Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 22, 2013

*** တစ်လောင်းပြင် ***


Sunday, September 22, 2013

ကျွန်တော်တို့ ရပ်ကွက်ကို သိပ်မကြာသေးခင်က ညားခါစ လင်မယား နှစ်ယောက် ပြောင်းလာကြတယ်ဗျ!

အဲ့...
သိပ်မကြာဘူးဗျား... ယောကျာင်္ဖြစ်သူ ဆုံးသွားရှာတယ်လေ…
ကျန်ခဲ့တဲ့ မိန်းမက ဘယ်ဖြေနိင်မလဲဗျား… ငိုတာပေါ့

ဒီလိုနဲ့...
အသုဘ ပို့  တဲ့ရက်ရောက် တော့ မိန်းမဖြစ်သူက ဖြေမဆယ်နိင်ပါဘူးဗျား... လမ်းတလျှောက်လုံး တငိုငို နဲ့ပေါ့ ...

အလောင်း ကိုကျင်းထဲချ ခါနီးထိကို ငိုနေတာ...

" အမလေး.. ကိုဝေမိုးရယ်... ရှင်ကျွန်မကို ထားခဲ့ပြီပေါ့... ညည fb မှာ ကျွန်မတို့ အတူ ကစားတဲ့ shan game ကိုဘယ်သူနဲ့ ကစားရမလဲ... ထပြောအုံးလေ ကိုဝေမိုးရဲ့ ..."

ပြောလဲပြော ငိုလဲငိုပေါ့ဗျား... သူငိုတာ ဘေးကလူတွေတောင် ရောငိုနေကြတယ်...

တစ်ခါတစ်ခါ ကျင်းထဲထိအောင် ခုန်ချမယ်လုပ်လို့ မနည်းဆွဲထားရတယ်ဗျ...

လူကြီးတွေက အားပေးကြတာပေါ့.....
" ကလေးမ... တရားနဲ့သာဖြေပါကွာ ... ငယ်ငယ်လေးရှိသေးတယ် ... လူ့ လောကမှာ နေတုန်း တရားနဲ့ နေပေါ့... "

မိန်းမဖြစ်သူက ခဏငြိမ်သွားတယ်.. ပြီးတော့မှ စကားတစ်ခွန်းပြန်ပြောတယ်ဗျ...

" ဒီလိုဆိုလဲ ကျွန်မအတွက် (တစ်လောင်းပြင်) ကြပါတော့ရှင်" တဲ့...။

*တစ်လောင်းပြင် ဆိုတာ တစ်လင်ပြောင်း လို့ ပြောတာဗျ! ဟဲဟဲ

အာဂွန်း
စိတ္တဇ ဟာသများ

No comments:

Post a Comment