Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 13, 2013

တိုက်ဆိုင်လိုက်ပုံများ.....

"ကံတူအကျိုးပေး"
Friday, September 13, 2013

လူတစ်ယောက် အရက်သောက်ဖို့ ဆိုင်ထဲဝင်လာတော့ ထိုင်စရာမရှိဘူးဖြစ်နေတယ်
ဒါနဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘေးကခုံမှာ သွားထိုင်လိုက်တယ်
အချင်းချင်းမိတ်ဖွဲ့ရင်း ရောက်တတ်ရာရာ ပြောဖြစ်ကြတယ်... ...

"ရှင်က အမြဲလာသောက်တာလား"

"မဟုတ်ပါဘူး၊ ဒီနေ့က အောင်မြင်မှုတခုအတွက် ပျော်လို့လာသောက်တာ"
"ဟယ်... တိုက်ဆိုင်လိုက်တာ၊ ကျမလည်း အောင်မြင်မှုတခုအတွက် ပျော်လို့သောက်တာ"

"ကျနော် နွားမတွေမွေးထားတာ၊ ဘယ်နှစ်ကြိမ် သားစပ်စပ် မအောင်မြင်ဘူးဗျာ"
"ဟယ်... တိုက်ဆိုင်လိုက်တာ၊ ကျမလည်း ကလေးလိုချင်တာ ဘယ်နှစ်ကြိမ်ကြိုးစားကြိုးစား မရဘူး ကြာလှပြီ"

"ဒီနေတော့ ကျနော့်နွားမတွေကို စစ်ကြည့်တာ ဇီးရှိနေပြီလေ"
"ဟယ်... တိုက်ဆိုင်လိုက်တာ၊ ကျမလည်း ဒီနေ့ ဆီးစစ်ကြည့်တော့ ကျမမှာ ကိုယ်ဝန်ရှိနေပြီလေ"

"တော်တော်တိုက်ဆိုင်တယ်ဗျာ နော်"
"ဟုတ်ပ့ါရှင်... ဒါနဲ့ ရှင်က ဘယ်လိုလုပ်လိုက်လို့ သားစပ်တာ အောင်မြင်သွားတာလဲ"

"နောက်နွားသိုးတစ်ကောင်နဲ့ ပြောင်းပြီး သားစပ်လိုက်တယ်လေ"

ဒီတော့ အဲဒီမိန်းမက ထ,အော်တယ်... ..

"ဟယ်... တိုက်ဆိုင်လိုက်တာ"
"ဂျာ..."


သန်၎ကို-ဘာသာပြန်သည်

No comments:

Post a Comment