Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 11, 2013

ဓာတ်ဆီပေနေသောလက်ဖြင့် မီးခြစ်ရာမှ မီးလောင်သေဆုံး


Wednesday, September 11, 2013

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့၊ ကျောင်းကုန်း(န)ရပ်ကွက်မှ အမျိုး သား တစ်ဦးသည် သြဂုတ်လ ၅ရက်နေ့က နေအိမ်ရှိ သံပန်းများ အား ဆေး သုပ်ပြီးနောက်ပေနေသောလက်အား ဓာတ်ဆီဖြင့်ဆေး၍ဆေးလိပ်သောက် ရန် ဂက်စ်မီးခြစ် အား ခြစ်ရာမှ မျက်နှာ၊ ရင်အုံနှင့် လက်နှစ်ဖက်တို့တွင် မီးလောင်ဒဏ်ရာများ ရရှိ၍ ဆေးရုံတက် ကုသမှုခံယူခဲ့ခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာ ရဲမှတ်တမ်းများအရ သိရသည်။

ယင်းသေဆုံးသွားသော အသက် ၂၄နှစ်အရွယ်ရှိ ကိုသက်နောင်သည် အင်းစိန်ဆေးရုံတွင် မီးလောင် ဒဏ်ရာများဖြင့် တက်ရောက် ဆေး ကုသနေစဉ် စက်တင်ဘာလ ၁၀ရက်နေ့တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း ယင်းဆေးရုံမှ သိရသည်။

အဆိုပါသေဆုံး မှုအား ဓမ္မတာအတိုင်းဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် ဒုရဲအုပ်သန်းအုန်းမှ တရားလို ပြုလုပ် တိုင်တန်း၍ လှော်ကားမြို့နယ် ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁၄/၁၃ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း ဆက်လက် သိရသည်။

မြန်မာ့ခေတ်

No comments:

Post a Comment