Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 10, 2013

မိမိအိမ်မှာရှိတဲ့ပုရွက်ဆိတ်မတက်စေချင်တဲ့နေရာရှိရင်


မိမိအိမ်မှာရှိတဲ့ပုရွက်ဆိတ်မတက်စေချင်တဲ့နေရာရှိရင်
အကုသိုလ်မဖြစ်စေတဲ့နည်းနဲ့ ဘယ်လိုတားရင်ကောင်းမလဲ...?

ဒါကတော့လွယ်ပါတယ် ပိုက်ဆံကုန်လဲသက်သာ ၊
အိမ်ကလူတွေလဲပိုးသက်ဆေးနံ့ မရှုရ
အကုသိုလ်လဲမဖြစ်တဲ့နည်းကတော့--------

ပုရွက်ဆိတ်တွေဟာမြေဖြူရှိတဲ့နေရာကိုဘယ်တော့မှမဖြတ်သန်းကြပါဘူး
ဘာလို့ လဲဆိုတော့ပုရွက်ဆိတ်တွေအနံ့ ခံအာရုံကို
မြေဖြူနံ့ ကကန့် လန့် တိုက်နေပါတယ်။
ဥပမာအစားအစာတစ်ခုကိုအာရုံခံပြီး သွားနေရင်
အာရုံကိုထွေပြားစေပြီး လမ်းကြောင်းကိုရှုပ်ထွေးစေလို့ 
လမ်းကြောင်းကိုပြောင်းသွားစေပါတယ်။

ပုရွက်ဆိတ်တွေဟာတစ်ကောင်နဲ့ တစ်ကောင်ဆက်သွယ်တဲ့
(အချက်အလက်ပို့ ဆောင်ပေးတဲ့)စနစ်ရှိပါတယ်။
ဒါကတော့သူတို့ ဦးခေါင်းထိပ်မှာပါတဲ့ အင်တာနာလိုအတံလေးနှစ်ခုဖြစ်ပြီး
အဲ့ဒီ့နှစ်ခုကိုအခြားအကောင်၏ဦးခေါင်းမှ အင်တာနာတံလေးတွေနဲ့ ထိပြီး
လမ်းကြောင်းတွေအချက်အလက်တွေကိုဖြန့် ဝေပေးပါတယ်။

ဒါ့ကြောင့်တစ်ကောင်ကမြေဖြူနံ့ ရတာနဲ့ အခြားအကောင်တွေကိုပါ
မသွားအောင်သတင်းပို့ ဆောင်ပေးမှာဖြစ်ပြီး
သင်လဲပုရွက်ဆိတ်တွေရဲ့အန္တရာယ်မှကင်းဝေစေပါလိမ့်မည်။

ZK(ကနောင်)
Scientist Myanmar

No comments:

Post a Comment