Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 15, 2013

တောင်ငူမြို့ လက်ခြောက်ဖက်နတ်နန်း ပိုင်ဆိုင်ခွင့် ပြဿနာ ပြေလည်မှုမရ

တောင်ငူ၊ စက်တင်ဘာ ၁၄

တောင်ငူမြို့ ဗိုလ်မှူး ဖိုးကွန်းလမ်းနှင့် နေပူကုန်းလမ်းထောင့်ရှိ မြို့စောင့် လက်ခြောက်ဖက် ဘိုးဘိုးကြီးနတ်နန်း ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်ပြီး နတ်နန်းထိန်း မိသားစုနှင့် အငြင်းပွားမှု ပြဿနာ ပြေလည်မှု မရရှိသေးကြောင်း မြို့နယ်အုပ်ချုပ်ရေး အဖွဲ့မှ ဖွဲ့စည်းပေးထားသည့် နတ်နန်းကြီး ကြီးကြပ်ရေး ကော်မတီအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် တောင်ငူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဖွဲ့စည်းခဲ့သော လက်ခြောက်ဖက်နတ်နန်း ကြီးကြပ်ရေးအဖွဲ့က သြဂုတ်လ ၂ ရက်နေ့က လက်ရှိ နတ်နန်းထိန်း မိသားစုဝင်များကို ခေါ်ယူတွေ့ဆုံ ဆွေးနွေးခဲ့ရာတွင် နတ်နန်းထိန်း မိသားစုဝင်များက နတ်နန်း ကြီးကြပ်ရေးအဖွဲ့ တင်ပြသော အချက်အလက်များကို လက်မခံခဲ့သည့် အတွက် ပြေလည်မှု မရရှိခဲ့ကြောင်း နတ်နန်းကြီးကြပ်ရေး ကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါ လက်ခြောက်ဖက် နတ်နန်း နေ့စဉ်ဝင်ငွေကို လက်ရှိ နတ်နန်းထိန်း မိသားစုကို တစ်စုပေးပြီး နတ်နန်း ကြီးကြပ်ရေးအဖွဲ့က တစ်စုကို ဘဏ်တွင် ထိန်းသိမ်းကာ နတ်နန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်သွားမည် ဆိုသောအချက်နှင့် နတ်နန်းပိုင် ပစ္စည်းများကို စားရင်းပြုစု တင်ပြရန် နတ်နန်း ကြီးကြပ်ရေးအဖွဲ့က စီစဉ်ဆောင်ရွက်ခြင်းကို နတ်နန်းထိန်း မိသားစုက လက်သင့်မခံခဲ့ခြင်း ဖြစ်သည်။

ကျွန်တော်တို့ ကြီးကြပ်ရေးအဖွဲ့က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ အစီအစဉ်နဲ့ လက်ရှိနန်းထိန်း မိသားစုကို သြဂုတ်လ ၂ ရက်နေ့က ခေါ်ယူတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ သူတို့မိသားစုက ဒါကိုလက် မခံနိုင်ပါဘူးလို့ ပြောခဲ့တဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးထံကို တင်ပြပေးခဲ့ပါတယ်” ဟု နတ်နန်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပြောကြားသည်။

အဆိုပါ လက်ခြောက်ဖက်နတ်နန်းကို လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော် ကတည်းက သူမ၏ မိခင်ဖြစ်သူ ဒေါ်လှခင် (ခ) ဘွားရှမ်းလက်ထက်မှ စတင်ပြီး ဘိုးဘွားစဉ်ဆက် ထိန်းသိမ်းစောင့်ရှောက် ခွင့် ရရှိခဲ့ကြောင်းနှင့် မြန်မာနိုင်ငံ အထက်ပိုင်း မန္တလေးတိုင်းဒေသကြီး တောင်ပြုန်းတွင် နတ်နန်းထိန်းအဖွဲ့၏ လုပ်ပိုင်ခွင့် အဝဝသည် မည်သည့် ကော်မတီအဖွဲ့၏ ကြီးကြပ်မှု လက်အောက်တွင်မှ မရှိပါကြောင်း လက်ရှိ နန်းထိန်းဖြစ်သူ ဒေါ်တင်ယုက ပြောကြားသည်။

ယင်းကဲ့သို့ သားစဉ်မြေးဆက် ထိန်းသိမ်း စောင့်ရှောက်လာခဲ့သော နတ်နန်းကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားထားသည်ဆိုသော နတ်နန်း ကြီးကြပ်ရေး ကော်မတီ၏ အုပ်ချုပ်မှုကို ခံယူရမည် ဆိုခြင်းကို လက်မခံနိုင်ကြောင်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ထံသို့ စက်တင်ဘာလ ၉ ရက်နေ့၌ စာရေးသား တင်ပြထားပါကြောင်း လက်ရှိနန်းထိန်း ဒေါ်တင်ယု၏ သမီးဖြစ်သူက ရှင်းပြသည်။

တောင်ငူမြို့ လက်ခြောက်ဖက် နတ်နန်းကို တောင်ငူခရိုင် ခြောက်မြို့နယ်မှ ယာဉ်နှင့် ပတ်သက်ပြီး စောင့်ရှောက် ကာကွယ်မှု ပြုပေးနိုင်သည်ဟု ယုံကြည်ယူဆ ထားကြပြီး မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များကို ကာကွယ် စောင့်ရှောက်ပေးရန် နေ့စဉ်လာရောက် ပသနေကြရာ မော်တော်ဆိုင်ကယ် တစ်စီးလျှင် ငွေကျပ် ၃၀၀၀ မှ ၅၀၀၀ ကျပ်၊ မော်တော်ကား တစ်စီးလျှင် ငွေကျပ် ၁၅,၀၀၀ မှ ၅၀,၀၀၀ အထိ ပေးဆောင်ကာ နတ်နန်းထိန်း ဖြစ်သူအား ပူဇော်ပသ ခိုင်းရကြောင်း အဆိုပါ နတ်နန်း အနီးတစ်ဝိုက် နေထိုင်သူများက ပြောကြားသည်။

ဇေယျာကို(တောင်ငူ)

No comments:

Post a Comment