Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 24, 2013

ပရိသတ်ရဲ့ ဘဝ အမောတွေကို ပြေစေ ဦးမယ့် ရုပ်ရှင်ကားကြီး "ဟတ်ကော့"


Popular Journal
မောင်သာဌေးမှာ ဘွဲ့ရ၊ ခေတ်ပညာတတ်လူငယ် တစ်ဦး ဖြစ်ပါတယ်။ လူယုံတော် ရာဟု နှင့် အတူနေလျက် ခေတ်မီ၊ ခေတ်ဆန်ခြင်းကို သဘောကျ သူ တစ်ယောက်၊ဇီဇာကြောင် သူ လူလွတ်တစ်ယောက် ဖြစ်သည့်တိုင် ချစ်သူရည်း စားရရှိရန် တော့ ညစဉ်တိုင်းကို စိတ်ကူးယဉ် အိပ်မက်ရင်း မျှော်လင့်ချက်ကြီးခဲ့ သူဖြစ်ပါ တယ်။

သာဌေးမှာ တောတွင် မွေး၊ တောတွင်ကြီးပြင်းသူဖြစ် သော်လည်း မြို့ကိုအထင်ကြီး ကာ တော သားအဖြစ် သမုတ်ခံ ရမည်ကို အလွန်စိုးရွံ့သူဖြစ် သည့်အလျောက် မိဘများ ဆုံးပါးသွား ချိန်တွင်တော့ အလုပ်ကိုအကြောင်းပြုကာ မြို့သို့ အပြီးပြောင်းရွှေ့နေလေ တော့သည်။ သာဌေးဘဝတွင် အကြောက်ရဆုံး သူမှာတော့ တစ်ဆွေလုံး၊ တစ်မျိုးလုံး အပေါ် သြဇာတိက္ကမကြီး သူ တောတွင်မွေး၊ တောတွင်သေ မည့်သူ၏ အဘိုး တောသူဌေး ကြီး ဦးကြာရိုးပင်ဖြစ်ပါသည်။
သာဌေးက မြို့ကြေးရ တတ် တို့၏ ခေတ်မီ၊ ခေတ်ဆန်မှုကို ခုံမင်သလောက် အဘိုး ဦးကြာ ရိုးမှာတော့ မြန်မာ့ရိုးရာ ကျေးလက်ဓလေ့ စရိုက် ကိုသာ မြတ်နိုးသူဖြစ်ပေရာ မြေး အဘိုး နှစ်ယောက်၏ အားပြိုင်မှု ဇာတ်လမ်း အစကတော့ သာဌေး၏ တောကို အထင်
သေးသည့် အစွဲကို ချွတ်နိုင်ရန် တစ်ချက်ခုတ်၊ နှစ်ချက်ပြတ် အစီအမံအဖြစ်တောမှ သာဌေး ကြည့်မရဆုံး ငယ်သူငယ်ချင်း များဖြစ်ကြသည့် စာဥနှင့် စွာတေး တို့အား မြို့၌ နှစ်သက်ရာ အသက်မွေး မှုပညာများ လေ့လာ ဆည်းပူးနိုင်ရန် သာဌေးထံ စေ လွှတ် လိုက်ခြင်း
ပင်ဖြစ်ပါ တော့ သည်။ တစ်နေ့ ထက် တစ်နေ့ မြို့ ၏ အနေအထိုင်နှင့် ပိုမိုရင်းနှီး လာသော စာဥနှင့် စွာတေးမှာ သာဌေး၏နှိမ့်ချ ဆက်ဆံများမှ အံတုကျော်လွှားနိုင် ခြင်းငှာ အနေအထိုင်၊ အပြောအဆို များကို ပြင်ဆင်ကြလျက်၊ မော် ဒယ်သင်တန်း၊ ဖက်ရှင်သင် တန်းများ တက် ကာသာဌေးပင် မျက်စိလည်လောက် အောင် ခေတ်မီဆန်းပြားသော ဖက်ရှင် ဒီဇိုင်းများဖြင့် ဆင်ယင်ထုံးဖွဲ့ ဝတ်စားပြင်ဆင်ပြနိုင်လိုက် သည့် အချိန်တွင်တော့..

သာဌေး အတွက် မယုံကြည်နိုင် လောက် အောင် အံ့သြလွန်း စရာရင်ခုန်ယောင်အ သွားစေသည့်အဖြစ် ကတော့ သာဌေး၏ အိပ်မက်ထဲမှ ချစ်သူသတို့သမီးနှင့် တစ် ထေရာတည်း တူနေခြင်းပင်ဖြစ်ပါတော့သည်။ သာဌေး အတွက် ဘဝနှင့်ပတ်သက်သော နောက်ဆုံး
ရည်မှန်းချက်မှာလည်း ထိုအိပ်မက်ချစ် သူသာသူ့ဘဝလက်တွဲဖော်အဖြစ် တောက် လျှောက်မပြတ် စိတ်ကူးရန်ခုန်ခဲ့ရသူ ဖြစ်ရကား..။ စာဥအပေါ် မိမိ စော်ကားခဲ့မိသမျှ အစွမ်းကုန် အောက်ကျို့ တောင်းပန်ရင်း စာဥ အချစ်ကို တောင်းခံလေရာ အချစ် ကြီးသလောက် အမျက်ကြီးသည့် စာဥ၏ တစ်ချက်လွှတ်ဆုံးဖြတ်ချက် ကတော့ ဆွေမျိုးမေ့လောက်အောင် အမေကျော် ဒွေးတော် လွမ်းလှသည့် သာဌေး၏စိတ်ထား ကို အပြီးတိုင် ရှုတ်ချငြင်းဆန်ကာ တောသူ မစာဥအဖြစ် ရွာသို့အပြီးပြန်သွားလေ တော့သည်။ သာဌေးတစ်ယောက်မှာ တော့ ကြိတ်မနိုင် ခဲမရ အရူးမီးဝိုင်း သလို ယောက်ယက်ခတ်ရင်း ကိုယ့်လူ မျိုး၊ ကိုယ့်ယဉ်ကျေးမှုကို အထင်သေး ခဲ့မိသည့် မိမိအမှား များကို နောင်တရ ကာ စာဥ၏သူငယ်ချင်း တောသား သာအေးအဖြစ် ရွာသို့လိုက်သွားလေ တော့ သည်။ ရွာသို့ရောက်သော် အဘိုးဖြစ်သူနှင့် တစ်ရွာလုံးအား တောင်းပန်ဝန်ချရင်း မိမိရပ်ရွာ အကျိုး၊ အမျိုးဘာသာအကျိုးများ ရှေ့ဆက်ဆောင် ရွက်မည့်အကြောင်း ကတိပြုပြီးသည့်အချိန် တွင် အဘိုး၏ ကြားဝင်စေ့စပ်မှုဖြင့် စာဥနှင့် သာအေးတို့ ကျေးလက်မင်္ဂလာပွဲလေးကို
တပျော်တပါးကျင်းပကာ သက်ဆုံးတိုင် ပေါင်းဖက်ကြပါလေတော့သည်။

ဟတ်ကော့ ရုပ်ရှင်ဇာတ်ကားကို လပ်ကီး ဆဲဗင်းရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ရေးက ရိုက် ကူးပြီးဇာတ်လမ်း၊ဇာတ်ညွှန်း၊ဒါရိုက်တာ မိုက် တီးသည့်ရိုက်ကူးထားခြင်းဖြစ်သည်။ ဒီရုပ်ရှင် ဇာတ်ကားမှာ မိုးအောင်ရင်၊ သက်မွန်မြင့်၊ မောစ်၊ကုသိုလ်၊ခင်လှိုင်၊ကင်းကောင်၊ ဇော်
ဇော်အောင်၊မိုးဒီ၊ကျော်ထူး၊ တက္ကသိုလ် ဂွမ်းပုံတို့နှင့်အတူဟာသ သရုပ်ဆောင်များ စွာက ပါဝင်သရုပ်ဆောင်ထားကြသည်။ သရုပ်ဆောင်အင်အားကောင်းကောင်းနဲ့ရိုက်ကူး ထားတဲ့ ဟတ်ကော့ရုပ်ရှင်ဇာတ်ကားကြီးကပရိ သတ်၏ဘဝအမော တွေကိုဖြေ ဖျောက် ပေး ဦးမှာ
ဖြစ်ပါ သည်။



 

No comments:

Post a Comment