- 24 September 2013 |
- By Good Health
ငယ်ရွယ်စဉ်အ ခါက စိတ်ဒဏ်ရာနှစ်ခု ဒါမှမဟုတ် နှစ်ခုထက် ပိုမိုရရှိတဲ့ အမျိုး သားတွေမှာမူ အသက် ၅ဝ မတိုင်ခင် သေဆုံးနိုင်ခြေ ၅၇ ရာ ခိုင်နှုန်း ရှိတယ်လို့ သုတေသီတွေက တွေ့ရှိထားပါတယ်။ ပြင်သစ်အမျိုးသားကျန်းမာရေးဌာနနဲ့ လန်ဒန်ကျန်းမာရေး တက္ကသိုလ်မှ အချိန်မတိုင်ခင် သေဆုံးသူပေါင်း ၁၅ဝဝဝ ယောက် ကျော်ကို လေ့လာခဲ့ရာမှ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ သုတေ သန ပြုလုပ်ရာမှာ ပညာရေးအဆင့်၊ လူနေမှုပုံစံ၊ အရပ်နဲ့ ဆေးလိပ်သောက်တာနဲ့ ငယ်ရွယ်စဉ်က စိတ်ပိုင်းဆိုင်ရာပြဿနာ တွေ ထည့်သွင်းစဉ်းစားခဲ့တယ်လို့ ဆိုပါတယ်။
အရွယ်မတိုင်ခင် သေဆုံးရတဲ့ အကြောင်းရင်းတွေဟာ မိမိကိုယ်မိမိ သတ်သေ တာ ဒါမှမဟုတ် အရက်စွဲတာ ဒါမှမဟုတ် ဆေးစွဲတာတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ဆိုပါတယ်။ ကလေးဘဝမှာ စိတ်ဖိစီးမှု အလွန်များတာကြောင့် သူတို့ရဲ့ ဟော်မုန်းညီညွတ်မျှတမှု မရှိ တော့တဲ့အပြင် ခုခံအားစနစ်ပါ ထိခိုက်တာကြောင့် ကာယဖွံ့ဖြိုးမှု အပေါ် သက်ရောက်မှုရှိပြီး သေဆုံးကြတယ်လို့လည်း သိရပါတယ်။
No comments:
Post a Comment