Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 17, 2013

ကိုရီးယားမင်းသမီး ချန်ဂင်လှူဒါန်းခဲ့သည့် စာသင်ကျောင်းပြီးစီးရန် အလှူရှင်များလိုအပ်နေသေး


ယုဝေ | အင်္ဂါနေ့၊ စက်တင်ဘာလ ၁၇ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၃၈ မိနစ်

သီလရှင်သင်မူလွန်စမ်းမြသီတာ ပညာရေးကျောင်းဆောက်လုပ်ရန် ကိုရီးယားမင်းသမီး ချန်ဂင်က မတည်လှူဒါန်းခဲ့သည့် စာသင်ကျောင်းမှာ ပြီးစီးရန် အလှူရှင်များလိုအပ်နေသေးသည်ပာု ဓမ္မာစရိယတိုက်အုပ် ဒေါ်ဧသိင်္ဂီက မဇ္ဈိမကို ပြောသည်။

မင်းသမီး ချန်ဂင်သည် စာသင်ကျောင်းဆောက်လုပ်ရန် အမေရိကန်ဒေါ်လာ နှစ်သောင်း (လှူဒါန်းစဉ်က မြန်မာ ကျပ်ငွေသိန်း ၁၇၀ ခန့်) ကို ၂၀၁၂ ခုနှစ် သြဂုတ် ၂၇ ရက်က ပဓာနနာယက ဒေါ်ဟေမာရီနှင့် ဓမ္မာစရိယ ဒေါ်ဧသိင်္ဂီတို့ ကို ကိုရီးယားနိုင်ငံသို့ပင့်ဖိတ်၍ လှူဒါန်းခဲ့ခြင်းဖြစ်သည်။

“ဒီငွေတွေနဲ့ စတင်ဆောက်လုပ်ခဲ့တာခုဆိုရင် အကြမ်းပြီးသွားပါပြီ။ ခုဆောက်လုပ်စရိတ်က သိန်းလေးရာကျော် သွားပါပြီ။ နောက်ထပ်အပြီးအစီးကို သိန်းနှစ်ရာကျော်လောက်ကုန်မှာပါ” ဟု ဒေါ်ဧသိင်္ဂီက ပြောကြားခဲ့သည်။

ဆောက်လုပ်ဆဲ စာသင်ကျောင်းဆောင်မှာ လေးထပ်ကျောင်းဆောင်ဖြစ်ပြီး အပေါ်ဆုံးအထပ်ကို ဘုရားရှိခိုးခန်းအဖြစ် အသုံးပြုမည်ဖြစ်ပြီး ကျန်ရှိသည့် အထပ်များအား စာသင်ခန်းအဖြစ် အသုံးပြုမည်ဖြစ်သည်ဟု သိရသည်။

ဆောက်လုပ်ဆဲ လေးထပ် စာသင်ကျောင်းမှာ အကြမ်းထည်သာပြီးသေးပြီး တစ်ထပ်လျှင် တံခါးများ တပ်ဆင်ခ သိန်းနှစ်ဆယ်ခန့် ကုန်ကျမည်ဖြစ်ကာ အမိုးလှူမည့် အလှူရှင်ရရှိပြီးဖြစ်သော်လည်း အပြီးအစီး ဆောက်လုပ်ပြီးစီးရန်ကိုမူ အလှူရှင်များ လိုအပ်နေပေသည်။

“ကိုရီးယားအမျိုးသမီး မဂ္ဂဇင်းတစ်ခုကနေ ဆရာလေးတို့ ကျောင်းကို လာရိုက်တာကနေတစ်ဆင့် ကိုရီးယားမင်းသမီး ချန်ဂင်ကနေမြင်ပြီးတော့ လှူဖြစ်သွားတာပါ။ ပထမကြားတာတော့ အမေရိကန်ဒေါ်လာသုံးထောင် ပဲလှူဖြစ်မယ်ပေါ့နော်။ တကယ်တမ်းကြတော့ ဒေါ်လာနှစ်သောင်း
လှူဖြစ်သွားတာပါ” ဟု ယင်းမှ ဆက်လက်ပြောကြားသည်။

စမ်းမြသီတာ သီလရှင်သင်မူလွန် ပညာရေးကျောင်းနှင့် အမျိုးသမီးပရဟိတကျောင်းတွင် ကျောင်းအိပ် ကျောင်းစား စာသင်သား ၁၆၀ ဦးအပါအ၀င် တက်ရောက်သင်ကြားနေသူ စုစုပေါင်း ၆၀၀ နီးပါရှိသည်။ ဘာသာခြား ကလေးငယ်များလည်း တက်ရောက်သင်ကြားနေပြီး သင်ကြားပြသပေးနေသူ ဆရာ၊ ဆရာမ စုစုပေါင်း ၂၅ ဦးရှိသည်။

စမ်းမြသီတာ စာသင်တိုက်မှ တက်ရောက်သင်ကြားနေသူ ကျောင်းသား၊ ကျောင်းသူများအတွက် ဖတ်စာအုပ်၊ စာအုပ်၊ စာရေးကိရိယာများမှအစ ထောက်ပံ့ပေးနေပြီး ရည်ရွယ်ချက်မှာ ဘာသာရေးကို အခြေခံပြီး အကျင့်ပါသော ခေတ်ပညာများ တတ်မြောက်စေရန်၊ အမျိုးသမီးများ နောင်အနာဂတ်၌ အသိအလိမ္မာ ဥာဏ်ပညာများတိုး၍ လူမျိုး၊ ဘာသာ၊ သာသနာနှင့် နိုင်ငံ့ဂုဏ်ကို ထိန်းသိမ်းနိုင်သောသူများ ဖြစ်လာစေရန် ရည်ရွယ်ထားသည်ဟု တိုက်အုပ် ဆရာလေးက ဆိုသည်။

No comments:

Post a Comment