Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 6, 2013

တက်ရောက်ခွင့် မပြုသည့် ပုဂံရှေးဟောင်းဘုရား တချို့ပေါ်သို့ နိုင်ငံခြားသားများ တက်ရောက်မှုရှိနေ

ပုဂံဒေသတွင် တက်ရောက်ခွင့်မပြုသည့် ရှေးဟောင်းဘုရား တချို့အပေါ်၌ နိုင်ငံခြားသားများ တက်ရောက်နေခြင်းသည် မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသည့် ဒေသခံများက ပြောဆိုသည်။

ဧည့်လမ်းညွှန် မပါသော၊ FIT ခရီးသွား တချို့သည် ရှေးဟောင်း သုတေသနဌာနမှ ခွင့်ပြုထားခြင်းလည်း မရှိသည့် ရှေးဟောင်း ဘုရားတချို့ အပေါ်တွင် နံနက် သို့မဟုတ် ညနေခင်း ဘက်များတွင် တက်ရောက်ကာ ပုဂံရှုခင်းများ ကြည့်ရှုလေ့လာမှု ပြုနေခြင်းသည် မတော်တဆ ဖြစ်နိုင်ခြေ များပြားလှကြောင်း ဒေသခံဧည့်လမ်းညွှန်များ၊ ခရီးသွား လုပ်ငန်းလုပ်ကိုင် သူများက ပြောဆိုကြသည်။

''တစ်ခါတုန်းကလည်း ၀က်ကြီးအင်းဂူ ပြောက်ငယ်ပေါ်က အမျိုးသမီးတစ်ဦး လိမ့်ကျသေဆုံးမှု ဖြစ်ခဲ့သေးတယ်'' ဟု ဧည့်လမ်းညွှန် တစ်ဦးက ပြောကြားသည်။

နိုင်ငံခြားသား FIT ခရီးသွားများသည် တက်ရောက်ရန် ခွင့်ပြုချက် ပေးမထားသည့်အပြင် တက်ရောက်ရန် ခက်ခဲသည့် ရှေးဟောင်း ဘုရားများပေါ်တွင် တက်ရောက်လေ့ ရှိကြောင်း သိရသည်။ ''နေ၀င်ချိန်ကြည့်ဖို့ ခွင့်ပြုပေးထားတဲ့ ရွှေဆံတော်လို ဘုရားမှာတောင် မတ်စောက်လွန်းလို့ ဖြစ်နိုင်ရင် လေးဘက်လေးတန်ကို အတက်လမ်း၊ အဆင်းလမ်း သီးခြားစီ ခွဲခြားထားဖို့ သင့်ပါတယ်။ မဖြစ်သင့်တာ မဖြစ်အောင်ပါ'' ဟု ဧည့်လမ်းညွှန် တစ်ဦးက ပြောကြားသည်။

ပုဂံရှေးဟောင်း ဘုရားပေါ်သို့ တက်ရောက်နေသည့် နိုင်ငံခြားသား ခရီးသွားများအား တွေ့ရစဉ်

Eleven Media Group

No comments:

Post a Comment