Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 5, 2013

ကမ္ဘာ့အကြီးဆုံး စိန်ဖြူ လေလံတင်ရောင်းချမည်



နယူးယောက် စက်တင်ဘာ ၅

ကမ္ဘာ့အကြီးဆုံးစိန်ဖြူအဖြစ် သတ်မှတ်ခံရသော စိန်တစ်လုံးကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ လေလံတင်ရောင်းချရန် ခင်းကျင်းပြသထားပြီဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက စက်တင်ဘာ ၅ရက်တွင် သတင်းထုတ်ပြန်သည်။ အာဖရိကတိုက်မှ တူးဖော်ရရှိခဲ့ သော အဆိုပါစိန်ဖြူသည် အလေးချိန် ၁၁၈ကရက်ရှိပြီး ဘဲဥပုံသဏ္ဌာန်ဖြစ်သည်။

ကမ္ဘာ့အကြီးဆုံးစိန်ဖြူကို တူးဖော်ရရှိခဲ့ပြီး လွန်ခဲ့ သည့်နှစ်နှစ်က သွေးခဲ့ပြီးချိန်နောက်ပိုင်း ခင်းကျင်းပြသ ခဲ့ခြင်း မရှိပေ။ ယခုအခါတွင် ယင်းစိန်ကို လေလံတင် ရောင်းချရန် ဆုသည်ဘိုင်လေလံကုမ္ပဏီ၏ မင်ဟတ်တန် (နယူးယောက်) ဌာနချုပ်က ခင်းကျင်းပြသထားသည်။
ယင်းစိန်သည် ဒေါ်လာ ၂၈သန်းမှ ဒေါ်လာ ၃၅သန်းအကြား တန်ဖိုးရှိသည်ဟု ခန့်မှန်းရသည်။
ရိုက်တာ။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်

No comments:

Post a Comment