သတင်းကို ဖတ်ချင်အောင် ခေါင်းစည်းပေးတတ်သော
သတင်းစာဆရာများသည် နာမည်ပေးလည်းကောင်း
တတ်ကြသည်။
သံရေး၊
တမန်ရေးနှင့် ပတ်သက်၍ shirt-sleeve
diplomacy, gunboat diplomacy, the carrot-and-stick negotiations, ping-pong
diplomacy, shuttle diplomacy, walk-in-the-wood diplomacy, proximity
talks တို့မှာ သတင်းစာဆရာတို့က
ကင်ပွန်းတပ်ပေးသည့် အမည်များဖြစ်သည်။
သံခင်း
တမန်ခင်းကိစ္စများ၌ များသောအားဖြင့်
ရှေးစည်းရှေးမူကို ဦးထိပ်ရွက်၍
ဣနြေ္ဒကြီးများစွာ “ဟန်ကိုယ့်ဖို့”
ဖြင့် သံတမန်တို့ လှုပ်ရှားဆောင်ရွက်လေ့ရှိကြသည်။
ထိုလုပ်နည်းလုပ်ဟန်ကို
တော်လှန်၍ ပွင့်ပွင့်လင်းလင်း
လူသူများအကြား၌ ဝင်ထွက်ဆက်သွယ်
သည့် သံတမန်များ၏ လုပ်ဟန်ကို
သတင်းစာဆရာများက shirt-sleeve diplomacy
ဟု ခေါ်ကြသည်။ အေပၚအက်ႌကို
ခၽြတ္၊ ရွပ္အက်ႌလက္ပင့္ကာ
လူထဲကလူကဲ့သို့ ဟိတ်မလုပ်
ဟန်မရှိ ဆက်ဆံဆောင်ရွက် သည်ကို
ရည်ညွှန်း၍ ခေါ်ခြင်းဖြစ်၏။
Those
who practice shirt-sleeve diplomacy are frowned on by the governments
which love pomp and ceremony.
ဟိတ်ကြီးဟန်ကြီး
အဆောင်အယောင်များကြိုက်သောအစိုး ရတို့သည်
ဟိတ်ဟန်မဆောင်တတ် သော သံတမန်များကို
မနှစ်သက်ကြ။ (မျက်စောင်းထိုးကြသည်။)
“အမြောက်များတပ်ဆင်ထားသောသင်္ဘော ကို
အသုံးပြုသည့် သံရေး တမန်ရေး”
gun-boat diplomacy မှာ လက်နက်အားကိုးဖြင့်
တစ်ဖက်သားနိုင်ငံအပေါ် ဆက်ဆံခြင်းကို
တင်စား၍ ခေါ်ခြင်းဖြစ် သည်။
၁၈၅၄
ခုနှစ်၌ ဂျပန်နိုင်ငံကို
အမေရိကန်က ကူးသန်းရောင်းဝယ်ရေးအတွက်
သင်္ဘောဆိပ်များ ဖွင့် ပေးရန်
ဆွေးနွေးပြောဆိုသည့်အခါ အမေရိကန်ရေတပ်ဗိုလ်ချုပ်
မက်သယူးပယ်ရီသည် ရေတပ်သင်္ဘော
များကို အရိပ်အယောင်ပြ၍ သံခန်း
တမန်ခန်းဖွင့်ခဲ့သည်။ ဤသို့သော
ဆက်ဆံရေးကို “ဓားမိုးသည့်
သံနည်း တမန်နည်း” ဟု အမည်တပ်မည်ဆိုလျှင်
မှားမည်မထင်ချေ။
But
the Soviet Foreign Minister stressed that the Soviets weren't consenting
to American gunboat diplomacy.
အမေရိကန်တို့
ဓားမိုး၍ သံရေး တမန်ရေးလုပ်သည်ကို
ဆိုဗီယက်တို့က လိုက်လျောခြင်းမရှိဟု
ဆိုဗီယက်နိုင်ငံခြားရေးဝန်ကြီးက
အလေးအနက်ထား၍ ပြောသည်။
မြင်းတစ်ကောင်ကို
မိမိလိုရာသို့ သွားစေလိုက
မုန်လာဥနီကို မြင်း၏ ရှေ့၌
ကြိုးဖြင့်ဆွဲ၍ မက်လုံး ပေးပြီး
တစ်ခါတစ်ခါ၌လည်း ကြိမ်လုံးစာကျွေးရသည်ကို
ရည်ညွှန်း၍ carrot-and-stick negotiations ဟု ခေါ်ကြသည်။
၁၉၀၂
ခုနှစ်၌ ကိုလီဘီယာနိုင်ငံတွင်
ပင်လယ်ကူးသင်္ဘောများ ဖြတ်သန်းသွားလာနိုင်မည့်
တူးမြောင်းကြီးတူးရန် အမေရိကန်နှင့်
သဘောတူခဲ့သည်။ ထိုသဘောတူညီချက်အရ
ကိုလံဘီယာအစိုးရ အား အမေရိကန်ဒေါ်လာ
၁၀ သန်း ပေးမည်ဖြစ်၏။
ထိုသဘောတူညီချက်မှာ
ပျက်သွားလေရာ အမေရိကန်က စစ်သင်္ဘောများ
လွှတ်၍ တူးမြောင်းတူး မည့်
ပနားမားဒေသကို သိမ်းပိုက်လိုက်သောကြောင့်
ကိုလံဘီယာစစ်တပ်များ မတတ်နိုင်ဖြစ်ခဲ့သည်။
ပနား မားဒေသက ၁၉၀၃ ခု နိုဝင်ဘာလတွင်
လွတ်လပ်ရေးကြေညာခဲ့သည်။
၁၉၂၁
ခုနှစ်တွင် အမေရိကန်က ကိုလံဘီယာအစိုးရအား
ပနားမားဒေသဆုံးရှုံးမှုအတွက်
လျော် ကြေး ၂၅,၀၀၀,၀၀၀ (နှစ်ဆယ့်ငါးသန်း)
ပေးခဲ့သည်။ ဤသည်မှာ “ချော့တစ်ခါ
ခြောက်တစ်လှည့်” သံတမန်နည်းပေတည်း။
He
assures the allies that his carrot-and-stick negotiations will yield
immediate results.
သူ၏
ချော့တစ်ခါ ခြောက်တစ်လှည့်
စေ့စပ်ရေးကြောင့် လျင်မြန်စွာ
အကျိုးသက်ရောက်ပါလိမ့်မည်
ဟု သူက သူ့မဟာမိတ်များကို
အခိုင်အမာပြောသည်။
တစ်ခါတစ်ရံ၌
သံရေး တမန်ရေး အဆက်အသွယ်များ
ကြာမြင့်စွာပြတ်သွားရာမှ
ပြန်လည်ဆက် သွယ်ရန် လိုအပ်လာသည်။
ထိုသောအခါ၌ သံတမန် နည်းပရိယာယ်ဖြင့်
အကြံအဖန်လုပ်ရသည်။ နိုင်ငံရေး
နှင့်ကင်းရှင်းသော အားကစားဖြင့်
အဆက်အသွယ်ရအောင် ကြံဆောင်ရသည်။
၁၉၄၉
ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ
စတင်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟူ၍
ကြေညာခဲ့ သော်လည်း အမေရိကန်က
အသိအမှတ်မပြု၊ သံရေး တမန်ရေး
ဆက်သွယ်ခြင်းမလုပ်ခဲ့။
၁၉၇၁
ခုနှစ် ဧပြီလအတွင်းမှာ တရုတ်နိုင်ငံက
အမေရိကန်စားပွဲတင်တင်းနစ်
(ပင်ပေါင်) အသင်း အား ချစ်ကြည်ရေးကစားရန်
ဖိတ်ကြားခဲ့သည်။ ထိုမှတစ်ဆင့်
အဆက်အသွယ် ပြန်လည်ပြုလုပ်ကြသည်နှင့်
ping-pong diplomacy ဟူသော ဝေါဟာရပေါ်လာသည်။
တစ်နိုင်ငံနှင့်
တစ်နိုင်ငံ သံရေး တမန်ရေးဆက်သွယ်ရာ၌
ရှေးမူရှေးဟန်အရ အာဏာကုန်လွှဲအပ်
ထားသော သံအမတ်များတစ်ဆင့်
ဆက်သွယ်လေ့ရှိသည်။ သို့သော်
ခေတ်ကြီးသည် လျင်မြန်သောအဟုန်
ဖြင့် ပြောင်းလာပြီဖြစ်ရကား
နိုင်ငံခြားရေးဝန်ကြီး ဟင်နရီကစ်ဆင်းဂျားကဲ့သို့သော
ပုဂ္ဂိုလ်များသည် “ကြား လူ
(ဝါ) အောင်သွယ်” များဖြင့်
မဆက်သွယ်တော့ဘဲ ကိုယ်တိုင်ကူးလူးသွားလာ
ဆက်ဆံကြသည်။ ဤ သည်ကို “လွန်းပြန်
သံရေး တမန်ရေး” shuttle diplomacy ဟု သတင်းစာဆရာတို့က
ကင်ပွန်းတပ်သည်။ တစ်နည်းဆိုရသော်
“ရှပ်စလူးလိုက်” သော သံခင်းတမန်ခင်းဟုဆိုရသော်
မှားအံ့မထင်။
Henry
Kissinger's shuttle diplomacy solved quite a number of international
problems.
ဟင်နရီ
ကစ်ဆင်းဂျား၏ လွန်းပြန်သံတမန်နည်း
(ဝါ) ရှပ်စလူးနည်းသည် ကမ္ဘာ့ပြဿနာအတော်
များများကို ဖြေရှင်းခဲ့သည်။
“ရှပ်စလူးလိုက်”
သော နိုင်ငံခြားရေးဝန်ကြီးလည်းမရှိ။
ကိစ္စကလည်း အရေးကြီးပြန်သောအခါ
နိုင်ငံ ခေါင်းဆောင်များသည်
“ကြိုးပူ” hot line ကို အသုံးပြု၍
သံရေး တမန်ရေးကို လုပ်ဆောင်ရသည်။
Hot
Line ဆိုသည်မှာ နိုင်ငံခေါင်းဆောင်ကြီးများ
တစ်ဦးနှင့်တစ်ဦး အချိန်မရွေး၊
ရာသီမရွေးဆက် သွယ်နိုင်အောင်
တပ်ဆင်ထားသည့် သီးသန့်တယ်လီဖုန်းကြိုးဖြစ်သည်။
အမေရိကန်သမ္မတ
ဂျော့ဘုရှ်သည် ဆိုဗီယက်နိုင်ငံအရေးတော်ပုံအတွ င်း
ဂေါ်ဘာချော့နှင့်လည်း ကောင်း၊
ယယ်လဆင်နှင့်လည်းကောင်း၊
အခြားနိုင်ငံခေါင်းဆောင်များနှ င့်လည်းကောင်း
တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ခြင်းကို
အကြောင်းပြု၍ သူသံရေးတမန်ရေးလုပ်ဟန်ကို
“တယ်လီဖုန်းသံတမန်နည်း” telephone
diplomacy ဟု သတင်းစာများ၌ ဖော်ပြခဲ့ကြသည်။
ယခုခေတ်သည်
အစွမ်းထက်သော သိပ္ပံခေတ်ဖြစ်ရကား
တစ်ဦးနှင့် တစ်ဦး နှစ်ကိုယ်ကြား
ပြောဆို ဆွေးနွေးသည်ကိုပင်
ခိုး၍ နားထောင်နိုင်သော သိပ္ပံကိရိယာများ
ပေါ်နေပြီဖြစ်သည်။
သို့ဖြစ်ရာ
အရေးကြီးသော သံရေးတမန်ရေးကိစ္စများကို
ဆွေးနွေးလျှင် လုံလုံခြုံခြုံရှိသော
“တော မြိုင်လယ်မှာ လမ်းလျှောက်ကာ
ပြောပါဆိုပါလော့” walk-in-the-woods diplomacy
နည်းကို အသုံးပြုကြ သည်။
၁၉၇၈
ခုနှစ် စက်တင်ဘာလအတွင်း ဝါရှင်တန်မြို့တော်အနီးရှိ
လုံခြုံမှုအပြည့်ရှိသော အနားယူ
စခန်းတောအုပ်ဖြစ်သည့် ကင့်ဒေးဗစ်၌
အမေရိကန်သမ္မတ ဂျင်မီကာတာသည်
အီဂျစ်သမ္မတ ဆဒတ်နှင့် လည်းကောင်း၊
အစ္စရေးဝန်ကြီးချုပ် ဘီဂင်နှင့်လည်းကောင်း
တွေ့ဆုံဆွေးနွေးခဲ့ကြသည်မှာ
“တောမြိုင် လယ်” နည်းကို သုံးခြင်းဖြစ်သည်။
သံရေးတမန်ရေး၌
အချင်းဖြစ်ပွားလျက်ရှိသောနှစ်နိုင်ငံက
ဆွေးနွေးရန် သဘောတူပါ၏။ သို့သော်
မျက်နှာချင်း မဆိုင်လိုကြ။
ဤသို့သောအခါများ၌ proximity talks ဟူသော
အကြံအဖန်နည်းကို သုံးရ သည်။
ထိုဝေါဟာရကို စင်းစင်းကြီး
ဘာသာပြန်မည်ဆိုက “အနီးကပ်စကားပြောခြင်း”
ဟု ခေါ်ရမည်ထင်ပါ သည်။ “အနီးကပ်”
ဆိုသော်လည်း တူနှစ်ကိုယ်သဘောမျိုး
မဟုတ်ပေ။ သံတမန်အဖွဲ့တစ်ဖွဲ့က
တစ်ခန်း၊ အလယ်ခန်း၌ အောင်သွယ်အဖွဲ့၊
အခြားအခန်း၌ အခြားသံတမန်အဖွဲ့တို့နေရာယူ ကြပြီး
ပြောစရာရှိသည်တို့ ကို အောင်သွယ်အဖွဲ့မှတစ်ဆင့်
သံရေးတမန်ရေး ပြောကြရသည်။
ဤ “အောင်သွယ်အလယ်ထားနည်း”
ကို ၁၉၈၆ ခုနှစ် ဇူလိုင်လအတွင်းက
အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်
သံအဖွဲ့များဆွေးနွေးပွဲ၌
အသုံးပြုခဲ့ကြ သည်။
State
Department official, Diego Cordovez, started proximity talks in March
1988 between Afghan and Pakistani officials in his attempt to end the
eight-year war in Afghanistan.
အမေရိကန်နိုင်ငံခြားရေးအရာရှိ
ကော်ဒိုဗေးသည် အာဖဂန်နစ္စတန်နိုင်ငံ၌
ရှစ်နှစ်ကြာ စစ်ဖြစ်နေ သည်ကို
အဆုံးသတ်ရန်အတွက် “အောင်သွယ်အလယ်ထား”
သံရေးတမန်ရေးနည်းကို အာဖဂန်နစ္စတန်နှင့်
ပါကစ္စတန်သံအရာရှိကြီးများနှင့်
စတင်ဆွေးနွေးရာ၌ အသုံးပြုခဲ့သည်။
၁၉၉၂
ခု ဇန်နဝါရီလအတွင်း အရှေ့အလယ်ပိုင်းဒေသ
ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့
ဂျော်ဒန်နှင့် ပါ လက်စတိုင်း
ကိုယ်စားလှယ်များသည် တစ်ဖွဲ့အဖြစ်
တက်ရကောင်းနိုးနိုး၊ သီးခြားနှစ်ဖွဲ့အဖြစ်
တက်ရ ကောင်းနိုးနိုး ဝေခွဲမရဖြစ်ပြီး
အချိန်ကြန့်ကြာနေရာ အစ္စရေးအဖွဲ့သည်
စည်းဝေးခန်းမထဲသို့ မဝင်နိုင်ဘဲ
ထို ခန်းမအဝင်ဝရှိ ဆိုဖာကုလားထိုင်များပေါ်၌
ထိုင်ကာ ဆွေးနွေးရသည်။ ထိုသံရေးတမန်ရေးလုပ်ဟန်ကို
sofa or couch diplomacy ဟု အစ္စရေးသံတမန်
ရူဗင်စတိုင်းက အောက်ပါအတိုင်း
ကင်ပွန်းတပ်သည်။
"We
have had all kinds of diplomacy – walk-in-the-woods diplomacy,
Ping-Pong diplomacy, proximity talks. Now you'll have sofa diplomacy,
or couch diplomacy."
တက္ကသိုလ်ထင်ကြီး
The Melting Pot 4 U - Learning English
No comments:
Post a Comment