Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 15, 2013

လေးလအတွင်း လေဆိပ်နှင့် ရေဆိပ်များမှ ဖုန်းနှင့် ကွန်ပျူတာ ပစ္စည်းများ ကျပ်သိန်း ၁၆၀၀ဝ ကျော်ဖိုး ဖမ်းမိ



ယခု ဘဏ္ဍာနှစ်လေးလအတွင်း ရန် ကုန်လေဆိပ်၊ ရေဆိပ်နှင့် နယ်စပ် ဝင်ပေါက်များမှ တန်ဖိုးငွေကျပ် သိန်းပေါင်း ၁၆၀၀၀ ကျော်တန် ဖိုးရှိ တရားမဝင်မိုဘိုင်းဖုန်း၊ ကွန် ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း အကောက် ခွန်ဦးစီးဌာနမှ သိရသည်။

''အခုဘဏ္ဍာနှစ် ပထမလေး လအတွင်းမှာ တရားမဝင်မိုဘိုင်း ဖုန်းနဲ့ ကွန်ပျူတာအပါအဝင် ဆက်စပ်ပစ္စည်း တွေချည်းပဲ သိန်း ပေါင်း ၁၆၀၀ဝကျော် ဖမ်းဆီးနိုင် ခဲ့ပါတယ်။ မူးယစ်ဆေးဝါးနဲ့ အခြား တရားမဝင်ကုန် ပစ္စည်းတွေကို လဲ တားဆီးစစ်ဆေးအရေးယူ ထားပါတယ်''ဟု အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။

ယင်းဖမ်းဆီးရမိမှုများမှာ ယခုဘဏ္ဍာနှစ်ဧပြီမှ ဇူလိုင်လ အထိဖြစ်ပြီး ရန်ကုန်လေဆိပ်နှင့် ရေဆိပ်များမှ အမှုတွဲ ၁၅၁မှုဖြင့် တန်ဖိုးငွေကျပ်သိန်းပေါင်း ၇၈၅၁ ဒသမ၁သိန်းခန့်နှင့် နယ်စပ်ဝင် ပေါက်များမှ အမှုတွဲ ၁၁၄မှုဖြင့် ကျပ်သိန်းပေါင်း ၈၄၇၃ဒသမ ၅ သိန်းခန့် တရားမဝင်မိုဘိုင်းဖုန်း၊ ကွန်ပျူတာနှင့် ဆက်စပ် ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း ယင်းက ပြော သည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သော တရားမဝင် မိုဘိုင်းဖုန်း၊ ကွန်ပျူ တာနှင့် ဆက်စပ်ပစ္စည်းအမှုတွဲ ပေါင်း ၂၆၅မှု ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၁၆၂၂၄ဒသမ ၆ သိန်းအား အကောက်ခွန်ဥပဒေအ ရအရေးယူထား ကြောင်း သိရသည်။

ယင်းအပြင် ပြီးခဲ့သည့်ဩ ဂုတ်လအတွင်း မူးယစ်ဆေးဝါး ၂၆ထုပ် ကျပ်သိန်းပေါင်း ၁၈၀၀၀ ကျော်နှင့် ကျောက်စိမ်းတုံးဖမ်း ဆီးရမိသည့် စုစုပေါင်းအမှုရှစ်မှု မှ ငွေကျပ်သိန်းပေါင်း ၄၀ဝခန့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

From : ..YMG

No comments:

Post a Comment