Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 5, 2013

တရုတ် ကလေးငယ်၏ မျက်စိ နှစ်လုံးကို ဖောက်ယူသူမှာ ၎င်း၏ အဒေါ်ဖြစ်နေ



တရုတ်နိုင်ငံ ရှန်းရှီးပြည်နယ် အတွင်း၌ လွန်ခဲ့သော သီတင်းပတ်က ဖြစ်ပွားခဲ့သော ခြောက်နှစ် အရွယ် ကလေးငယ်၏ မျက်စိကို ဖောက်ယူ သွားခဲ့သည့် အမှုနှင့် ပတ်သက်၍ ကလေးငယ်၏ မျက်စိကို ဖောက်ယူသူဟု ယူဆရသော အမျိုးသမီး တစ်ဦးသည် သြဂုတ် ၃၀ ရက် နံနက် ပိုင်းက မိမိကိုယ်ကို အဆုံးစီရင် သွားခဲ့သည်ဟု သိရသည်။

အဆိုပါ အမျိုးသမီးသည် မျက်စိဖောက်ထုတ် ခံခဲ့ရသူ ကူပင်း၏ အဒေါ်ဖြစ်သူ ကျန်းဟွီရင် ဖြစ်ကြောင်း သိရသည်။ ရဲတပ်ဖွဲ့ဝင် များ၏ ပြောကြားချက် အရ ကူပင်း၏ သွေးစ များသည် ကျန်း၏ အ၀တ်အစား များတွင် စွန်းထင်နေခဲ့ သောကြောင့် DNA စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ မျက်စိဖောက်ယူ သွားသူမှာ ကျန်းဟွီရင် ဖြစ်သည်ဟု ဖော်ထုတ် နိုင် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြစ်မှု ကျူးလွန်ခဲ့သူ ကျန်းဟွီရင်သည် ၎င်း၏ အပြစ်ကို သြဂုတ် ၃၀ ရက် နံနက်တွင် ရေတွင်းထဲသို့ ခုန်ချ၍ မိမိကိုယ်ကို အဆုံး စီရင်ခြင်းဖြင့် ၀န်ခံခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားခဲ့ပြီး ကလေးငယ်၏ အခြေအနေ မှာမူ စိုးရိမ်ဖွယ်ရာ မရှိတော့ကြောင်း သိရသည်။

No comments:

Post a Comment