ဘုတလင်၊ စက်တင်ဘာ ၂၂
မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ သခွတ္တနယ်ကျေးတွင် ဗိုလ်မှူးဆိုသူလူတစ်ဦးမှ ကျေးလက်သူနာပြု ဆရာမတစ်ဦးထံမှ ငွေကျပ် (၃၅) သိန်း လိမ်လည်ရယူခဲ့သည့် ပြစ်မှုဖြစ်စဉ်တစ်ရပ်အား ယခုနှစ်၊ ဧပြီ ၁၅ ရက်နေ့ခန့်က ဖြစ်ပွားခဲ့သော်လည်း ယခုလ ၁၈ ရက်နေ့ ညနေ ၂ နာရီခွဲအချိန်ရောက်မှ အမှုဖွင်...့ တိုင်တန်းခဲ့ကြောင်း သိရသည်။
ထိုသူမှ နေပြည်တော်တွင် အိမ်းဝင်းခြံမြေများပြန်လည်ရောင
အဆိုပါ ဗိုလ်မှူး ဆိုသူမှာ ဖြူးမြို့နယ်၊ ကညွတ်ကွင်းကျေးရွာအနီးရှိ အမှတ်(၄၃၉) ခြေမြန်တပ်ရင်း၌ တာဝန်ထမ်းဆောင်နေသူ ကိုယ်ပိုင်အမှတ် တ/၃၁၂၅၁၅ ဒုတပ်ကြပ် မင်းချစ်ညို(ခ) ကောင်းမြတ် ဆိုသူဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
၎င်းကိစ္စရပ်အား သီးခြား သတင်းအတည်ပြုချက်ရယူနိုင်ရန် သက်ဆိုင်ရာ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ထံသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ယင်း ကိစ္စရပ်သည် တပ်တွင်းရေး ကိစ္စဖြစ်သည့်အတွက် ပြန်လည်ဖြေကြားပေးရန် မဖြစ်နိုင်ကြောင်း င်ြဆို၍ ဖုန်းချသွားခဲ့သည်။
သို့သော် သူနာပြုဆရာမကြီး၏ တိုင်တန်းချက်အား ဘုတလင်မြို့မ ရဲစခန်းမှ (ပ)၂၀၆/၂၀၁၃ ပြစ်မှုပုဒ်မ ၄၂၀ အရ အမှုဖွင့်ထားသည်ဟု စုံစမ်းသိရှိရသည်။
Monywa Times
Thit Htoo Lwin - Crime
No comments:
Post a Comment