Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 3, 2013

ဒုက္ခိတသားဖြစ်သူကို သံကြိုးနဲ့ ဂူထဲမှာထားတဲ့ဖခင်


အထက်ကပုံတွေကတော့ တရုတ်ပြည်အလယ်ပိုင်းမှာနေထိုင်တဲ့အသက် ၇၀အရွယ်အဘိုးအိုတယောက်ဟာ ဒုက္ခိတသားဖြစ်သူကို သံကြိုးနဲ့ ချည်ပြီးဂူထဲမှာ ထည့်ထားတဲ့ဓာတ်ပုံတွေပါ။
အသက် ၂၆ နှစ်အရွယ်သားဖြစ်သူဟာစိတ်ကျမ်းမာရေးမကောင်းတဲ့အပြင်မျက်မမြင်ဒုက္ခိ တယောက်လည်းဖြစ်ပါ တယ်။ ခြေထောက်ကိုသံကြိုးချဉ်ပြီး ဂူထဲမှာစွန့် ပစ်ခံထားရတဲ့ ပုံတွေကို မြင်ရတော့ လူတွေက ဒေါသထွက်ကြပါတယ်။ ဖခင်ဖြစ်သူက အိမ်မီးလောင်သွားလို့ သူကိုယ်တိုင်နေစရာမရှိတော့တဲ့အတွက်သမီးဖြစ်သူထံသွားရောက်
 နေထိုင်ပြီး သားဖြစ်သူနေရေးထိုင်ရေးကိုတော့ အခုလိုဖြေရှင်းခဲ့တာပါ။ ကျနော်ကိုယ်တိုင်နေစရာမရှိပါဘူး။ သားဆီကိုတနေ့ သုံးခါလာပြီးအစာရေစာကျွေးပါတယ်။ သူ သူ့ ကိုအခုလိုဖြစ်နေတာကျနော်မမြင်ချင်ပါဘူး။ဒါပေမယ့်တခြားရွေးချယ်စရာလမ်း လည်းကျနော့်မှာမရှိပါဘူး။ သူ့ ကိုသံကြိုးချဉ်ထားရတာ လျှောက်ပြေးပြီး သူ့ ကိုယ်သူ နာကျင်အောင်မလုပ်နိုင်ဖို့  ပါ။ဒါကျနော်အကောင်းဆုံးလုပ်တာပါပဲ။ လို့ ဖခင်ဖြစ်သူကဆိုပါတယ်။

ဒီပုံတွေအင်တာနက်စာမျက်နှာပေါ်တက်လာတော့ ဓာတ်ပုံတွေက စိတ်မချမ်းသာစရာပါပဲ။ သူတို့ ရွာ သားတွေနဲ့  သူ့ ဖခင်မှာ ဒီထက်ကောင်းတဲ့ဖြေရှင်းချက်တွေ မရှိကြတော့ဘူးလား လို့ ဝေဖန်ကြပါတယ်။

The miserable existence of Cheng Xiangtao has been met with outrage throughout his native China

No comments:

Post a Comment