- 14 September 2013 |
- By Popular News
ထိုသို့မြစ်များ လျော့နည်းရခြင်း မှာ စာရင်းကောက်ယူရာတွင် မတိကျ မှု၊ မှားယွင်းလွဲချော်မှု၊ ရေနှင့်မြေဆီလွှာ လျော့နည်းဆုံးရှုံးမှုနှင့် ရာသီဥတုပြောင်း လဲမှုတို့ကြောင့် ဟုတရုတ်အစိုးရ တရားဝင် သတင်းထုတ်ပြန်ချက်က ဆိုသည်။ စာရင်းအင်း ပြုစုရေး အားနည်း ချက်များဆိုရာ၌ တရုတ်နိုင်ငံ၏ စာရင်း ကောက် ယူမှတ်တမ်း တင်ရေးစ နစ်တွင် လိုအပ်ချက်များရှိနေသည်မှာ အမှန် ဖြစ်သည်။ သူတို့ကျင့်သုံးနေသော မြေပုံ စနစ်သည် ရှုပ်ထွေးကာ အမှားအယွင်း များရှိနေသည်။ ဥပမာ ချင်ေ ဒါင်မြစ် ကြောင်း သည် ယခင်မြေပုံထဲ၌ အထင်း သားပေါ်နေခဲ့သည်။ လက်ရှိမျက်မြင်အားဖြင့်လည်း ရေအလုံးအရင်းဖြင့် စီး ဆင်းနေသောမြစ်ဖြစ်သည်။ သို့သော် ထပ်ဆွဲေ သာပုံတွင် မူချင်ဒေါင်မြစ်ကြောင်း နေရာကို ကားလမ်းအဖြစ် မှတ်တမ်း တင်ထားသည်။ ထိုသို့ မြစ်တကယ်ရှိ နေပါလျက်နှင့် မရှိဟုမှားမှတ်မိ၍ မြစ် များ”ပျောက် ဆုံး”သွားခြင်း မျိုးလည်း ရှိ သည်။
ယင်းဖြေရှင်းချက်သည် ဖြစ်စဉ်၏ အကြောင်းရင်းများအနက် တစ်ခုအဖြစ် ဖြင့် လက်ခံနိုင်ဖွယ်ဖြစ်သော်လည်း တရုတ်နိုင်ငံရှိ သဘာဝပတ်ဝန်းကျင် ရေးရာ လှုပ်ရှားသူ အချို့ကမူ ထိုမျှနှင့် ကျေနပ်ခြင်းမရှိချေ။”နိုင်ငံရဲ့မြစ်ပေါင်း ၂၈ဝဝဝ ကျော် မြေပုံပေါ်က ပျောက် သွားတယ်လို့ သိရတာ အံ့အားသင့်စ ရာပဲ။ သဘာဝကပ်ဘေးလား၊ လူတွေ ကြောင့်လား၊ နှစ်ခုလုံးကြောင့်လည်း ဖြစ်နိုင်တယ်။ ကျွန်တော်ကတော့ လူ တွေကြောင့်ဖြစ်ဖို့က ပိုများတယ်လို့ ထင်တယ်”ဟု သူတို့ထဲမှတစ်ဦးက ဆို သည်။ရေ သယံဇာတဆိုင်ရာ ကမ္ဘာသိ ပညာရှင်တစ်ဦးဖြစ်သည့် ပီတာဂလိုက် က ရာသီဥတုပြောင်းလဲမှုသည် ကမ္ဘာ့ သယံဇာတများအပေါ် တကယ်တမ်း ခြိမ်းခြောက်နေ သည်။ ရေကောင်းရေ သန့်ပမာဏ လျော့နည်းလာနေခြင်း၊ ရေအရည်အသွေးကျဆင်းလာခြင်းနှင့် အစွန်းရောက် မိုးလေဝသဖြစ်ရပ်များက ယင်း၏ သက်ရောက် ထိခိုက်မှု ကို ညွှန် ပြနေသည်။ သို့သော် တရုတ်နိုင်ငံတွင် ဖြစ်ပေါ်နေသော ရေဘက်ဆိုင်ရာ စိန် ခေါ်မှုများသည် ရာသီဥတုပြောင်းလဲ ခြင်းတစ်ခုတည်းကြောင့် မဟုတ်ဟုဆို သည်။ သူက တရုတ်၏မြစ်ချောင်းများ တိမ်ကောပျောက်ကွယ်သွားခြင်း၏ အ ဓိကအကြောင်းရင်းမှာ မြစ်ရေများကို အဆင်ခြင်မဲ့ ထိန်းချုပ်မှုမဲ့ ထုတ် သုံးခြင်း ကြောင့် ပို၍ ဖြစ်နိုင် သည်ဟု ပြောသည်။
မြစ်ချောင်း ၂၈ဝဝဝ ပျောက်ကွယ် သွားကြောင်း သိရချိန်သည် တရုတ် နိုင်ငံတွင် မြို့ပြနှင့် စက်မှုလုပ်ငန်းများ တစ်ဟုန်ထိုး များပြားလာနေခြင်းနှင့် တိုက်ဆိုင်နေသည်။ ၁၉၉ဝ ခုနှစ်နှင့် ၂ဝဝဝ ခုနှစ်တို့ကြားတွင် တရုတ်မြို့ပြ ဧရိယာသည် စတုရန်းမိုင် ၅ဝဝဝ မျှပို ၍ ကျယ်ပြန့်လာခဲ့သည်။ တရုတ်၏ ဂျီ ဒီပီသည် ၂ဝဝဝ ခုနှစ်က အမေရိ ကန် ဒေါ်လာ ၁ ဒသမ ၁ဝ၉ ထရီလျံရှိခဲ့ရာ မှ ၂ဝ၁၁ ခုနှစ်တွင် ၇ ဒသမ ၃၁၈ ထရီ လျံအထိ တိုးတက်ခဲ့သည်။ ဖွံ့ဖြိုးလာ သောမြို့ပြနှင့်စီးပွားရေး၏ အကျိုးဆက် အဖြစ် ရေနှင့်စွမ်းအင်အရင်းအမြစ်တို့ သိသာစွာလျော့နည်းသွားသည်။တရုတ်တို့သည် ရေပမာဏ လျော့ နည်းသည့်ပြဿနာကိုသာ ရင်ဆိုင်နေရ သည်မဟုတ်၊ ရှိပြီးရေ အရင်းအမြစ် များ၏ အရည်အသွေးသိသာစွာကျဆင်း လာနေမှု၏ ဒဏ်ကိုလည်း ခံနေရသည်။ တရုတ်မြို့ပြရပ်ရွာများမှ ထွက်သော မိလ္လာအညစ် အကြေးပမာ ဏ ၏ ၉ဝ ရာ ခိုင်နှုန်းနှင့် စက်မှုလုပ်ငန်းစွန့်ပစ်ရေ ၃၅ ရာခိုင်နှုန်းတို့သည် မည်သည့်သန့်စင်မှု မှမရှိဘဲမြစ်ချောင်းများထဲသို့ ဝင်ရောက် နေသည်။
အုပ်ချုပ်မှု လျော့ရဲသည့်အတွက် လွန်ခဲ့သောနှစ် စက်တင်ဘာလက ယန် စီမြစ်ထဲသို့အနီရောင်ညစ်ညမ်းရေများ ထုနှင့်ထည်နှင့် စီးဝင်ခဲ့ဖူးရာ တရုတ် အုပ်ချုပ်သူတို့ အကြောင်းရင်းကို ရုတ် တရက်ရှာမရခဲ့ပေ။ ထို့အပြင် ရှန်ဟိုင်း မြို့ကိုရေပေးနေသည့် ဟွမ်ပူမြစ်ထဲ၌ ဝက်အသေကောင်ရေ ၁၆ဝဝဝ မျှ မျော နေခြင်း၏လက်သည်ကို လည်းကောင်း၊ စီချွမ်ပြည်နယ် နန်ဟေမြစ်ထဲသို့ ဘဲ အသေအကောင် ၁ဝဝဝ လာပစ်သွားသူ ကိုလည်းကောင်း ယခုအထိ ရှာ၍မရ သေးချေ။
တရုတ်အစိုးရက ၂ဝ၁၁ ခုနှစ် အတွင်း ထုတ်ပြန်ချက်အရ စောင့်ကြည့် တိုင်းတာနေသော မြစ်ချောင်းများ အနက် ၄၃ ရာခိုင်နှုန်းသောမြစ် များ၏ ရေများ သည် သောက် သုံးဖို့မဆိုထားဘိ ထိ၍ပင်မသင့်သော အခြေအနေအထိ ညစ်ညမ်းနေသည်။ ယေးလ်တက္ကသိုလ် မှ တွက်ချက်မှတ်တမ်းတင်ထားသော ”၂ဝ၁၂ ခုနှစ် သဘာဝပတ် ဝန်း ကျင်ရေး ရာ စွမ်းဆောင်မှု အညွှန်းကိန်းဇယား” တွင် တရုတ်သည် အဆိုးရွားဆုံး နိုင်ငံ များထဲတွင် ပါနေသည်။ နိုင်ငံပေါင်း ၁၃၂ နိုင်ငံကို အမှတ်ပေးသည့် အနက် တရုတ် သည် ၁၁၆ နေရာတွင် ရောက် နေသည်။ တရုတ်နိုင်ငံ သဘာဝပတ်ဝန်း ကျင်ရေးရာဌာန ညွှန်ကြားရေးမှူး မာဂျွန်က”တရုတ်နိုင်ငံ၏အကြီးဆုံးမြို့ ကြီး ၃၂ မြို့အနက်မြို့ကြီး ၃ဝ သည် ရေမလုံလောက်မှုကို အနည်းနှင့်အများ ခံစားနေရသည်။ နိုင်ငံမြောက်ပိုင်းတွင် မြေပေါ်ရေအရင်းအမြစ်များ လျော့ နည်းလာနေသဖြင့် မြေအောက်ရေ ထုတ်ယူသုံးစွဲမှုသည် ပြန်ပြည့်နိုင်သော ပမာဏထက် များနေသည့်အတွက် ရေ ရှည်ခံမည်မဟုတ်”ဟု သတိပေးပြော ကြားလိုက်သည်။
တရုတ်နိုင်ငံသည် ရေအရင်းအ မြစ်ကဏ္ဍတွင် သဘာဝ၏မျက်နှာ သာ ပေးမှုကို နဂိုကတည်းကမရရှိခဲ့သော နိုင်ငံဖြစ်သည်။ တရုတ်နိုင်ငံ၏လူဦးရေ သည် ကမ္ဘာ့လူဦးရေ၏ ၂ဝ ရာခိုင်နှုန်း မျှရှိသော်လည်း တရုတ်ရေအရင်းအမြစ် သည် ကမ္ဘာ့ရေအရင်းအမြစ်၏ ၆ ရာခိုင်နှုန်းမျှသာ ရှိသည်။ တိုးလာသော လူဦးရေနှင့် စီးပွားဖွံ့ဖြိုးမှုတို့ကြောင့် ၂ဝဝဝ ခုနှစ်နှင့် ၂ဝဝ၉ ခုနှစ်အတွင်း တရုတ်နို င်ငံရှိ ရေကောင်းေ ရသန့်ပမာ ဏသည် ၁၃ ရာခိုင်နှုန်းမျှ လျော့နည်း သွားခဲ့သည်။ ရေလုံလောက်စွာ ရရှိရေး သည် တစ်ကမ္ဘာလုံးရင် ဆိုင်နေရေ သာ ပြဿ နာဖြစ်သော်လည်း ကမ္ဘာ့စီး ပွား ရေးထိပ်သီးနေရာကို အသည်းအသန် ရယူလိုနေသော တရုတ်တို့အဖို့ ယင်း ကိစ္စသည် အခြားနိုင်ငံများထက် ပို၍ အရေးကြီးေ နသည်။
ထို့ကြောင့် တရုတ်တို့သည် မိမိ နယ်နိမိတ်အတွင်း၌သာမဟုတ် နိုင်ငံ ပြင်ပအထိခြေဆန့်ကာ ရေကို ရသည့် နည်းဖြင့်ယူရန် ကြိုးစားနေကြ သည်။ ရေ သည် သောက် သုံးရန်၊ ခရီးသွားလာ ရန်အတွက်မျှသာ မဟုတ်။ စက်မှုလုပ် ငန်းများ၊ စွမ်းအင်ထုတ်လုပ်ငန်းများ၊ စိုက် ပျိုးမွေးမြူရေးလုပ်ငန်းများ တွင်လည်း မရှိ မဖြစ်ပါရေ သာအရာဖြစ် သည်။ အထက် ပါလုပ်ငန်းများ၌လိုအပ်သော ရေပမာဏ ကို လူတစ်ဦးနှုန်းနှင့်တွက်ပါက အိမ်သုံး သက်သက်ထက် ငါးဆမှအဆ ၂ဝအထိ လိုအပ်သည်။ တရုတ်အပါ အ ဝင် နိုင်ငံ အချို့သည် နိုင်ငံတွင်းရှိ ရေအရင်း အ မြစ်များကို သောက်သုံးရန်နှင့်ခရီးသွား လာရေးအတွက် ချန်ထားကာ အခြား ကဏ္ဍများအ တွက်လိုသောေ ရကို ပြင် ပ နိုင်ငံများသို့ ထွက်၍ တတ်နိုင်သမျှ ရယူ အသုံးချနေကြသည်။
မြစ်ကိုပိတ်၍ ရေကာတာဆောက် ပြီး လျှပ်စစ်ထုတ်ခြင်းသည် အပေါ်ယံ ကြည့်ပါက စွမ်းအင်ကဏ္ဍဟု မြင်နိုင် သော်လည်း စင်စစ်တွင် ရေအရင်းအမြစ် ကို အသုံးချခြင်း ပင် ဖြစ်သည်။ ထို့ ကြောင့် ဧရာဝတီမြစ်ဆုံတွင် ရေကာတာ ဆောက်ရန် စီစဉ်ခြင်းသည် မြန်မာ့ရေ အရင်းအမြစ်ကို တရုတ်နိုင်ငံသို့ လျှပ် စစ်စွမ်းအင်အသွင်ဖြင့် ပို့မည့် သေ ဘာ ဖြစ် သည်။တစ်နိုင်ငံ၏ရေကို အခြားတစ်နိုင် ငံက လှမ်း၍ အသုံးချခြင်းတစ်မျိုးကို စိုက်ပျိုးရေးကဏ္ဍတွင်လည်း တွေ့နိုင် သည်။ ငွေကြေးချမ်းသာသော နိုင်ငံ အချို့ သည် သီးနှံများကို နိုင်ငံတွင်း မစိုက်တော့ဘဲ အခြားနိုင်ငံများမှဝယ် ယူတင်သွင်းနေကြသည်။ ငွေကုန်ကြေး ကျပိုများသော်လည်း နိုင်ငံ၏လက်ရှိ ရေသယံဇာတကို ကုန်ခ န်းမသွားစေရန် ချွေတာကြခြင်းဖြစ်သည်။ နိုင်ငံအချို့ သည် အခြားနိုင်ငံများ၌ စိုက်ခင်းများ ငှားရမ်းကာ သီးနှံများ စိုက်ပျိုး၍ မိမိ နိုင် ငံသို့ ပြန်ပို့ခြင်ြး ဖင့် ပြည်ပေ ရအ ရင်း အမြစ်များကို မိမိနိုင်ငံအတွက် အသုံးချ နေကြသည်။
ထင်ရှားသော ဥပမာတစ်ခု အဖြစ် ဆော်ဒီအာရေဗျ၏ လုပ်ဆောင်ချက်ကို လေ့လာနိုင်သည်။ သဲကန္တာရနိုင်ငံဖြစ် သည့်ဆော်ဒီ သည် မြေပေါ်ရေမရှိ သဖြင့် နိုင်ငံ တွင်း ရှိ မြေအောက်ရေဖြင့် စိုက် ပျိုးမွေးမြူနေ ခဲ့သည်။ ယခုအခါ လက် ကျန်မြေအောက်ရေများ နည်းလာပြီဖြစ် ၍”ပင်လယ် ရပ်ခြားစိုက်ပျိုးရေး ရင်းနှီး မြှုပ်နှံမှု အစီ အစဉ် ”ဖြင့် ရေပေါသော အခြားနိုင်ငံ များသို့ ဆော်ဒီစိုက်ပျိုးသူတို့ ကို ပို့လွှတ်ကာ သီးနှံများကို မြေငှား၍ စိုက်ပျိုးထုတ် လုပ်စေပြီး ဆော်ဒီ သို့ ပြန်ပို့နေ သည်။ ဆော်ဒီ ကုမ္ပဏီ များသည် အာဖရိကတိုက် ဆီနီဂေါနိုင်ငံမှ အင်ဒို နီးရှားနိုင်ငံအထိ ရသမျှနိုင်ငံ များရှိ ရေ ပေါသောနေရာများတွင် စိုက်ခင်းမြေ များငှားရမ်းစိုက်ပျိုးကာ ထွက်လာသော သီးနှံ များ၏ အနည်းဆုံး ၅ဝ ရာခိုင်နှုန်း ကို ဆော်ဒီသို့ ပြန်ပို့နေကြသည်။
စိုက်ခင်းမြေငှားစားသော နိုင်ငံ အဖို့ လတ်တလော ဝင်ငွေရသည်မှန် သော်လည်း မိမိတို့နိုင်ငံတွင်းရေကောင်း ရေသန့် အရင်းအမြစ်များ လျော့နည်း ကုန်ခန်းသွားခြင်း၊ စွန့်ပစ်ရေအဖြစ် ပြောင်းသွားခြင်းကို ရင်ဆိုင်နေရသည်။ ကနဦးတွင် ယင်းဖြစ်စဉ်ကို မမြင်နိုင် သော်လည်း အထိန်းအချုပ်မဲ့ လုပ် ဆောင်ပါက ကြာလာသော အခါ တတိ တိကုန်ခန်းလာသော ရေသယံဇာတ ကြောင့် ဧရာမရေရှားပါး မှုကြီး ပေါ်လာ ဖို့ရှိနေသည်။
ထို့ကြောင့် အိမ်နီးချင်းနိုင်ငံကြီး တစ်ခုခုမှဖြစ်စေ၊ အခြားသူဌေးနိုင်ငံများ မှဖြစ်စေ မိမိတို့နိုင်ငံတွင် စိုက်ခင်းများ ထူထောင်ကာ ထွက်သောသီးနှံများကို သူတို့နိုင်ငံ များ သို့ ပြန်ပို့ရန်လည်းကောင်း၊ မိမိနိုင်ငံတွင်းမြစ်ချောင်းများကို အသုံး ချ၍ ရေအားလျှပ်စစ်ထုတ်ယူရန် လည်း ကောင်း ကမ်းလှမ်းလာခဲ့ လျှင်မိမိနိုင် ငံရှိ ရေ အရင်း အမြစ်အခြေအနေကို လေ့ လာတိုင်းတာပြီးမှ ခွင့်ပြုသင့်မသင့် ဆုံး ဖြတ်ရန်လိုအပ်သည်။ သဘာဝပတ်ဝန်း ကျင်နှင့် ရေအရင်း အမြစ်များ အပေါ် ရေရှည် သက်ရော က်နိုင် မည့် အကျိုး ဆက်များကို မစဉ်းစားဘဲ လက်ခံခွင့်ပြု လျှင် အနာဂတ်မျိုးဆက်များသည် ပတ် ဝန်းကျင်ညစ်ညမ်းမှုဒဏ်၊ ရေရှားသည့် ဒဏ်တို့ကို ခါးစည်း၍ ခံကြရလိမ့် မည်။
No comments:
Post a Comment