The Melting Pot 4 U (စုံစီနဖာဟင်းလေးအိုးကြီး)
ဘွဲ့ ရအလုပ်လက်မဲ့၊ဘွဲ့ ရပြီး ကိုယ်ရတဲ့ဘွဲ့ နဲ့ မဆိုင်တဲ့နယ်ပယ်မှာ အလုပ်လုပ်နေကြရတယ်ဆို တာမြန်မာပြည်မှာ တင်ရှိတာမဟုတ်ပါဘူး။ ဓာတ်ပုံထဲကအမေရိကန်သူလေး အဲလစ်ဘာလက်တာ ဟာ လည်း သူရတဲ့ဘွဲ့ နဲ့ မကိုက်ညီတဲ့အလုပ်ကိုလုပ်ကိုင်နေရတာပါပဲ။ ဘာလက်တာဟာ သမိုင်းအဓိကဘာသာရပ်နဲ့ ဘွဲ့ ရခဲ့ပေမယ့် အခုသူလုပ်နေတာကတော့ ကလေးထိန်း တဲ့ နာနီပါ။
ရှားလော့၊နော့သ်ကယ်ရိုလိုင်းနားမှာ ကလေးထိန်းအလုပ်အတွက်
လျှောက်လွှာတင်တော့ မိသားစု သုံးစုက သူ့ ကို အလုပ်ခန့် ချင်ခဲ့ကြတယ်။ ဘွဲ
့ရကလေးထိန်းတဲ့သူ့ ကိုလည်း အထင်တကြီးဖြစ်ကြ ပါ တယ်။ သူတို့ ကသူ တို့ ကလေးရဲ့ အိမ်စာတွေကိုကူညီပေးနိုင်မယ့်သူတယောက်လိုချင်တာပါလို့  ဘာလက်တာကပြောပါတယ်။
ဘာလက်တာဟာ ကောလိပ်တက်နေစဉ်က ငွေပိုရဖို့ ကလေးထိန်းအလုပ်ကိုလုပ်ခဲ့ပြီး
ဘွဲ့ ရပြီးနောက် သူ့ နယ်ပယ်နဲ့ ပတ်သက်တဲ့အလုပ်အကိုင်ရဖို
့ရှာဖွေပေမယ့်မရခဲ့ပါဘူး။ အဲဒီအတွက်လည်း သူက၀မ်း မနည်း ခဲ့ပါဘူး။
ကလေးထိန်းတဲ့အလုပ်ဟာ သူ့ အတွက်
လခကောင်းကောင်းရ ပါတယ်။ တခါတလေ ဘောက်ဆူးကောင်းကောင်းတောင်ရပါသေးတယ်။ အခုသူထိန်းရတဲ့ကလေးက
ရေးနိုးလို့ ခေါ်ပြီး ၉ လသားပဲရှိပါသေးတယ်။။
ရေးနိုးလို့ ခေါ်ပြီး ၉ လသားပဲရှိပါသေးတယ်။။
ဘာလက်တာလိုပဲဘွဲ့ ရကလေးထိန်း တယောက်ဖြစ်တဲ့ နာတာလီပြောတာ ကတော့ ကောလိပ် ကဘွဲ
့ရတဲ့သူတွေကို ကလေးမိဘတွေကို ပိုသဘောကျကြတယ်။ ပညာတတ်နာနီတွေကို ပိုက်ဆံပိုပေးချင်ကြတယ်တဲ့။ နာတာလီဟာ အသုံးချသိပံနဲ့ ဘွဲ့ ရထားသူတယောက်ဖြစ်ပါတယ်။
နိုင်ငံတကာကလေးထိန်းအသင်းက ဒုဥက္ကဌ ဘိတ်ကီ ပြောတာကတော့ကလေးတွေ ကို စိတ်ချ လက်ချမထားခဲ့နိုင်ရင် ကလေး အမေတွေဟာ
အလုပ်ကိုအချိန်ပြည့် သွားလုပ်ကြမှာမဟုတ်ပါဘူး။ မိဘတွေကသူတို့ ကလေး ရဲ
့ပညာရေး ကိုစဉ်းစားတယ်။ တချို့ မိဘတွေဟာ သူတို့ ငှားမယ့်ကလေးထိန်းကို အစောပိုင်းကလေးငယ်ပညာရေးနဲ့  ပတ်သက်ပြီးဘွဲ့ ရမရ၊ ကလေးထိန်း အတွေ
့အကြုံရှိမရှိစတဲ့အချက်တွေကိုပါ ကြည့်တယ်။ တချို့  ကလေးထိန်းလျှောက် တဲ့သူတွေဆို ဘွဲ
့တွေကအများကြီး၊ မာစတာဘွဲ့ ရတွေတောင်ပါပါတယ်။ အဲဒီိလို မျိုးတွေ့ ရင်
အိုး၊ အဲဒီကလေး ထိန်းကို သူတို့ ယူမယ် ဖြစ်တော့တာပဲ တဲ့။
မဟာစီးပွားပျက်ကပ်ပြီးတဲ့နောက်ပိုင်း
ကလေးထိန်းအလုပ်ရှာဖွေရေးအေဂျင်စီတွေမှာ ဘွဲ့ 
ရပညာတတ်တွေအလုပ်ရှာတာပိုများလာတယ်လို့ ဆိုပါတယ်။
The Melting Pot 4 U(စုံစီနဖာ ဟင်းလေးအိုးကြီး)
No comments:
Post a Comment