Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 13, 2013

တက်ကြွစွာလှုပ်ရှားခဲ့သူတွေမှာ မမြင်ရတဲ့ဒဏ်ရာတွေ အများကြီး


“အခုလက်ရှိ နိုင်ငံရေးအခြေအနေမှာ တက်ကြွစွာ
လှုပ်ရှားခဲ့သူတွေရဲ့ အခန်းကဏ္ဍကို လူထုအသိအမှတ်ပြုမှုက
အားရစရာပါ။ဒါပေမယ့် နောင်နှစ်ကြာလာတာနဲ့အမျှ အနိစ္စသဘောတရားအတိုင်း မှေးမှိန်သွားမှာ
ပါ။တက်ကြွစွာလှုပ်ရှားခဲ့သူတွေမှာ မမြင်ရတဲ့ဒဏ်ရာတွေ
အများကြီးကိုရည်ညွှန်းပြီးသမိုင်းတစ်ခုအဖြစ် မှော်ကွန်းတင်စေဖို့
Artist ထိန်လင်းက ဒီပရောဂျက်လုပ်ခဲ့တာပါ။”လို့ ပါဖေါမန့် 
အနုပညာရှင်ပန်းချီထိန်လင်းကဆိုကြောင်းမိုးခပန်းချီပြခန်း
ထူထောင်ထားတဲ့နိုင်ငံရေးအကျဉ်းသားဟောင်းကိုဘိုဘိုဦး
ကArtist ထိန်လင်းရဲ့ ပရောဂျက်အကြောင်းကိုရှင်းပြပါတယ်။
“ကျွန်တော့်လက်ကို Artist ထိန်လင်းက POP ကိုင်ပေးခဲ့ပါတယ်။
တကယ်တော့ ကျွန်တော့်လက်ဘာမှမဖြစ်ပါဘူး
မိတ်ဆွေများမစိုးရိမ်ပါနဲ့။ ဒါပေမယ့် Artist ထိန်လင်းက
ကျွန်တော်တို့ ဒီမိုကရေစီရေးတက်ကြွစွာလှုပ်ရှားခဲ့သူတွေရဲ့
လက်ပုံစံကို မော်ကွန်းတိုက်တစ်ခုထဲမှာထည့်ထားဖို့ ပုံစံလာလောင်းနေတာပါ။”လို့ လည်းသူ့ ရဲ့ ဖေ့ဘုတ်စာမျက်နှာ
Richard Aungကနေပြောပြပြီး“ပိုပြီးတော့သဘာဝကျတာကတော့
Artist ထိန်လင်းကိုယ်တိုင်ကလည်း ကံကောင်းလို့ မြောက်ပိုင်းက
ဟင်္သာကိုးသောင်းထဲမှာ ပါမသွားဘဲလွတ်လာခဲ့တဲ့လူလေ။ပြီးတော့
မန္တလေးထောင်၊ မြောင်းမြထောင် ထောင်(၂)ထောင်မှာ စံမြန်းခဲ့ရတဲ့
တက်ကြွလှုပ်ရှားသူတစ်ဦးပါ။ ”ပါလို့ ပန်းချီ ထိန်လင်းရဲ့ ဖြတ်သန်းမူနဲ့ 
သူ့ ပရောဂျက်လိုက်ဖက်သဘာဝကျပုံကိုရည်ညွှန်းပါတယ်။

photo credit-Richard Aung

No comments:

Post a Comment