Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 20, 2013

မန္တလေးမြို့ ဧရာဝတီမြစ်အတွင်း ရေပေါ်ဟိုတယ် နှစ်လုံး


မန္တလေးမြို့ ဧရာဝတီမြစ်အတွင်း ရေပေါ်ဟိုတယ် နှစ်လုံးကို ဆီးဂိမ်းစ်အမီ တည်ဆောက်လျက်ရှိ

မန္တလေးမြို့ ဧရာဝတီမြစ်အတွင်း နိုင်ငံခြားသားများ အထူးပြု တည်းခိုနိုင်သည့် ရေပေါ်ဟိုတယ် နှစ်လုံးကို ဆီးဂိမ်းစ်အမီ အပြီးတည်ဆောက်သွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေပေါ်ဟိုတယ် နှစ်လုံးကို စစ်ကိုင်းတိုင်းဒေသကြီး အာလောင်ရွာအနီး ဧရာဝတီ မြစ်ကမ်းနံဘေးတွင် ကရ၀ိတ်ဖောင်ပုံစံ တစ်လုံးနှင့် မရမ်းခြံဆိပ်အနီး မြနန္ဒာ ဟိုတယ်နှင့် ဘောဂကြီးဆိပ်အကြား ရေလယ်ကျွန်းနေရာတွင် ကြယ်နှစ်ပွင့် အဆင့်ရှိ သုံးထပ်ရေပေါ် ဟိုတယ်တစ်လုံးကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။

"ကရ၀ိတ်ဖောင်ပုံစံ ရေပေါ်ဟိုတယ်ကို ဆီးဂိမ်းစ်အမီ တည်ဆောက်ပြီး စက်တပ်ရွေ့လျား သွားနိုင်အောင် ဆောက်လုပ်သွားမှာပါ။ ရေပေါ်ဟိုတယ် သင်္ဘောကို မွန်းလွဲ ၂ နာရီ စထွက်မယ်။ ည ၇ နာရီ ပြန်လည်ဆိုက်ကပ်မယ်။ ခရီးစဉ်တွေက ခရီးအဝေး မဟုတ်ဘဲ မင်းကွန်းဒေသနဲ့ ရွှေကြက်ယက် ဆိပ်ကမ်းတစ်လျှောက် ပြေးဆွဲပေးဖို့ စီစဉ်ထားတယ်။ မြစ်အထက်ပိုင်း ဧရာဝတီလင်းပိုင် ခရီးစဉ်မျိုးကို နိုင်ငံခြား ခရီးသွားတွေက တောင်းဆိုခဲ့မယ် ဆိုရင်တော့ ပြေးဆွဲပေးသွားမယ်" ဟု ဟိုတယ်ပိုင်ရှင် ဦးထွန်းထွန်းက ပြောကြားသည်။

အဆိုပါ ရေပေါ်ဟိုတယ်ကို ၂၀၁၃ ခုနှစ် မတ်လက စတင်တည်ဆောက်ခဲ့ပြီး ရာခိုင်နှုန်း ၇၀ ပြီးစီးနေကြောင်း၊ ရေယာဉ်အလျား ပေ ၂၅၀၊ အနံပေ ၇၀ ရှိ နှစ်စီးတွဲ ရေယာဉ်ပါ ကရ၀ိတ် အဖိုနှင့် အမပုံဖြစ်ကာ ကရ၀ိတ် အမြင့် ၂၄ ပေရှိပြီး ရေယာဉ် အပြီးသတ် တည်ဆောက်မှုကို ကချင်ပြည်နယ် ရွှေကူမြို့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကြယ်နှစ်ပွင့် အဆင့်ရှိ သုံးထပ်ရေပေါ်ဟိုတယ် စီမံကိန်း လုပ်ငန်းများကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် စတင်အကောင်အထည် ဖော်ခဲ့ပြီး စက်မဲ့ရွေ့လျားမှု မရှိဘဲ ဆိပ်ကမ်းတွင် အငြိမ်ထားရှိ သွားမည်ဖြစ်ကြောင်း၊ အလျား ၂၃၅ ပေ၊ အနံ ၅၃ ပေနှင့် ရေဆူး ၁၃ ပေရှိကာ ပေ ၂၀၊ ၁၈ ပေ အခန်းပေါင်း ၇၀ ခန့် ပါရှိမည်ဖြစ်ပြီး နှစ်ယောက်ခန်း ၄၀ ခန်း၊ မိသားစုခန်း လေးခန်းနှင့် အထူးဧည့်သည်ခန်း နှစ်ခန်းပါရှိကြောင်း သိရသည်။

အာလောင်ရွာအနီး ဧရာဝတီ မြစ်ကမ်းနံဘေးတွင် ကရ၀ိတ်ဖောင်ပုံစံ ရေပေါ်ဟိုတယ်သင်္ဘော တည်ဆောက်နေမှုအား မြင်တွေ့ရစဉ်

No comments:

Post a Comment