိုးရ အလုပ်သမားများနှင့် စေတနာ့ဝန်ထမ်း တပ်ဖွဲ့များက ခွေးများကို ထိန်းသိမ်းစောင့် ရှောက်ရေးအတွက် တာဝန်ယူ လုပ်ဆောင်ကြရသည်။ ခွေးဖမ်းသမားတွေ ရောက်လာလျှင် မြို့ထဲကလူတွေက သူတို့ကို သံသယဖြင့် စောင့်ကြည့်ကြသည်။ ခွေးဖမ်း ကားကြီး ဝင်လာလျှင် လူတွေကသေနတ်ဖြင့် ဟန့်တားမှုများ ရှိလာသဖြင့် အာဏာပိုင်တွေက စိုးရိမ်နေကြသည်။ သို့ဖြစ်ရာ ခွေးဖမ်းသမားတွေကိုလည်း ပစ္စတိုသေနတ်များ၊ ဓားများကိုင်ဆောင်ခွင့် ပေးထားရသည်။
အသုံးချခံခွေးများ
လူဆိုးဂိုဏ်းများက ခွေးများကို မည်သည့်သဘောနှင့် လုပ်ဆောင်မှန်းမသိ ကိုယ်အင်္ဂါအစိတ်အပိုင်းများ ဖြတ်တောက်ခြင်း အလေ့အထများ ခေတ်စားလာသည်။ ခွေးများ၏ ပေါင်များလက်များကို ဖြတ်တောက်ထားသည့် ကိုယ်ခန္ဓာများကို မကြာခဏ တွေ့လာရသည်။ စားသောက်ရန် အတွက်လား ဘာအတွက်ကြောင့်လဲ ဆိုသည်ကို သေချာစွာ အဖြေရှာမရသေးပေ။
ထို့ပြင် ရဲများကင်းလှည့်စဉ် ဟောင်သည့် ခွေးများကိုလည်း ရဲတွေကသေနတ်ဖြင့် လက်တည့်စမ်းသွား တတ်ကြသေးသည်။ လူတွေက ခွေးတွေကို လက်စွမ်းပြတတ်သည့် ရဲတွေကို ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်လာကြသည်။“ကိုယ်ချင်း
ထိုအချိန်တွင် ကောလိပ်ကျောင်းသား တစ်ယောက်ဖြစ်သော ဘာဘရာကင်တားနားသည် အနီးအနား တစ်ဝိုက်ရှိ ခွေးများကို ကယ်ဆယ်သည့် လုပ်ငန်းကို တစ်ကိုယ်တော် လာရောက်လုပ်ဆောင်သည်။ ကလေးတွေက ခွေးတွေကိုတွေ့လျှင် ခဲနှင့်ပေါက်ခြင်း၊ ကန်ကြောက်ခြင်းများကို သူကအကာအကွယ် ပေးသည်။ ရော့ကီဟု သူမအမည်ပေးထားသည့် လာဘရာဒေါ ခွေးတစ်ကောင် ဆိုလျှင် ခွေးတိုက်ပွဲတွင် အခိုင်းခံရပြီး နောက်ဆုံး သုံးစားမရသည့် အနေအထားရောက်မှ လာရောက် စွန့်ပစ်ထားခြင်း ခံရသည်။
ယမန်နှစ်က သေမှုသေခင်းများ ကျဆင်းသွားခဲ့သည်။ ဂျော်ရာ့ဇ်မြို့ အနေအထားကား ငြိမ်းချမ်းသွား ပြီဟု ဆိုရမည်။ စီးပွားရေး သမားတွေကလည်း အကွက်မြင်သည်။ ဤဒေသအလုပ်သမား စရိတ်သည် တရုတ်ထက် ပိုသက်သာသည်။ သို့ဖြစ်ရာ အခြေအနေများ တည်ငြိမ်သွားလျှင် စီးပွားရေး ပြန်လုပ်ပါက အရှိန်ဖြင့် ပြန်လည် တိုးတက်လာနိုင်စရာ အကြောင်းရှိသည်။
ရတက်မအေးစရာ မြင်ကွင်းများ
လမ်းမများပေါ်တွင် ခွေးတွေက လှည့်လည်သွားလာဆဲ ဖြစ်သည်။ သို့သော် အားလုံးက ယိုင်နဲ့နဲ့တွေ ဖြစ်သည်။ သြဂုတ်လတွင် ပန်းခြံနှင့် လမ်းများပေါ်တွင် သေဆုံးနေသော ခွေးပေါင်း ၃၇၂ ကောင်ကို တွေ့ခဲ့ရကြောင်း မြို့တော်သန့်ရှင်းရေး လုပ်သားများက အစီရင်ခံခဲ့ကြသည်။ အပူရှိန်မြင့်သည့်အပြင် အစာရေစာငတ် ပြတ်မှုကြောင့် ဖြစ်နိုင်သည်။ ခွေးဖမ်းသည့်အဖွဲ့ကလည်း အကန့်အသတ်နှင့်သာ ကယ်ဆယ်နိုင်တော့သည်။ သြဂုတ်လ ၃၁ ရက်နေ့တွင် တိရစ္ဆာန်ကု ဆေးခန်းသို့ လာရောက်ပြသသော လူတစ်ယောက်နှင့် ခွေးတစ်ကောင် သေနတ်ပစ်ခံရပြီး သေဆုံးသွားကြသည်။ အရေးမယူနိုင်သည့် ပြစ်မှုတွေကတော့ တိုးပွားနေဆဲ ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော လူသတ်မှု၏ ၉၈ ရာခိုင်နှုန်းကို ယနေ့တိုင် တရားခံ ရှာမတွေ့သေးကြောင်း မက္ကဆီကိုမြို့တော် စုံစမ်းစစ်ဆေးရေးဌာနက ထုတ်ပြန်ထားသည်။
ယခုအခါ ခွေးစွန့်ပစ်ချင်သူများသည် ကယ်ဆယ်ရေးစခန်းများသို့ တိုက်ရိုက် လာရောက် ပို့ဆောင်ပေးနေကြောင်း ဒေါက်တာမာတီနာ့ဇ်ကဆိုသည်။ “လူတွေ အလုပ်လက်မဲ့ ဖြစ်နေပြီး ရတဲ့လစာတွေကလည်း မဖြစ်စလောက်ဆိုတော့ သူတို့ခွေးတွေကို ဘယ်စောင့်ရှောက် နိုင်တော့မှာလဲ” ဟု သူကရှင်းပြသည်။ ခွေးများကို စွန့်ပစ်ရခြင်း၏ အဓိကလက်သည်မှာ စီးပွားရေးကျဆင်းခြင်း၊ အလုပ်လက်မဲ့ များခြင်းနှင့်လည်း သက်ဆိုင်နေသည်။
မြို့တော်ကို အနာဂတ်အတွက် ပြုပြင်ရှင်းလင်းခြင်း လုပ်ငန်းများ လုပ်ဆောင်နေသည်။ နေ့စဉ်ရောက် လာသည့် အမှိုက်များ၊ ခွေးသေများနှင့် အလုပ်သမားများကို ဘူဒိုဇာကြီးများဖြင့် ထိုးပြီး ရှင်းလင်းပေးနေရသည်။ တစ်နေ့လျှင် ခွေးသေအကောင်ပေါင်း ၈၀ ခန့် ရောက်လာသေးသည်။ အမှိုက်တွေနှင့် ခွေးသေတွေကို သူတို့က တွင်းကြီးတစ်တွင်းထဲ ချပစ်လိုက်သည်။ အမှိုက်နှင့် ခွေးသေတွေက ထွက်လာသည့် မီသိန်းဓာတ်ငွေ့များကို စွမ်းအင်အဖြစ် ပြောင်းလဲပြီး မြို့တော်၏ လမ်းမီးတိုင်များ မီးလင်းရေးကို ဆောင်ရွက်နေသောကြောင့် အချည်းနှီးတော့ မဖြစ်ဟုဆိုရမည်။ လမ်းမီးတိုင်များ အပြည့်အဝ မီးလင်းသဖြင့် ရာဇဝတ်မှုများ လျော့နည်းသွားသည်ဟုလည်း ဆိုရမည်။
Ref : Mexico's city of dogs, by Michelle Garcia..
No comments:
Post a Comment