Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 5, 2013

"ထိုင်ဝမ် မုဆိုးမတစ်ဦးအိမ်ထောင်ရေး ဖောက်ပြန်မှုကြောင့် ထောင်ဒဏ် ၂၉၈ နှစ် ကျခံဖွယ်ရာရှိနေ"

တိုင်ပေက အချစ်ဟိုတယ်

အိမ်ထောင်ရှိ အမျိုးသား တစ်ဦးနှင့် ဖောက်ပြန်မှုကြောင့် ထိုင်ဝမ် မုဆိုးမတစ်ဦး သည် သီအိုရီ အရထောင်ဒဏ် ၂၉၈ နှစ် ကျခံရမည့် အခြေအနေ ဖြစ်ခဲ့ကာ ထိုအငြင်း ပွား ဖွယ်ရာ အိမ်ထောင်ရေး ဖောက်ပြန်မှု ဥပဒေကို ပြန်လည် သုံးသပ်ရန် ကြိုးစား နေကြကြောင်း သိရှိရသည်။

အသက် ၅၆ နှစ် အရွယ် အိမ် ထောင်မရှိ အမျိုးသမီး တစ်ဦးသည် အိမ်ထောင်ရှိ အိမ်နီးချင်း တစ်ဦးနှင့် ၅ နှစ် တာမျှ ဖောက်ပြန်ခဲ့ကြပြီး ယခုအချိန် တွင် ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ဒဏ်ငွေကန်ဒေါ်လာ ၂၄၃ဝဝ (ထိုင်ဝမ် ဒေါ်လာ ၇၃ဝဝဝဝ) ပေး ဆောင်ရမည်ဟု တရားရုံး တစ်ရုံးက အမိန့် ချမှတ်ခဲ့သည်ဟု သိရသည်။

၎င်း စုံတွဲသည် များစွာသော မိုတယ်များတွင် ခရီးတို ၈၉၄ ကြိမ် သွားခဲ့သည်ဟု ဝန်ခံ ပြောဆိုခဲ့သောကြောင့် ထိုင်ဝမ် ဥပဒေအရ ဖောက်ပြန်မှု တစ်ကြိမ်လျှင် ၄ လ ထောင်ဒဏ် ချမှတ်နိုင်ပြီး သီအိုရီ အရ ထောင်ဒဏ် ၂၉၈ နှစ် ချမှတ်နိုင်သော်လည်း ဗဟို ချန်းဟွခရိုင် တရားရုံးမှ တရားသူကြီးများက လျှော့ပေါ့ ပြစ်ဒဏ် ချမှတ် ခဲ့ခြင်းဖြစ်သည်။

အသက် ၅ဝ အရွယ် ဖောက်ပြန်သူ အမျိုးသားကိုမူ ၄င်း၏ ဇနီးသည် ကခွင့်လွှတ် ပေးရန် စဉ်းစားခဲ့ပြီး တရား စွဲဆိုမှုကို ရုပ်သိမ်း ခဲ့သောကြောင့် ပြစ်ဒဏ်မှ လွတ်ကင်း သက်သာမှု ရရှိခဲ့သည်။

ယင်းဖြစ်စဉ်က အိမ်ထောင်ရေး ဖောက်ပြန်မှုကို ရာဇဝတ်မှုဟု သတ်မှတ်ခြင်း မှ ပယ်ဖျက်ပေးရန် တောင်းဆိုမှု များကို ဖြစ်စေခဲ့သည်။

အိမ်ထောင်ရေး ဖောက်ပြန်မှုကို ရာဇဝတ်မှုဟု သတ်မှတ်သည့် အာရှနိုင်ငံ အချို့တွင် ထိုင်ဝမ် ပါရှိပြီး ယခုကဲ့သို့ ကိစ္စတွင် အမျိုးသမီး ကသာ ပြစ်ဒဏ် ချမှတ်ခြင်း ခံရ သည့် အကြောင်းရင်း ကို မေးခွန်းထုတ်မှုများ ရှိလာသည်။

အိမ်ထောင်ရေး ဖောက်ပြန်မှုကို ရာဇဝတ်မှုဟု သတ်မှတ်ခြင်းမှ ပယ်ဖျက်ရန် လူထု စစ်တမ်း ကောက်ခံမှု တစ်ခု အား ထိုင်ဝမ် တရားရေး ဌာနက ကျင်းပ ခဲ့ရာ ၇၇ ဒသမ ၃ ရာခိုင်နှုန်းက ”မပယ်ဖျက်ရန်” ဆန္ဒပြုခဲ့ကြသည်။

Ref: Oneline news:Asia
Popular Myanmar News Journal
Source

No comments:

Post a Comment