၂၀၁၃ ခုနှစ်ကမ္ဘာ့အပျော်ဆုံးနိုင်ငံများ အစီရင်ခံစာထွက်လာပါပြီ။ ဒီအစီရင်ခံစာက နိုင်ငံပေါင်း ၁၅၆ နိုင်ငံကို စစ်တမ်းကောက်ပြီး ထုတ်ပြန်တာပါ။ ကမ္ဘာပေါ်မှာအပျော်ဆုံးနိုင်ငံစာရင်းမှာ မြန်မာနိုင်ငံပါဝင်ပါသလား။
အပျော်ဆုံးနိုင်ငံ ဘယ်နိုင်ငံတွေဖြစ်မလဲ။
စစ်တမ်းအရ အပျော်ဆုံးနိုင်ငံတွေထဲမှာ စကင်ဒီနေဗီးယန်းနိုင်ငံတွေဖြစ်တဲ့ နော်ဝေ၊ဒိန်းမတ်၊ဆွီဒင်နို်င်ငံတို့  ဟာ ကမ္ဘာ့အပျော်ဆုံးငါးနိုင်ငံစာရင်းထဲမှာပါဝင်ပါတယ်။
မြောက်အမေရိကနိုင်ငံတွေဖြစ်တဲ့ ကနေဒါက နံပါတ် ၆ မက္ကဆီကို ၁၆ နဲ့ အမေရိကန်နိုင်ငံက နံပါတ် ၁၇လိုက်ပါတယ်။
စင်္ကာပူက နံပါတ် ၃၀ ထိုင်းက ၃၆။တရုတ်က ၉၃ဖြစ်ပြီး
မြန်မာနိုင်ငံက နံပါတ် ၁၂၁ မြောက်ပါ။
အပျော်ရွှင်ဆုံးနိုင်ငံတွေသိပြီးတဲ့နောက်မပျော်ရွှင်ဆုံးနိုင်ငံတွေကတော့ တိုဂို၊ရ၀မ်ဒါ၊ဘရွန်ဒီနိုင်ငံကလူတွေဟာ မပျော်ရွှင်ဆုံးလူတွေဖြစ်ပါတယ်တဲ့။
ဘာကြောင့်ပျော်ရွှင်ကြသလဲဆိုတာ စစ်တမ်းကောက်ယူသူတွေကသွားတွေ့ တဲ့အချက်တွေကတော့ ကျန်းကျန်းမာမာအသက်ရှည်ရှည်နေရမှု၊နိုင်ငံမှာ လာဘ်ပေးလာဘ်ယူကင်းရှင်းမှု၊သဒ္ဒါတရား၊GDPစတဲ့ အချက်တွေအပေါ်သွားပြီးမူတည်တယ်လို့ ဆိုပါတယ်။
အသေးစိတ်ဖတ်ရှုလိုသူများ ဒီလင့် (World Happiness Report 2013 ) ကိုကလစ်ပြီး သွားရောက်ဖတ်ရှုနိုင်ကြပါတယ်။
The Melting Pot 4 U (စုံစီနဖာဟင်းလေးအိုးကြီး)
အောက်ကပုံတွေကတော့ကမ္ဘာ့အပျော်ဆုံးဆယ်နိုင်ငံရဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။
၁။ဒိန်းမတ်
၂။နော်ဝေ
၃။ဆွစ်ဇာလန်
၎။နယ်သာလန်
၅။ဆွီဒင်
၆။ကနေဒါ
၇။ဖင်လန်
၈။ၾသစေၾတးလ်
၉။အိုက်စလန်
၁၀။ၾသစေၾတးလ်
Source
Source
No comments:
Post a Comment