CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ငါးမန်းတွေ အတွက် ဝဋ်ကြွေးခံရသူ
-
- 19 September 2013 |
-
By Venus News Journal
ပတ်ဝန်းကျင်
ထိန်းသိမ်းရေးတွေ အင်နဲ့အားနဲ့ လုပ်နေကြတဲ့ ခုခေတ်ကြီး ထဲမှာ ဗြိတိသျှ
လူမျိုးပန်းချီဆရာမ တစ်ဦးကလည်း အဆန်းထွင် သလိုလုပ်ချလိုက် ပြန်ပါပြီ။
ဟောင်ကောင်မှာ ငါးမန်းတွေ သတ်ဖြတ်နေမှုကို ကာကွယ်ဖို့ သူမက ဆန္ဒပြတဲ့ အနေနဲ့
ငါးမန်း စွယ်ချိတ်ကြီးနဲ့ သူမကိုယ်သူမချိတ် ဆွဲပြခဲ့ပါတယ်။ အဲ့ဒီ
ကန့်ကွက်ဆန္ဒပြမှုကို အဏ္ဏဝါပြင်ထိန်းသိမ်း ရေးအုပ်စုဖြစ်တဲ့ ငါးမန်းများ
ကယ်တင်ရေး အဖွဲ့က စီစဉ်ခဲ့တာဖြစ်ပါ တယ်။ အဲ့ဒီ ငမန်းကယ်တင်ရေး ဆန္ဒပြပွဲကို
Lush Fresh Handmade အလှပြင်ပစ္စည်းလုပ်ငန်းက ထောက်ခံအားပေး ခဲ့ပါတယ်။ အဲ့ဒီ
လုပ်ငန်း ကုမ္ပဏီက ငါးမန်းများ ကာကွယ်ရေး ကမ္ဘာနှင့်အဝန်း လှုပ်ရှားမှုကို
စတင်ပြုလုပ်နေ တာကိုလည်း တွေ့ရပါတယ်။ ပန်းချီ ဆရာမလေးက သူ့အသား အနာခံပြီး
ဆန္ဒပြကန့်ကွက် တာဟာဖြင့် ငါးမန်းတွေကိုကယ် တင်နိုင်ဖို့အတွက် လူထုနဲ့
သက်ဆိုင် ရာလုပ်ငန်းရှင်တွေကို ကိုယ်ချင်း စာစိတ်ရှိဖို့ ဖော်ပြရာရောက်
ပါတယ်။
ငါးမန်းတွေ အတွက် ဝဋ်ကြွေးခံရသူ
Reviewed by
VC
on
September 19, 2013
Rating:
5
No comments:
Post a Comment