အဆိုတော် စန္ဒီမြင့်လွင်က သူ့ရဲ့ တတိယ တစ်ကိုယ်တော် အခွေကို လည်း စတင်
စီစဉ်နေပြီ ဖြစ်ပြီး ဒီ အခွေ လုပ်ဖို့ အတွက် ဖိအားတွေ လည်း ရှိနေ တယ် လို့
ပြောပါ တယ်။
“အခု တတိယခွေ လုပ်ဖို့ကို နည်းနည်းလေး အပျင်းကြီးသလိုလို၊ အခွေ တစ်ခွေ လုပ်ရတဲ့ စိတ်ဖိစီးမှု၊ အခွေတစ်ခွေ လုပ်ရတဲ့ ဖိအားတွေ က တအား ဖိထား သလိုဖြစ် တယ်။ အခုဆိုရင် အခွေ အကြောင်း သိပ် မစဉ်းစားဘူး။ လွတ်လွတ် လပ်လပ်ပဲ နေတယ်။ အဲဒါကြောင့် ဝတောင်ဝ လာတယ်။ အခွေကိစ္စ စဉ်းစားရင် ပိန်အောင်လည်း လုပ်ရမယ်။ တအားပိန်ပြီး စိတ်က လည်း ဒါမှဒါ ဖြစ်နေတယ်။ ကိုယ့် စိတ်ကို တအား ဖိစီးသလို ဖြစ်နေတယ်။ စိတ်က အပြည့်အဝရောက် နေတယ်။ အဲဒါ ကြောင့် လည်း ပြန်အောင်မြင် တာပေါ့။ စိတ်အပြည့်အဝ မရောက်ဘဲ နဲ့တော့ မလုပ်ချင် ဘူး။ ပထမ အခွေ၊ ဒုတိယ အခွေတွေ ပေါက်လို့ နောက် တစ်ခွေကို မလုပ် ရဲတာ မဟုတ်ဘူး။ အခွေ တစ်ခွေ လုပ်ရတဲ့ ဖိစီးမှုကို ကိုယ့်ဘာသာ ကိုယ်သိတယ် ကိုယ် က ပေါ့ပေါ့လေး မလုပ်တတ်ဘူး။ ကိုယ် တစ်ယောက်တည်းပဲ အကုန်လိုက် လုပ်ရ တယ်။ မန်နေဂျာ မရှိဘူး။ ကိုယ့်စိတ်နဲ့ ကိုယ်လုပ်ရမှ အားရတယ်။ ကိုယ့်ဘာသာ ကိုယ် စိတ်ဖိစီးတယ်။ အခွေကို အစ အဆုံး ကိုယ်ပဲ လုပ်ရတာ ဆိုတော့ အဲဒါကို နည်းနည်းကြောက် နေတယ်” လို့ စန္ဒီမြင့်လွင် က ပြောပါတယ်။
လူငယ်တွေနဲ့ တစ်သားတည်း ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး နဲ့နေတတ်တဲ့ စန္ဒီမြင့်လွင် က စိတ်က လည်း လွတ်လွတ် လပ်လပ် ပဲနေချင်ပြီး တအားဖိ အားများတဲ့ သီချင်းတွေ ကိုလည်း မဆို တတ်ဘူးလို့ ပြော ပါတယ်။
စန္ဒီ မြင့်လွင်က အောက်တို ဘာလထဲ မှာ သြစ တြေး လျ ကို ဖျော်ဖြေရေး ခရီးစဉ် အနေနဲ့ သွား ဖို့ရှိပြီး နှစ်ပတ်လောက် ကြာမှာ ဖြစ် ကြောင်း သိရပါ တယ်။ သူ့ရဲ့ တတိယ တစ်ကိုယ်တော် အခွေကို ၁၂လ ပိုင်းလောက် မှာ ထွက်ဖို့ စီစဉ် ထားကြောင်း စန္ဒီမြင့်လွင်က ပြောပါတယ်။
သတင်း-ခိုင်ဝေလွင်
ဓာတ်ပုံ-(စန္ဒီမြင့်လွင် facebook)မှ

No comments:
Post a Comment