Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 3, 2013

ဘီကီနီဝတ်စုံနဲ့ရိုက်ဖို့ သုံးလကျော် လေ့ကျင့်ခဲ့ရတယ်ဆိုတဲ့ ဘောလိဝုဒ်မင်းသမီး

Murder 3 actress Aditi Rao Hydari is the newest girl to join Bollywood's bikini brigade.  In Akshay Kumar's upcoming action film Boss, Aditi oozes oomph in a reddish-pink bikini, that accentuates her curves.  The actress will be romancing Shaitan actor Shiv Pandit in the film, slated for October 16 release. Ahead: Bollywood's hottest bikini babesဘောလိဝုဒ်မင်းသမီးချော အာဒီတီရာအိုဟီဒါရီဟာ လာမယ့်အောက်တိုဘာလမှာထွက်ရှိမယ့် ရုပ်ရှင် ဇာတ်ကား "Boss" မှာ ပါဝင်မယ့် ဇာတ်ဝင်ခန်းတစ်ခန်းဖြစ်တဲ့ ဘီကီနီဝတ်ပြီး သရုပ်ဆောင်ရမယ့် အခန်း တစ်ခန်းအတွက် သုံးလကျော်လောက်လေ့ကျင့်ခဲ့ရတယ်လို့ ဖွင့်ဟလိုက်ပါတယ်။

ဒီဇာတ်ဝင်ခန်းမှာ ဟီဒါရီရဲ့ သရုပ်ဆောင်မှုဟာ အားလုံးကိုငေးမောမှင် တက်သွားစေလောက်အောင် ကောင်းမွန်ခဲ့တယ်လို့ ဒီရုပ်ရှင်ရဲ့ဒါရိုက်တာအန်သိုနီဒီဆူဇာက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မင်းသမီးရဲ့ အတွင်းသိတစ်ဦးကတော့ ဒီဇာတ်ဝင်ခန်းကို တိကျစွာ အကောင်းဆုံးသရုပ်ဆောင်နိုင်ဖို့အတွက် သုံးလ ကျော်လောက် အချိန်ပေးလေ့ကျင့်ခဲ့တာကြောင့် ဖြစ်ပါလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီရုပ်ရှင်ထဲမှာ ဘီကီနီဝတ်ပြီး သရုပ်ဆောင်ရမယ်ဆိုတာသိရလို့ ဘယ်လိုခံစားခဲ့ရသလဲလို့ မင်းသမီးကိုမေးမြန်းကြတဲ့ အခါမှာတော့ “ရေချိုးကန်ထဲမှာ ဆိုရင်တော့ ကျွန်မအမြဲတမ်း ဘီကီနီဝတ်လေ့ရှိပါတယ်။ ဒါကို ကျွန်မ ပထမဆုံးဝတ်ရတာတော့ မဟုတ်ပါဘူး”လို့ မင်းသမီးက ဖြေကြားခဲ့ပါတယ်။

နာမည်ကျော်မင်းသား အာရှေးကူးမားက ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး အခြား နာမည်ကျော် မင်းသားတွေအများကြီး ပါဝင်ထားတဲ့ "Boss" ရုပ်ရှင်ဇာတ်ကားဟာ အိန်္ဒိယအက်ရှင်ဟာသရုပ်ရှင်ဖြစ်ပြီး မင်းသမီးဟီဒါရီအတွက်တော့ ခုနစ်ကားမြောက်ရုပ်ရှင်ကားဖြစ်ပါတယ်။

အောင်သုတ
Mizzima - News in Burmese

No comments:

Post a Comment