Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 24, 2013

မီးပုံထဲ ပြုတ်ကျခဲ့သည့် ကိုရီးယားနိုင်ငံသားတစ်ဦး သေဆုံး


ဇော်ဇော်ထွေး | အင်္ဂါနေ့၊ စက်တင်ဘာလ ၂၄ ရက် ၂၀၁၃ ခုနှစ် ၁၆ နာရီ ၃၀ မိနစ်

မရမ်းကုန်းမြို့နယ် ကမ္ဘာ့ဗုဒ္ဓဝိပဿနာ ကျောင်းတိုက်တွင် မီးပုံပေါ်သို့ ပြုတ်ကျခဲ့သည့် ကိုရီးယား နိုင်ငံသား တစ်ဦး ဆေးကုသနေရာမှ စက်တင်ဘာ ၂၁ ရက် ည ၈ နာရီတွင် သေဆုံးသွားခဲ့သည်။

အမှုတွင် စက်တင်ဘာ ၂၂ ရက် နံနက်က ကမ္ဘာ့ဗုဒ္ဓဝိပဿနာ ကျောင်းဝင်းအတွင်းရှိ ကရုဏာရှင်ကုသိုလ်ဖြစ် ဆေးခန်းတွင် ကိုရီးယား နိုင်ငံသားတစ်ဦး သေဆုံးကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြသည်။

ထို့ကြောင့် သေဆုံးသူမျာ ကိုရီးယားနိုင်ငံသားဖြစ်သူ Mr. Sohn Yong Chan (၇၇) နှစ် ကမ္ဘာ့ဝိပဿနာကျောင်းတွင် နေထိုင်နေသူတစ်ဦးဖြစ်သည်ဟု ရဲတပ်ဖွဲ့ကအတည်ပြုထားသည်။

၎င်း သည်အဆိုပါကျောင်းသို့ ၁၉၉၃ ခုနှစ်မှ စ၍ ရဟန်းဝတ်ဖြင့် ရောက်ရှိနေ သူဖြစ်ပြီး ၁၉၉၉ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံသို့ ပြန်သွားခဲ့ပြီး ၂၀ဝ၀ ခုနှစ်တွင် လူဝတ်ဖြင့် ပြန်လည်ရောက်ရှိပြီး ယနေ့အချိန်ထိ နေထိုင်နေသူလည်း ဖြစ်သည်။

၎င်းသည် စက်တင်ဘာ ၁၆ ရက် ညနေချိန်တွင် အရက်သေစာ သောက်စားမူးယစ်ပြီး ကျောင်းဝင်းအတွင်းရှိ အမှိုက်များ မီးရှို့စဉ် မီးပုံပေါ်သို့ လဲကျခဲ့သည်။ ထို့ကြောင့် ခန္ဓာကိုယ်ကျောဘက်နှင့် ဝဲဘက်လက်တို့တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး ကျောင်းဝင်း အတွင်း ဖွင့်လှစ်ထားရှိသော ကရုဏာရှင်ကုသိုလ်ဖြစ် ဆေးခန်းတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ကနဦးအနေဖြင့် သိရှိထားသည်ဟု ဆိုထားသည်။

ထို့ကြောင့် အလောင်းအား မြောက်ဥက္ကလာပဆေးရုံသို့ ပို့အပ်ပြီး ဓမ္မတာအတိုင်း သေဆုံးသွားခဲ့ခြင်း ဟုတ်၊ မဟုတ် ဆက်လက် စစ်ဆေးနိုင်ရန် မရမ်းကုန်းမြို့နယ်ရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၂၃/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိသည်ဟု တိုင်းရဲဌာနကဆိုထားသည်။

No comments:

Post a Comment