Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 26, 2013

လိင်အင်္ဂါအတုဖြင့် တားမြစ်ဆေးစစ်ဆေးမှုကို ရှောင်လွှဲရန် ကြိုးစားခဲ့သည့် အားကစားသမား

အီတလီ တာဝေးအပြေးသမား ဒီဗစ် လစ်ကီရာဒီသည် ဆေးစစ်မှုတွင် အောင်မြင်စေရန်အတွက် လိင်အင်္ဂါ အတုတစ်ခုကို အသုံးပြုခဲ့ကြောင်း စွပ်စွဲမှုများနှင့် ကြုံနေရ


လိင်အင်္ဂါအတုဖြင့် တားမြစ်ဆေးစစ်ဆေးမှုကို ရှောင်လွှဲရန် ကြိုးစားခဲ့သည့် အားကစားသမား
တားမြစ်ဆေး စစ်ဆေးမှုနှင့် ပတ်သက်ပြီး အားကစားသမားများ နည်းအမျိုးမျိုးဖြင့် ရှောင်လွှဲမှုများ ယခင်က ရှိခဲ့ဖူး၊ ကြုံခဲ့ဖူးသော်လည်း အီတလီနိုင်ငံမှ အားကစားသမား တစ်ယောက်၏ လုပ်ရပ်က အတန်ငယ် ထူးခြားနေသည်။ အီတလီ တာဝေးအပြေးသမား ဒီဗစ် လစ်ကီရာဒီသည် ဆေးစစ်မှုတွင် အောင်မြင်စေရန်အတွက် လိင်အင်္ဂါ အတုတစ်ခုကို အသုံးပြုခဲ့ကြောင်း စွပ်စွဲမှုများနှင့် ကြုံနေရသည်။ အသက်(၂၇)နှစ်ရှိ ကစားသမားသည် ပူဂလီယာတွင် ကျင်းပသည့် အပြေးပြိုင်ပွဲ တစ်ခု၌ ဆေးစစ်မှု ခံယူရာတွင် ရလဒ်ပိုင်း ကင်းကင်းရှင်းရှင်း ဖြစ်စေရန် ပလပ်စတစ် လိင်အင်္ဂါ တစ်ခုကို အသုံးပြုခဲ့ကြောင်း သိရသည်။ Daily Telegraph သတင်းစာက မီတာ(၁၀၀၀၀) အပြေးပြိုင်ပွဲ အပြီးတွင် ဆေးစစ်မှု ခံယူရန် ဆီးနမူနာ ပေးခဲ့ရာ၌ ကိုယ်ပိုင်ပစ္စည်းကို အသုံးမပြုခဲ့ဟု ဖော်ပြခဲ့သည်။


ဆီးနမူနာအတွက် ဒီဗစ်က ဝှက်ယူလာသည့် ပလပ်စတစ် လိင်အင်္ဂါအတွင်း ကြိုတင်ထည့်သွင်းထားသည့် ဆီးများကို ညှစ်ချပေးခဲ့ကြောင်း သတင်းစာက ရေးသားခဲ့သည်။ နောက်ပိုင်းတွင် ဆေးစစ်မှု တာဝန်ခံများက မသင်္ကာသဖြင့် ဒီဗစ်ထံမှ နောက်ထပ်ဆီးနမူနာ ရယူပြီး စစ်ဆေးခဲ့ရာ ၎င်းစွန့်ထားသည့် ဆီးမဟုတ်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ ဆီးသွားခါနီးတွင် ဒီဗစ်က "ကျွန်တော် တစ်ယောက်တည်း ရှိပါရစေ"ဟု ဆရာဝန်များထံ တောင်းဆိုခဲ့သော်လည်း စည်းမျဉ်းများအရ လက်မခံခဲ့သဖြင့် အကျပ်တွေ့ခဲ့သည်။ ၎င်းသည် ကိုယ်နှင့်ကွယ်ကာ မရိုးမဖြောင့် လိမ်လည်မှု ပြုလုပ်ခဲ့သော်လည်း နောက်ထပ် စစ်ဆေးမှုများအရ ဆီးနမူနာ မတူသည်ကို ဖော်ထုတ်တွေ့ရှိသွားခြင်း ဖြစ်သည်။


အီတလီ လေတပ်မတော် အားကစားအသင်းမှ အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဒီဗစ်သည် အားကစားခုံရုံးတွင် အမှုရင်ဆိုင်ရမည်ဖြစ်ပြီး အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် အားကစားလောကမှ (၂)နှစ်ထိ ဖယ်ရှားခံရဖွယ် ရှိနေသည်။ အင်တာနက်တွင် လိင်ဖျော်ဖြေမှုအတွက် ရောင်းချသည့် အမျိုးသား လိင်အင်္ဂါ အတုများမှာ အရောင်အမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုး ရှိနေပြီး ဝက်ဘ်ဆိုက် တစ်ခုက ရောင်းချသော အတုအပ ပစ္စည်းသည် ခမ်းခြောက်နိုင်ပြီး ဆေးဝါးပစ္စည်း ကင်းရှင်းသည့် ဆီးတုကိုပါ ထည့်သွင်းထားကြောင်း ကြေညာခဲ့သည်။ ယင်းဝက်ဘ်ဆိုက်တွင် ဖောက်သည် တစ်ဦးက "ကျွန်တော်တော့ ဒီပစ္စည်း ဝယ်လိုက်လို့ ဆေးအောင်သွားတယ်။ ကျွန်တော့်ကို စောင့်ကြည့်သူ ရှိနေပေမယ့် အောင်အောင်မြင်မြင်ပဲ အသုံးပြုနိုင်ခဲ့တယ်။ ဒီပစ္စည်းကတော့ ပေးရသမျှ ဈေးနဲ့တန်ပါတယ်"ဟု မှတ်ချက် ရေးသားထားကြောင်းလည်း သိရသည်။

From: Planet Myanmar Network

No comments:

Post a Comment