Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 20, 2013

ဝင်ငွေအများဆုံးအနုပညာရှင်စုံတွဲတွေ



သန်းနဲ့ ချီပြီး ၀င်ငွေရှိတဲ့အနုပညာရှင်တွေရဲ့ ဝင်ငွေတွေကို အားကျလိုက်ကြရအောင်လား။
Forbes မဂ္ဂဇင်းမှာ ဒီနှစ်အတွက် ၀င်ငွေအများဆုံးအနုပညာရှင်စုံတွဲအဖြစ် ဘီရွန်စေးနဲ့ သူ့ ခင်ပွန်းဂျေးဇက် ကို ဖော်ပြထား ပါတယ်။ သူတို့ စုံတွဲက ပြီးခဲ့တဲ့နှစ်က ဒေါ်လာသန်း ၉၅သန်း ၀င်ငွေရှိခဲ့ပါတယ်။ဂျေးဇီရဲ့  Watch the Throne အယ်လ်ဘမ်က တညကို ၁.၄သန်းဖိုးလောက်ရောင်းရပါသတဲ့။ ဘီရွန်းစေးရဲ့   Mrs Carter world tour ကလည်းခန့် မှန်းချေ တညကို ဒေါ်လာ ၂ သန်းလောက်ဝင်ပါတယ်။ ဒုတိယ၀င်ငွေအမျာဆုံးစုံတွဲက အမေရိကန်ဘော  သမား ဘရက်ဒီတို့ စုံတွဲဖြစ်ပါပြီး သူတို့ စုံတွဲကသန်း၈၀။
Angelina Jolie and Brad Pitt
တတိယ၀င်ငွေအများဆုံးနေရာမှာလိုက်တဲ့ စုံတွဲက အင်ဂျလီနာဂျိုလီနဲ့ ဘရက်ပစ် တို့ စုံတွဲဖြစ်ပါပြီးသူတို့  ကသန်း ၅၀ ၀င်ငွေရှိပါတယ်။
 Kim Kardashian and Kanye West
နောက်ကိုယ်လုံးကိုယ်ပေါက်အလှဆုံးလို့ သတ်မှတ်ခြင်းခံရတဲ့ ကင်ကာဒက်ရှန်တို့ စုံတွဲက
သန်း ၃၀ ၀င်ငွေ ရှိခဲ့ ပါ တယ်။

အနုပညာအလုပ်နဲ့ ဝင်ငွေ သိန်းနဲ့ သန်းနဲ့ ချီပြီးရတဲ့ အမေရိကန်အနုပညာရှင်တွေရဲ့ ဝင်ငွေတွေကို သွားရေကျပြီးသကာလ  မြန်မာပြည်က အနုပညာရှင်များရောတနှစ်တနှစ်ဝင်ငွေ ဘယ်နှစ်သန်းလောက် ရကြမလဲ။သူတို့ တော့ ဒီလောက်ဒေါ်လာသန်းချီပြီးမရလောက်ဘူးလို့ စဉ်းစားမိပါတယ်။
ဒါပေမယ့်လည်းလေ   မြန်မာပြည်မှာလည်းအားကျစရာ ဒေါ်လာသန်းထောင်ချီပြီး နိုင်ငံတကာက ဘဏ်မှာအပ်ထားနိုင်ကြတဲ့သူဌေးကြီးများရှိပါရဲ့ လို့ ဂုဏ်ယူလိုက်ပါရဲ့ ။
The Melting Pot 4 U (စုံစီနဖာဟင်းလေးအိုးကြီး)

Source

No comments:

Post a Comment