Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 19, 2013

တောင်တွင်းကြီးတွင်(၈)တန်းကျောင်းသားတစ်ဦးရေနစ်သေဆုံးမှုဖြစ်ပွား




တောင်တွင်းကြီး စက်တင်ဘာ (၁၈)

မကွေးတိုင်း ဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ကန်တော်ကြီးကန်အတွင်း စက်တင်ဘာလ(၁၈)ရက် နံနက်(၁၁)နာရီခွဲ အချိန်ခန့်က (၈)တန်းကျောင်းသားတစ်ဦး ရေနစ်သေဆုံးမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နံနက်(၁၀)နာရီအချိန့်က တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၁)ရပ်ကွက်၊ အပိုင်း(၃)နေ ကျော်တင်စိုး၊ ဟန်ကိုလွင်၊ ပိုင်မင်းသူ၊ ရဲဇော်နိုင်၊ မင်းဝေအောင်တို့(၅)ဦးသည် ကန်တော်ကြီး ကန်အတွင်းရေစီးဝင်နေသော အနက်(၁၈)ပေ၊အကျယ်(၁၅)ပေရှိ ရေစီးမြောင်းပေါ်ရှိ တံတားပေါ်တွင်ထိုင်နေကြကြောင်း၊(၁၁)နာရီခွဲအချိန်ခန့်တွင် ပိုင်မင်းသူမှရေဆင်းချိုးကာ ရေနစ်နေ၍ မင်းဝေအောင်မှဆင်း၍ဆယ်ယူပြီး ပိုင်မင်းသူအားဘောင်ပေါ်သို့တွန်းတင်ပေးခဲ့ကြောင်း၊ မင်းဝေအောင်မှာ ရေမြောင်းအတွင်းနစ်မြုပ်ကာပြန်ပေါ်မလာတော့ခြင်းဖြစ်ကြောင်း အတူရှိနေသူ ရဲဇော်နိုင်ပြောပြချက်အရသိရှိရကြောင်းမှတ်တမ်းများအရသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တောင်တွင်းကြီးမြို့၊ရွှေကြာအင်း(၁)ရပ်ကွက်နေ(ဘ)ဦးအောင်မြိုင်၏သား (သ)၁၄နှစ်ရှိ မောင်မင်းဝေအောင် (၈)တန်း၊အထက(၂)သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်စစ်ဆေးနိုင်ရန် တောင်တွင်းကြီး ရဲတပ်ဖွဲ့စခန်း သေမှုသေခင်းအမှတ်စဉ်(၁၁/၂၀၁၃)ဖြင့် ခေတ္တစခန်းမှူး ဒုတိယရဲအုပ်စိုးရာဇာမှအမှုဖွင့်လှစ်ဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိသည်။

တောင်တွင်းကြီး မီဒီယာ

No comments:

Post a Comment