Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 25, 2013

အောင်ရဲလင်းရဲ့ ဒီဇိုင်းတွေကို ပထမဆုံးပြောင်းလဲ ပေးတဲ့သူ

အောင်ရဲလင်းက “အနမ်း Equation ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေ ပါတယ်။ ဇာတ်ကားတွေမှာ လူငယ်ဆန်ဆန် ဒီဇိုင်းတွေနဲ့ ဖန်စီကားလေးတွေ မှာ တွေ့ရလေ့ရှိ တဲ့ အောင်ရဲလင်းကို ဒီလို ဒီဇိုင်းတွေ ပြင်ပေးတဲ့သူကို မေးကြည့်ဖြစ်တော့ ” ကျွန်တော် ကတော့ စိတ်ထဲရှိတာ အကုန်လျှောက်ပြီးလုပ် တာပဲ။ ဇာတ်ရုပ်ကို ကြည့်ပြီးလုပ်လို့ ရရင် လုပ်တယ်။ အရင်တုန်းက ဒီလိုမျက်လုံးခြယ် တာတွေ၊ ဒီဇိုင်းတွေ မလုပ်ခင်က ” အလှဖန်တီးရှင်” ဇာတ်ကားမှာ ဖွေးဖွေးက အရင်မျက်လုံးဆွဲ တာတွေ လုပ်ပေးတာ။ အဲဒီထဲကစပြီး လုပ်ဖြစ် သွားတာ။
အဲဒီ အချိန်မှာ ဒီလို မျက်လုံးခြယ် တာက တအား ခေတ်စား လာတယ်။ ဒီလိုလေးလုပ်တော့ ပရိသတ်အတွက် ကြည့်ရ တာလည်းဆန်းသွား တာပေါ့။ ဇာတ်အနေနဲ့က အမြဲဆန်းသစ်အောင်လုပ် လို့မရတော့ကိုယ့်ကိုယ်ကိုပဲ ဆန်းသစ်အောင် လုပ်ရတာပေါ့။ ဖွေးဖွေး ကပထမဆုံး စပြီးခြယ်ပေး တာပေါ့။ ကျွန်တော့် စိတ်ထဲမှာတော့ ကျွန်တော့်စ တိုင်တစ်ခေတ်ဖြစ်ရမယ် ဆိုတာကြီးတော့ မရှိပါဘူး။ အဓိက က ဇာတ်ကား အပေါ်မှာ ကျွန်တော်ထားတဲ့ စေတနာပါ။ ပရိသတ် ကျေနပ်ရင်တော်ပါပြီ။ ဒီလို ပုံစံလေးတွေ ပြောင်း နေတော့ ကိုယ်တိုင်လည်းကား ရိုက်ရတာ ပိုတက် ကြွတယ်။ ပိုယုံကြည်မှု ရှိတယ်။ အရင် ကျွန်တော်စပြီး ရိုက်တဲ့အချိန် တုန်းက ဒီလိုမျိုးတွေ လည်းမရှိဘူးလေ။ ခေတ်ရေစီးကြောင်း အရပေါ့။ အမြဲ တမ်းလေ့ လာနေရတယ်” လို့ ပြောပြ ပါတယ်။
ဇာတ်ကားတွေမှာ ဇာတ်ရုပ်လို အပ်ချက်အရ သရုပ်ဆောင် ရတာတွေကို ဆင်ဆာနဲ့ ပတ်သက်ပြီး ပေးစေချင်ကြောင်း ပြောလာပြန်တဲ့ အောင်ရဲလင်းက” အဓိကက ဆင် ဆာကိုပြန်ပေးစေ ချင်တယ်။ ဇာတ်ရုပ်တိုင်းမှာက သူ့အိုက်တင် နဲ့သူရှိ တယ်လေ။ တကယ့် ဇာတ်ရုပ် အတွက် လိုအပ် တယ်ဆိုရင်ပေး သင့်တယ်။ ဂျလေ ဘီဆို ရင်တော့ ဆေး လိပ်သောက် ရင်လည်း သောက် မယ်။ ဆံပင်ရှည် ထားချင်ထားမယ်။ ဆံပင်နီဆိုးချင်ဆိုး မှာပဲလေ။ ခိုင်လုံ တယ်ဆို ပေးသင့် တယ်။ မခိုင်လုံဘူးဆို ရင်ေ တာ့ တစ်မျိုးပေါ့လေ” လို့ ပြော ပြခဲ့ ပါတယ်။
မေမွန်မောင်

No comments:

Post a Comment