Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 10, 2013

ပထမဆုံးစီးရီးခွေမှာ အစွမ်းကုန်ကြိုးစားထားသူ သန္တာဗို



မော်ဒယ်အပြင် သရုပ်ဆောင်ဘက်မှာလည်း ပရိ သတ်တွေအားပေးမှု ကိုခံရသူ သန္တာဗိုက စက်တင် ဘာ ၁၉ရက်နေ့မှာ သူချစ်တဲ့ သူ့ပရိသတ်တွေ ကို အံ့သြစေမယ့်ထူးခြားတဲ့အစီအစဉ်တစ်ခုရှိကြောင်း ကို "စက်တင်ဘာလ ၁၉ ရက်နေ့ ညနေ ၄နာရီ အချိန်မှာ သန္တာရဲ့ ပရိသတ်တွေကို Junction Square မှာ ထူးခြားမယ့် အစီအစဉ်တစ်ခုရှိ တယ်။ အဲဒီနေ့အဲဒီအချိန်မှာ ချစ်တဲ့ ပရိသတ် တွေကို သန္တာရဲ့ အနုပညာ ညီအစ်ကိုမောင်နှမ တွေနဲ့အတူ သန္တာရဲ့ 'နားလည်ပေးပါ .. ' ကို တကိုယ်တော်စီးရီးခွေနဲ့အတူဆုံတွေ့ ကြမယ်။ လာရောက်တဲ့ ပရိသတ်တွေကို လည်းသီချင်းဖြင့်ဖျော်ဖြေပေးပြီး အမှတ် တရ လက်မှတ်လည်း ထိုးပေးမယ်။ အခုက ဒီစီးရီးခေါင်းစဉ်ဖြစ်တဲ့ 'နားလည်ပေးပါ..ကို' သီချင်းကို ကြိုက် လို့ ခေါင်းစဉ်ပေးဖြစ်သွားတာပါ။
ဒီသီချင်းလေးက ခုခေတ်စားတာက မက်ဆေ့ခ်ျပို့တဲ့စာသားလေးတွေ၊ ဖေ့စ် ဘုတ်မှာ ပို့တဲ့ မက်ဆေ့ခ်ျ အကြောင်းလေးတွေရယ်ပါ" လို့ ပြောပြခဲ့ပါတယ်။

ပထမဆုံး တစ်ကိုယ်တော်ခွေဖြစ် တဲ့အတွက် ခွေတစ်ခွေဖြစ်လာဖို့ ကြိုးစားလုပ် ခဲ့တဲ့အမှတ်တရလေးရှိ လားလို့ မေးကြည့်တော့..

"ဆယ်တန်းအောင်ပြီးတာနဲ့ စလုပ်တာ နှစ်နှစ်တောင်ကျော်သွား တာ။ ကိုယ်က တကယ်အဆို တော်၊ အဆိုပညာရှင်တစ်ဦးမဟုတ်ဘူးလေ။ ဒါပေမဲ့ အစွမ်းကုန်ကြိုး စားထားပါတယ်။ အသံနဲ့လိုက်အောင်၊ ကြိုက်တဲ့သီချင်းတွေပဲ ရွေးချယ်ထားတယ်။ တချို့သီချင်းက တစ်ရက် တည်းနဲ့ အသံ သွင်းလို့ရပေမယ့်တချို့ကသုံး၊လေးရက်လောက် အသံ သွင်း ရတယ်။အဓိကကတော့ မိန်းကလေးတွေ ပိုကြိုက်မယ်။

မိန်းကလေးနဲ့ပတ်သက်တဲ့ ခံစားချက်တွေ ပိုများတယ်" လို့ပြောပြခဲ့ပါတယ်။ ဒီစီးရီးခွေထဲမှာတော့ တေးရေးဆရာတွေရဲ့ သီချင်းတွေကို သီဆိုပြီးနောက် စီးရီးခွေမှာရော၊ ကိုယ်တိုင် ဝါသနာပါတဲ့ ဒီဂီတကို ကိုယ်တိုင်ရေး၊ ဆိုဖို့ကော ရှိလားလို့ မေး ကြည့်တော့..

"သီချင်းကတော့ငယ်ငယ်က ရေးထားတဲ့ သီချင်း တွေ အများကြီးရှိ တယ်။ မဆိုဖြစ်တာ၊ သိမ်းထားတာရှိ တယ်။ ကြိုးစားမယ်။ အခုဒီ ဂီတ ဘက်လှည့်ပြီး အချိန်ပေး ဖြစ်လို့ သရုပ်ဆောင်ဘက်မှာ သိပ်မလုပ်ဖြစ် ဘူး" လို့ ပြောပြခဲ့ပါတယ်။

ဂီတနဲ့ ပတ်သက်တဲ့ အနုပညာကိုရေးတယ်။ ဆိုတယ် သန္တာဗိုဘဝမှာ ဂီတက ရရှိတဲ့ အမှတ်တရကော ရှိလာလို့ မေးကြည့်တော့..

"ဂီတကနေ ရရှိထားတဲ့ အမှတ်တရဆိုရင် ငယ်ငယ်ကတည်းက သီချင်းကြားရင်လိုက်ဆိုတယ်။ ကြော် ငြာသီချင်းတွေဆိုရင် လိုက်ဆို၊ လိုက်ကကြတာ ခုဆိုရင် တကယ်လက်တွေ့ဆိုရတယ်။ ငယ်ငယ်ကတည်း က ပိုးကပါလာ တယ်လေ။ ပြီးတော့ ဂီတက သရုပ်ဆောင်ထက် ခက်တယ်။ ဂီတနဲ့ပတ်သက်ရင် ဖေဖေက အပြည့်အစုံသင်ပေးတယ်။ ကျောင်းသား ဘဝမှာ စာလုပ်ပြီး ၁ဝတန်းအောင်တော့ တကယ့် ဒီဂီတကို လုပ်ခွင့်ရတယ် ပျော်တယ်" လို့ ပြောပြခဲ့ပါတယ်။

သန္တာဗိုရဲ့ တစ်ကိုယ်တော်ခွေဖြစ်တဲ့ 'နား လည်ပေးပါ.. ကို..' စီးရီးခွေမှာ သီချင်း ၁၄ပုဒ် ပါဝင်ပြီး ချိုကြည်သာတေးသံသွင်းမှ စက် တင်ဘာလ ၁၉ရက်နေ့တွင် စတင်ဖြန့်ချိမှာ ဖြစ်ပါတယ်လို့ ပြောပြခဲ့ပါတယ်။

No comments:

Post a Comment