Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 15, 2013

ပုဇွန်တောင်ချောင်းအဝ၌ နစ်မြုပ်သွားခဲ့သော ဓမ္မစေတီ ခေါင်းလောင်းကြီး



၁၆၁၂ ခုနှစ်တွင် ပုဇွန်တောင်ချောင်းအဝ၌ နစ်မြုပ်သွားခဲ့သော ဓမ္မစေတီ ခေါင်းလောင်းကြီးကို ကျိုက်ထီးဆောင်းဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တပညာဒီပ ဦးဆောင်သော သာသနာပြုအဖွဲ့က ပြန်လည်ဆယ်ယူမည့် အစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါသတင်းနှင့် စပ်လျဉ်း၍ The Street View Journal က ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးဉာဏ်ထွန်းဦးအား မေးမြန်းရာ ခွင့်ပြုသည်မှာ မှန်ကန်ကြောင်း၊ လုပ်ငန်းအောင်မြင်မှုမှာ ခေါင်းလောင်းကြီး တည်နေရာကို သိနိုင်မသိနိုင်နှင့် ဆယ်ယူမည့် နည်းပညာ လုံလောက်မှုရှိ မရှိပေါ် မူတည်မည်ဟု ယူဆကြောင်း၊ ငွေကြေးကိုလည်း ကျိုက်ထီးဆောင်း သာသနာပြုအဖွဲ့ကပင် ကျခံမည်ဟု သိရကြောင်း၊ လိုအပ်ပါက ရန်ကုန်တိုင်း အစိုးရအဖွဲ့က အခြားလိုအပ်သည့် အကူအညီများ ပေးသွားမည်ဟု ဖြေကြားသည်။

စက်တင်ဘာလ ၉ ရက်နေ့ထုတ် The Street View ဂျာနယ်ပါ
‘ဓမ္မစေတီခေါင်းလောင်းကြီးကို ကျိုက်ထီးဆောင်းဆရာတော် ဦးဆောင်သော သာသနာပြုအဖွဲ့က ဆယ်ယူမည်’ သတင်းမှ ကောက်နုတ်ချက်

[ ဤကဏ္ဍတွင် ကောက်နုတ်ဖော်ပြထားသော အကြောင်းအရာ များသည် သက်ဆိုင်ရာမီဒီယာ သို့မဟုတ် စာရေးသူများ၏ အာဘော်သာဖြစ်ပြီး The Voice Weekly အယ်ဒီတာအဖွဲ့ အနေနှင့် သဘောတူခြင်း မတူခြင်းကို ကိုယ်စားမပြုဘဲ အပေါင်းလက္ခဏာ ဖြစ်စေ၊ အနုတ်လက္ခဏာ ဖြစ်စေ ထူးခြားသော အသွင်တစ်ခု ဆောင်နေပါက စာဖတ်ပရိသတ်များ သတိပြုမိစေလို၍ ပြန်လည်ကိုးကား ဖော်ပြခြင်း ဖြစ်ပါသည်။ ]

The Voice Weekly

No comments:

Post a Comment