Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 6, 2013

နေ့စဉ်သုံး အင်္ဂလိပ်စကားလုံးတွဲများ အပိုင်း (၆)


အင်္ဂလိပ်စကား ပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သော စကားလုံးတွဲများ (Phrases) နှင့် စကားပြော ပုံစံ (Pattern) များကို ဆက်လက် မျှဝေလိုက်ပါသည်။ ဖော်ပြထားသော ဥပမာ ဝါကျများကို အခြေခံကာ လိုအပ်သလို ဆပွား အသုံးပြုနိုင်ပါသည်။

 I'm calling to + (verb) - ဖုန်းခေါ်နေတယ်၊ ဖုန်းဆက်တယ် တစ်စုံတစ်ယောက်ကို တစ်စုံတစ်ခု ပြောရန် အတွက် ဖုန်းဆက်သော အခါ အသုံးပြုနိုင်ပါသည်။
- I'm calling to accept your invitation. မင်းဖိတ်တာကို လက်ခံတာ ပြောဖို့ ဖုန်းဆက်တာ။
- I'm calling to support your decision. မင်းရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံတဲ့အတွက် ဖုန်းဆက်တာ။
 - I'm calling to remind you of our dinner plans. ညနေစာ အစီအစဉ်အတွက် သတိပေးဖို့ ဖုန်းဆက်တာ။ - I'm calling to receive my prize. ဆု ရတဲ့ အကြောင်းပြောဖို့ ဖုန်းဆက်တာ။ (တစ်နေရာရာ က ဖုန်းဆက်နေကြောင်းပြောလိုလျှင် I’m calling from ဖြင့်သုံးနိုင်သည်။
ဥပမာ- I’m calling from Pyin Oo Lwin.) I'm working on + (noun) - ကြိုးစား လုပ်ဆောင်နေသည်။ လုပ်ငန်းတစ်ခုခု အတွက် စိတ်အားဖြင့် ဖြစ်စေ၊ ကိုယ်အားဖြင့် ဖြစ်စေ ကြိုးစားဆောင်ရွက်နေသည် ပြောလိုသော အခါ သုံးပါသည်။
- I'm working on educating myself. ပညာတွေ တတ်ဖို့ ကြိုးစားနေတယ်။
- I'm working on my homework. အိမ်စာတွေ ကြိုးစား လုပ်နေတယ်။
 - I am working on painting a house. အိမ်ကို ဆေးသုတ်တာ ကြိုးစား လုပ်နေတယ်။
I'm sorry to + (verb) - ဝမ်းနည်းပါတယ်၊ စိတ်မကောင်းပါဘူး၊ တောင်းပန်ပါတယ် တစ်စုံတစ်ယောက် အတွက် ဖြစ်စေ၊ တစ်စုံတစ်ခု အတွက် ဖြစ်စေ ဝမ်းနည်းကြောင်း၊ စိတ်မကောင်းကြောင်း ပြောလိုသောအခါ - I'm sorry to be so late. တော်တော်လေး နောက်ကျသွားတဲ့ အတွက် တောင်းပန်ပါတယ်။
 - I'm sorry to hear about your sick mother. မင်း အမေနေမကောင်းတာ ကို ကြားရတဲ့အတွက် စိတ်မကောင်းပါဘူး။
- I'm sorry to waste your time. မင်းအချိန်တွေကို ဖြုန်းမိတဲ့အတွက် တောင်းပန်ပါတယ်။
 - I'm sorry to disagree with your decision. မင်းရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူ နိုင်တဲ့အတွက် စိတ်မကောင်းပါဘူး။
 - I'm sorry to end this relationship. မင်းနဲ့ ပတ်သက်မှုကို အဆုံးသတ်လိုက် ရတဲ့အတွက် ဝမ်းနည်းပါတယ်။
 I'm thinking of + (verb-ing) - စဉ်းစား၊ တွေးတော နေသည်။
တစ်ခုခု ကို စဉ်းစား၊ တွေးတော နေသည်ကို ပြောလိုသော အခါ သုံးနိုင်ပါသည်။
တစ်စုံတစ်ယောက်ကို မိမိ၏ ကိုယ်ရေးကိုယ်တာ အတွေး၊ အမြင် တစ်ခုခု နှင့် ပတ်သက်၍ ပြောပြခြင်း ဖြစ်သည်။
- I'm thinking of increasing my work load. လုပ်ငန်း ပမာဏ တိုးမြှင့်ဖို့ စဉ်းစားနေတယ်။
 - I am thinking of launching a new website. ဝက်(ဘ်)ဆိုဒ်(တ်) အသစ်ကို မိတ်ဆက်ဖို့ စဉ်းစားနေတယ်။
 - I am thinking of moving to a new city. မြို့အသစ် တစ်ခု ပြောင်းမလို့ စဉ်းစားနေတယ်။
 - I am thinking of opening up a store. စတိုးဆိုင် အသစ်တစ်ဆိုင် ဖွင့်ဖို့ စဉ်းစားနေတယ်။


 အောင်ကိုဦး(UMK) Be the Best ! www.facebook.com/aungkou www.siraungkou-umk.blogspot.com Read more: နေ့စဉ်သုံး အင်္ဂလိပ်စကားလုံးတွဲများ အပိုင်း (၆) - Myanmar Network http://www.myanmar-network.net/forum/topics/3423487:Topic:901628#ixzz2e8jpmxpX

No comments:

Post a Comment