Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 5, 2013

ဖလော်ရီဒါ ကမ်းရိုးတန်းမှ အမေရိကန် ဒေါ်လာ ၃၀၀၀၀၀ နှင့် ၃၅၀၀၀၀ ကြား တန်ဖိုးရှိ ရှေးဟောင်း ရတနာများ ဆယ်ယူရရှိ



အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ် အတွင်းရှိ ရေအောက် အဖိုးတန် ပစ္စည်း ရှာဖွေ ဆယ်ယူရေး ကုမ္ပဏီ တစ်ခုသည် Fort Pierce ကမ်းရိုးတန်း၏ ရေအောက် အနက် ပေ ၁၀၀၀ ခန့်တွင် ရှေးဟောင်း အဖိုးတန် ပစ္စည်းများကို မကြာသေးမီ ကာလ အတွင်းက ဆယ်ယူရရှိ ခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

တွေ့ရှိ ခဲ့ရသည့် ရတနာ သိုက်တွင် ပါရှိသော ရတနာ ပစ္စည်းများ၏ သက်တမ်းမှာ ရာစု နှစ်ပေါင်းများစွာ သက်တမ်းရှိပြီး တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၃၀၀၀၀၀ မှ ၃၅၀၀၀၀ ကြားတွင် ရှိကြောင်း၊ ရတနာ ပစ္စည်းများကို တွေ့ရှိခဲ့သူ အီရစ်စကပ်မစ်က်က ပြောကြားသည်။

အဆိုပါ ရတနာ ပစ္စည်းများတွင် ပေ ၇၀ မှ ၈၀ အထိ ရှည်လျားသော ရွှေကြိုးများ၊ ပီရူး နိုင်ငံသုံး ဒင်္ဂါး လေးပြားလည်း ပါဝင်ကြောင်းနှင့် ၎င်းရွှေထည် ပစ္စည်းများသည် ၁၇ ရာစုခန့်က စပိန် သင်္ဘောတစ်စင်း ပျက်စီးနစ်မြုပ် ခဲ့ရာမှ ကျန်ရှိသည့် ပစ္စည်းများဟု ယူဆရကြောင်း၊ ယခု တွေ့ရှိမှုသည် Fort Pierce ကမ်းရိုးတန်း တစ်လျှောက်တွင် ဆယ်ယူ ရရှိခဲ့သည့် ရတနာ များတွင် တန်ဖိုး အကြီးဆုံးနှင့် အများဆုံး ဆယ်ယူ ရရှိခဲ့သည့် ရတနာ ပစ္စည်းများ ဖြစ်ကြောင်း စကပ်မစ်က်က ပြောကြားသည်။

http://www.myawady.net.mm/allnews/global/item/24530-2013-09-05-14-43-19

No comments:

Post a Comment