Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 24, 2013

တရုပ်ပြည်သို. သွားနေတဲ့ ရှေးဟောင်းရတနာတွေ



ရှေးဟောင်းပစ္စည်းများသယ်ဆောင်လာသူ ဖမ်းဆီးအရေးယူ။
............................................................................
၂၃-၉-၂၀၁၃ ရက်နေ့ ၀၃၄၅ အချိန် ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ တက်ခမ်းဟိုတယ်အနီး၊ နှစ်နိုင်ငံခြံစည်းရိုးခိုးဝင်ပေါက်တွင် မူဆယ်မြို့မရဲစခန်း
မှတပ်ဖွဲ့ဝင်များသည် သတင်းအရ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ စဥ့်အိုးတန်းလမ်းနေ မရင်ရင်ရွှေ(၃၂)နှစ် ယူဆောင်လာသည့် စက္ကူဂျပ်ဖာများအား
စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ အ၀ါရောင်ပေရွက်နှင့် ရွှေရောင်ပေရွက်များပေါ်တွင် ဘုရားပုံတော်
များရေးဆွဲထားသည့် ပေပုရပိုက်(၃၀၀)ခု၊ ယွန်းပြားဖြင့် ပြုလုပ်ထားသည့်
ရွှေရောင်နှင့်အနက်ရောင်ရုပ်ပုံစာတန်းများပါ ယွန်းပြား(၁၂၃)ချပ်၊ သစ်သားဖြင့်
ပြုလုပ်ထားသည့်ရုပ်ပုံများပါ ငွေရောင်သစ်သားပြား(၁၉)ချပ်၊ ကြေးဆင်းတုတော်
(၅)ဆူ၊အညိုရောင်မဟာပိန္နဲရုပ် ကြေးသွန်းဆင်းတုတော်(၁)ဆူနှင့် ဆင်ခံမြင်းခံ
ကြေးသွန်းဆင်းတုတော်(၁)ဆူတို့အားသိမ်းဆည်းရမိခဲ့သဖြင့်မရင်ရင်ရွှေအား
မူဆယ်မြို့မရဲစခန်း(ပ)၂၁၇/၂၀၁၃၊ ရှေးဟောင်းသတ္တုပစ္စည်းများ
အက်ဥပဒေပုဒ်မ ၇(၅)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment