Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 9, 2013

မိုဘိုင်းဖုန်း သယ်ဆောင်အသုံးပြုနိုင်သည့် နိုင်ငံပေါင်း ၂၃ နိုင်ငံအထိ ရှိလာ



ကမ္ဘာ့နိုင်ငံပေါင်း ၂၃ နိုင်ငံရှိ အော်ပရေတာပေါင်း ၄၄ ခုမှ မိုဘိုင်းဖုန်း သုံးစွဲသူများသည် မြန်မာနိုင်ငံသို့ ၄င်းတို့၏ မိုဘိုင်းဖုန်းလိုင်းများကို သယ်ဆောင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း၊ အလားတူ မြန်မာနိုင်ငံမှ မိုဘိုင်းဖုန်းလိုင်းများ သည်လည်း အဆိုပါနိုင်ငံပေါင်း ၂၃ နိုင်ငံသို့ သယ်ဆောင်အသုံးပြုနိုင်စေရန် ဆောင်ရွက်လျက်ရှိကြောင်း မိုဘိုင်းအင်ဂျင်နီယာချုပ်က နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ပြောကြားသည်။ Bilateral နည်းဖြင့် အပြန်အလှန် ချိတ်ဆက်ထားသော နိုင်ငံများနှင့် အော်ပရေတာများမှာ တရုတ် (China Unicom)၊ ဗီယက်နမ် (Vina Phone & Viettle Corporation)၊ ကိုရီးယားနိုင်ငံ (SK Telecom)၊ ဂျပန် (NTTDOVOMO)၊ စင်ကာပူ (Star Hub Mobil & Aing Tel Mobile)၊ ဟောင်ကောင် (Hutchison HGC & HKT)၊ အင်ဒိုနီးရှား (TELKOSEL)၊ ထိုင်း (TrueMove) တို့ ဖြစ်သည်။ ကြားခံ Roaming Hub ကို အသုံးပြု၍ မြန်မာနိုင်ငံသို့ မိုဘိုင်းဖုန်းများ သယ်ဆောင် အသုံးပြုနိုင်ရန် ချိတ်ဆက်ထားသည့် နိုင်ငံများနှင့် အော်ပရေတာများမှာ ဘရူနိုင်း (DST Com)၊ မလေးရှား (CELCOM)၊ ဖိလစ်ပိုင် (SMART)၊ စင်ကာပူ (M One)၊ တောင်ကိုရီးယား (Korea Telecom)၊ ဂျပန် (SOFT Bank) နှင့် သီရိလင်္ကာ (DIALOG) တို့ဖြစ်ကြောင်း သိရသည်။ အလားတူ Orange Hub ကို အသုံးပြု၍ ချိတ်ဆက်ထားသော နိုင်ငံများနှင့် အော်ပရေတာများမှာ ပြင်သစ်၊ ဆွစ်ဇာလန်၊ စပိန်တို့ဖြစ်ကြပြီး ဟောင်ကောင် (CSL)၊ တရုတ် (တိုင်ပေ) (Taiwan Mobile)၊ မလေးရှား (U Mobile)၊ အိန္ဒိယ (Aricel)၊ ကမ္ဘောဒီးယား (Latelz-Smart)၊ ဘယ်လ်ဂျီယံ (Mobi Star)၊ လူဇင်ဘတ် (Orange)၊ အိုက်စ်လန် (NOVA)၊ အိန္ဒိယ (Tata)၊ သီရိလင်္ကာ (Barthi)၊ ကာတာ (Ooredoo)၊ အိန္ဒိယ (Tata)၊ သီရိလင်္ကာ (Barthi Airtel)၊ ပြင်သစ် (Free Mobile) နှင့် ဘရူနိုင်း (B Mobile)၊ လာအို (Loa Tel) တို့ဖြစ်ကြောင်း ယခုလ ၄ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာ၌ ဖော်ပြထားပါသည်ဟု ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

Khitlunge

No comments:

Post a Comment