Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 11, 2013

ပုံပြ အင်္ဂလိပ်စကားပြော သင်ခန်းစာ

Episode 1 - Saying what you are doing
Posted by Myanmar Network on March 22, 2012 at 17:18 in အင်္ဂလိပ်စာ သိကောင်းစရာ အဖြာဖြာ     


 . Saying what you are doing (လောလောဆယ် ကိုယ်ဘာလုပ်နေတယ်ဆိုတာကို ပြောချင်ရင်)
Jam ဆိုတဲ့ ကာတွန်း အစီအစဉ်ကတော့ ဗြိတိသျှကောင်စီရဲ့ LearnEnglish Professionals website တွေမှာဖော်ပြထားတဲ့ ဇာတ်လမ်းတိုအတွဲများ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတိုလေးတွေရဲ့ ရည်ရွယ်ချက်ကတော့ ကျောင်းသူကျောင်းသားများ အင်္ဂလိပ်စာ သင်ယူနိုင်ဖို့ဖြစ်ပါတယ်။


ဇာတ်လမ်းကို Jam လို့အမည်ရတဲ့ Web Design ကုမ္ပဏီတစ်ခုရဲ့နေ့စဉ်ရုံးတွင်းကိစ္စလေးတွေနဲ့ သရုပ်ဖော်ပြထားပြီး သရုပ်ဆောင်များရဲ့ ပြောစကားကနေ အင်္ဂလိပ်စကားနဲ့ IT ပတ်သက်တဲ့ အင်္ဂလိပ်အသုံးအနှုန်းလေးတွေပါ လွယ်လွယ်ကူကူ ရသွားအောင် စီစဉ်ထားတာပေါ့။

အခုတစ်ပါတ်မှာတော့ လောလောဆယ်ကိုယ်ဘာလုပ်နေတယ်ဆိုတာကို ပြောဖို့ "Saying what you are doing" ကို တင်ပြထားတယ်။ ကြည့်ရအောင်နော်။

ဒီဇာတ်လမ်းမှာ သရုပ်ဆောင်သုံးယောက်ပါတယ်။ Office manager ဖြစ်တဲ့ Maria ရယ်၊ Designer ဖြစ်တဲ့ Jeff ရယ်နဲ့ ဒါရိုက်တာဖြစ်တဲ့ Alison ရယ်ပေါ့။ ပထမအကွက်မှာ Maria က Jeff ကို လှမ်းပြောနေတာပါ။ သူတို့ကို အလုပ်အပ်ထားတဲ့ World Records ကုမ္ပဏီက web pages တွေ ပြီးမပြီး ဖုန်းနဲ့ လှန်းမေးနေကြောင်းပေါ့။ Jeff က ဘာပြောသလဲ။ ကျွန်တော် အခု အဲဒါကို လုပ်နေပါပြီ၊ ဒီနေ့အပြီးရမယ်လို့။

တတိယအကွက်မှာ Maria က ဒါရိုက်တာဖြစ်တဲ့ Alison ကို ခဏလောက်အချိန်ပေးနိုင်မလား မေးတော့ Alison က အားဘူးတဲ့။ Report ကို အပြီးသတ်နေရလို့တဲ့။ နောက်တစ်ခါ ထပ်မေးပြန်ပြီ။ Jeff ကလဲ သူ့ကို ကူပါဦးတဲ့။ ဒီတော့ Alison က အချိန်ပေးနိုင်လား။ ကူပေးနိုင်လား။ ဟင့်အင်း။ သူမအားဘူး။ အလုပ်များလွန်းလို့။ အခု အလုပ်ကြော်ငြာ ရေးနေတာ။ နောက်ထပ် Web Designer တစ်ယောက်လိုနေပြီတဲ့။

အဲဒီတော့ လောလောဆယ်ကိုယ် ဘာလုပ်နေလဲ ဆိုတာကို သူတို့ဘယ်လို ပြောသွားကြသလဲ။

Jeff: I'm working on them now.
Alison: I'm finishing this report.
Alison: I'm working on a job advert to go in the paper.

အဲဒါကို ခွဲခြမ်းလေ့လာကြရအောင် - 


ကဲ၊ မလွယ်လား။ ပြောစကားဆိုရင်တော့ I am မဟုတ်တော့ပဲ I'm ဖြစ်သွားတာပေါ့။
အခု ဇာတ်လမ်းထဲက သူတို့ ဘာလုပ်နေလဲဆိုတာ ရေးကြည့်ပါဦး။

Jeff..... Jeff is working on web pages.
Alison.... Alison is finishing the report. ..... Alison is writing a job advert.
Maria..... Maria is trying to talk to Alison.

အခုဆိုရင် ကိုယ်နဲ့ကိုယ့်နားက သူတွေ လောလောဆယ် ဘာလုပ်နေလဲ ဆိုတာရေးတက်၊ ပြောတက်ရောပေါ့။ နဲနဲလောက်ရေးကြည့်ပါလား။
ဥပမာ - အခုအလုပ်ကို သွားနေတယ်။ (I'm travelling to work)
ကျွန်တော့ညီမ ကောလိပ်ကျောင်းတက်နေတယ် (My sister's studying at college) စသဖြင့်ပေါ့။

နာက်ထပ်မှတ်သားစရာ အင်္ဂလိပ်စာ (သူတစ်ပါးရဲ့ အချိန်/ အကူအညီကို တောင်းရင်)

ကျွန်တော့်ကို အချိန်နဲနဲ ပေးမလားဆိုရင် ဆိုရင်
Have you got a moment?
Have you got a minute?
ကျွန်တော့ကို ကူပေးနိုင်မလားဆိုရင်
Can you help me for a moment?

သူတစ်ပါးက ကိုယ့်ကို အကူအညီတောင်းလို့၊ စကားပြောချင်လို့ကို ကိုယ်က မကူညီနိုင်၊ စကားမပြောအားဘူးဆိုရင် Sorry တည့်ငြင်းတာ ယဉ်ကျေးဖွယ်ရာပါ။
Sorry, I'm finishing a report.
Sorry, I'm busy.

Happy learning English!
ပျော်ရွှင်ပေါ့ပါးစွာ အင်္ဂလိပ်စာ သင်ယူနိုင်ပါစေ။


[ Daw May May Win, MA (English) (YU), MA (TESOL) (Lancaster University) မှ မြန်မာဘာသာပြန်ဆိုရေးသား ထားပါသည်။ ]


No comments:

Post a Comment