တယ်လီပသီဆိုတာ ကြားဖူးတယ်။ ယုံတမ်းစကားလိုလို ဘာလိုလို။ တကယ်တော့
တကယ်ရှိတာပဲ။ သိပ်ရင်နှီးတဲ့ သူငယ်ချင်းတစ်ယောက်ဆီကို မရောက်တာကြာလို့
သွားလည်တော့ သူကလည်း ကိုယ့်ကိုသတိရနေတယ်ဆိုတာမျိုး။ ကြုံဖူးကြလား။
တိုက်ဆိုင်လွန်းတဲ့ အဖြစ်အပျက်တစ်ခုကတော့ အဖေနဲ့ ကိုယ်ကြားမှာ ၇ တန်းနှစ်တုန်းက ဖြစ်ခဲ့ဖူးတယ်။ အဲဒီတုန်းက အဖေက မိတ္ထီလာမှာ တာဝန်ကျနေတုန်း ဗထူးကို သင်တန်းတက်ရမယ်လို့ အမိန့်ကျတယ်။ တနင်္လာနေ့ကို ဗထူးကို သတင်းပို့ရတော့မှာ။ ကိုယ်က ရန်ကုန်မှာ စနေနေ့ မနက်နိုးလာတော့ ညက အိပ်မက်ကို သတိရလို့ အမေ့ကို ပြောဖြစ်တယ်။ အဖေပြန်လာတယ်။ သူ့ထုံးစံအတိုင်း သံတံခါး ချက်ကို ဆွဲမလိုက်ပြီး သမီးရေလို့ ခေါ်လိုက်တယ်။ ပြီးတော့ သားအဖတွေကြိုက်တဲ့ ဘဲဥဟင်းချက်စားကြတယ်လို့။ အမေကလည်း ရယ်ရယ်မောမောနဲ့ အဖေတော့ ပြန်မလာနိုင်သေးဘူး။ ဒါပေမဲ့ တို့တွေ ဒီနေ့ ဘဲဥချက်ကြတာပေါ့တဲ့။ အဲဒီနေ့က မီးဖိုထဲမှာ ဘဲဥဟင်းချက်နေတုန်း တကယ်ပဲ အဖေပြန်ရောက်လာတယ်။ သံတံခါးချက်ဆွဲမလိုက်တဲ့အသံ နဲ့အတူ သမီးရေတဲ့။ ဗထူးရောက်သွားရင်လနဲ့ချီပြီး
မတွေ့ရတော့မှာမို့ သောကြာညရထားနဲ့ မှီရာလိုက်လာတာ။ တနင်္ဂနွေည ပြန်မယ်တဲ့။
ဒါဟာ လူနှစ်ယောက်ကြားမှာရှိတဲ့ သံယောဇဉ်လား။ ချစ်ခြင်းမေတ္တာလား။
မမြင်နိုင်တဲ့ စိတ်လှိုင်းတွေလား။
တကယ်တော့ ဒီလိုတန်ခိုးတွေ လူတိုင်းမှာ ရှိနေနိုင်တာပဲနော်။ မသုံးတတ်လို့ မသုံးနိုင်ကြတာ။ စာတွေဖတ်ကြည့်တဲ့အခါ စာရေးသူရဲ့ စိတ်တန်ခိုးတွေကို မြင်ရတတ်တယ်။ ကိုယ့်စိတ်လှိုင်းတွေနဲ့ အံဝင်တဲ့အခါ သည်းလှိုက်အူလှိုက် ခံစားမိတာမျိုးပေါ့။ ရေဒါတွေလိုပဲ။ ဟိုဘက်ကလွှင့်လိုက်တယ်။ ဒီဘက်က ဖမ်းမိတယ်။ ဒါဟာ အပေါ်ယံသုံးသွားတဲ့ စကားလုံးအဆင့်ထက် အများကြီးပိုပါတယ်။ စာဆိုတာကတော့ ဘယ်သူရေးရေးရတာပဲ။ ဘယ်ထဲက စကားလုံးသုံးသုံး အတူတူပါပဲ။ ဒါပေမဲ့ ဖတ်မိတဲ့သူ စိတ်ထဲ မတူကြဘူးဆိုတာ လွှင့်လိုက်တဲ့ စိတ်တန်ခိုးခြင်း မညီကြလို့။
ဒါကို အင်္ဂလိပ်လို Hidden agenda နဲ့လည်း ကိုက်ညီတယ်လိုပဲ။ နောက်ကွယ်ရည်ရွယ်ချက်ဆိုတာကို မကောင်းတဲ့နေရာမှာ အသုံးများပေမယ့်လည်း ကောင်းတဲ့ရည်ရွယ်ချက်နဲ့လည်း
သုံးနိုင်တာပဲလေ။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေကို
ကြည့်လိုက်ရင် အပေါ်ယံ ဘာပဲပြောသွားပြောသွား အတွင်းထဲမှာ တိုင်းပြည်ကို
ကောင်းစေလိုစိတ်၊ တိုးတက်စေလိုစိတ် အပြည့်ရှိတယ်ဆိုတာ မပြောသွားပဲ သိကြတယ်။
ဒါဟာ ဗိုလ်ချုပ်ရဲ့ စိတ်တန်ခိုးပေါ့။ ဒီစွမ်းအားက ဘယ်အထိကြီးလဲဆိုရင်
ပြန်ဖတ်မိတဲ့ နှစ် ၆၀ ကျော်ဒီနေ့အထိ ရှင်သန်တုန်းပဲ။ ဒီစကားလုံးတွေအတိုင်း
ဗိုလ်ချုပ်မဟုတ်တဲ့ တခြားတစ်ယောက်ကများ ပြောမယ်ဆိုရင် ဘယ်လိုနေမလဲ။
စကားလုံးနဲ့ တရားသား ကွာသွားမှာနော်။
စာတွေရေးတဲ့အခါ စကားတွေပြောတဲ့အခါ နောက်ကွယ်ရည်ရွယ်ချက်တွေက မသိပဲဖြစ်ဖြစ် သိသိကြီးနဲ့ဖြစ်ဖြစ်ပါနေကြတာ။
မိန်းကလေးတစ်ယောက်က မချစ်ဘူး ငြင်းပေမယ့် ချစ်ပါတယ်လို့
မျက်လုံးတွေကပြောနေတာမျိုး ကြုံဖူးကြလား။ ခွေးကလေးတွေတောင် ကိုယ့်ကို
တုတ်ပေးမယ့်လူလား၊ မုန့်ကျွေးမယ့်လူလားဆိုတာ လူမြင်တာနဲ့
ခွဲခြားသိနိုင်စွမ်းသတဲ့။ လူဆိုတာ အသိဥာဏ်နဲ့ စိတ်စွမ်းအားကို အမြင့်ဆုံး
အသုံးချနိုင်တဲ့ သတ္တ၀ါတွေမို့လား။
အခုဆို ဒါကိုလက်တွေ့ပြသမယ့်သူတွေရှိလာပြီ။
တီဗွီကို ခလုတ်နှိပ်စရာမလိုပဲ စိတ်နဲ့တင်ဖွင့်နိုင်မယ့် ခိုင်းနိုင်မယ့်
ကိရိယာတွေ ပေါ်နေပြီတဲ့။ ဓါတ်ရှင်ထဲအတိုင်း အပြင်မှာ တကယ်ဖြစ်လာတော့မှာ။
ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရေးတဲ့ စာတစ်ပိုဒ်မှာ စာရေးဆရာတွေကတော့ အများကြီးပါပဲ၊ မျိုးဆက်နှစ်ဆက် သုံးဆက် တည်တံ့အောင် ကျော်ကြားအောင် ဆိုလိုတာက ဂန္တ၀င်မြောက်အောင်ရေးနိုင်သူကတော့ ရှားပါတယ်တဲ့။ ဒါဟာ စာရေးဆရာရဲ့ စိတ်တန်ခိုးဘယ်အထိ ရှင်သန်ထမြောက်နေမလဲဆိုတာနဲ့  ဆိုင်မယ်ထင်ရဲ့။ ဘယ်အထိရှင်သန်ဖို့ ကြိုးပမ်းကြမလဲ။
စာတွေဖတ်ရတဲ့အခါ ကိုယ်ခံစားရတာတွေ လွတ်လွတ်လပ်လပ်ပြောသွားသူတွေရှိသလိုပဲ
ဖိအားတစ်ခုအောက်မှာ ၀ါဒဖြန့်ချင်သူတွေလည်း အများသားပဲ။
အရင်ကစိုးရိမ်ပေမယ့် အခုတော့ မစိုးရိမ်တော့ပါဘူး။ စိတ်လှိုင်းတွေဆိုတာ
ပေးသူနဲ့ ယူသူကြားက ပဲ့တင်သံတွေလိုပဲ။ ပေးသူထံက တန်ခိုးတစ်ခုပါမှသာ
ကြာကြာတည်တံ့နိုင်မှာလေ။ လက်ခံယူကြရမယ့် လူငယ်လေးတွေရဲ့ စိတ်တန်ခိုးကသာ
မြင့်နေရင် သူတို့ထံကို မရောက်နိုင်ဘူး။ မထိနိုင်ဘူး။ မစွဲမြဲနိုင်ဘူး။
မြင့်အောင် မြှင့်ကြဖို့သာပါပဲ။
တိုက်ဆိုင်လွန်းတဲ့ အဖြစ်အပျက်တစ်ခုကတော့ အဖေနဲ့ ကိုယ်ကြားမှာ ၇ တန်းနှစ်တုန်းက ဖြစ်ခဲ့ဖူးတယ်။ အဲဒီတုန်းက အဖေက မိတ္ထီလာမှာ တာဝန်ကျနေတုန်း ဗထူးကို သင်တန်းတက်ရမယ်လို့ အမိန့်ကျတယ်။ တနင်္လာနေ့ကို ဗထူးကို သတင်းပို့ရတော့မှာ။ ကိုယ်က ရန်ကုန်မှာ စနေနေ့ မနက်နိုးလာတော့ ညက အိပ်မက်ကို သတိရလို့ အမေ့ကို ပြောဖြစ်တယ်။ အဖေပြန်လာတယ်။ သူ့ထုံးစံအတိုင်း သံတံခါး ချက်ကို ဆွဲမလိုက်ပြီး သမီးရေလို့ ခေါ်လိုက်တယ်။ ပြီးတော့ သားအဖတွေကြိုက်တဲ့ ဘဲဥဟင်းချက်စားကြတယ်လို့။ အမေကလည်း ရယ်ရယ်မောမောနဲ့ အဖေတော့ ပြန်မလာနိုင်သေးဘူး။ ဒါပေမဲ့ တို့တွေ ဒီနေ့ ဘဲဥချက်ကြတာပေါ့တဲ့။ အဲဒီနေ့က မီးဖိုထဲမှာ ဘဲဥဟင်းချက်နေတုန်း တကယ်ပဲ အဖေပြန်ရောက်လာတယ်။ သံတံခါးချက်ဆွဲမလိုက်တဲ့အသံ
တကယ်တော့ ဒီလိုတန်ခိုးတွေ လူတိုင်းမှာ ရှိနေနိုင်တာပဲနော်။ မသုံးတတ်လို့ မသုံးနိုင်ကြတာ။ စာတွေဖတ်ကြည့်တဲ့အခါ စာရေးသူရဲ့ စိတ်တန်ခိုးတွေကို မြင်ရတတ်တယ်။ ကိုယ့်စိတ်လှိုင်းတွေနဲ့ အံဝင်တဲ့အခါ သည်းလှိုက်အူလှိုက် ခံစားမိတာမျိုးပေါ့။ ရေဒါတွေလိုပဲ။ ဟိုဘက်ကလွှင့်လိုက်တယ်။ ဒီဘက်က ဖမ်းမိတယ်။ ဒါဟာ အပေါ်ယံသုံးသွားတဲ့ စကားလုံးအဆင့်ထက် အများကြီးပိုပါတယ်။ စာဆိုတာကတော့ ဘယ်သူရေးရေးရတာပဲ။ ဘယ်ထဲက စကားလုံးသုံးသုံး အတူတူပါပဲ။ ဒါပေမဲ့ ဖတ်မိတဲ့သူ စိတ်ထဲ မတူကြဘူးဆိုတာ လွှင့်လိုက်တဲ့ စိတ်တန်ခိုးခြင်း မညီကြလို့။
ဒါကို အင်္ဂလိပ်လို Hidden agenda နဲ့လည်း ကိုက်ညီတယ်လိုပဲ။ နောက်ကွယ်ရည်ရွယ်ချက်ဆိုတာက
စာတွေရေးတဲ့အခါ စကားတွေပြောတဲ့အခါ နောက်ကွယ်ရည်ရွယ်ချက်တွေက မသိပဲဖြစ်ဖြစ် သိသိကြီးနဲ့ဖြစ်ဖြစ်ပါနေကြတ
အခုဆို ဒါကိုလက်တွေ့ပြသမယ့်သူတွေရှ
ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရေးတဲ့ စာတစ်ပိုဒ်မှာ စာရေးဆရာတွေကတော့ အများကြီးပါပဲ၊ မျိုးဆက်နှစ်ဆက် သုံးဆက် တည်တံ့အောင် ကျော်ကြားအောင် ဆိုလိုတာက ဂန္တ၀င်မြောက်အောင်ရေးနိုင်သ
စာတွေဖတ်ရတဲ့အခါ ကိုယ်ခံစားရတာတွေ လွတ်လွတ်လပ်လပ်ပြောသွားသူတေ
မြင့်အောင် မြှင့်ကြဖို့သာပါပဲ။
No comments:
Post a Comment