Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 25, 2013

မိတ်္ထီလာမြို့၌ ညသန်းခေါင် အချိန် အိမ်ပေါ်တက်၍ ခြိမ်းခြောက် လုယက်မှု ဖြစ်ပွား


မန္တလေးတိုင်း ဒေသကြီး မိတ်္ထီလာမြို့ စက်မှုဇုန်(၃)လမ်းရှိ ဦးစိုးမြင့် နေအိမ်၌ ယမန်နေ့ ည ၁၁ နာရီက ခေါင်းစွပ်အနက်နှင့် ပုဆိုးခြုံထားသူ တစ်ဦးမှ အိမ်ပေါ် တက်၍ စာကျက်နေသူ မ----အား နောက်မှ သိုင်းဖက်၍ ခြိမ်းခြောက် လုယက်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မိတ်္ထီလာမြို့ စက်မှုဇုန်(၃)လမ်းရှိ ဦးစိုးမြင့် နေအိမ်တွင် ၎င်း၏ သမီးဖြစ်သူ မ----- ၂၁ နှစ် ဒုတိယ နှစ် (စီးပွားရေးတက္ကသိုလ်၊ မိတ်္ထီလာ)မှ နေအိမ် ဧည့်ခန်း၌ စာကျက်နေစဉ် ခေါင်းစွပ်အနက်နှင့် ပုဆိုးခြုံ ထားသူ တစ်ဦးမှ မ-----အား နောက်မှ သိုင်းဖက်၍ လက်ဖြင့် ပါးစပ်ပိတ်ပြီး ““အော်လျှင် သတ်ပစ်မည်””ဟု ခြိမ်းခြောက် ပြောဆိုခဲ့ရာ မိခင်ဖြစ်သူ ရောက်ရှိ လာခဲ့သဖြင့် အမည်မသိ လူမှ လူမသတ်ချင်ကြောင်း၊ ပစ္စည်း ထုတ်ပေးရန် ပြောဆိုပြီး မ-----၏လည်ပင်းမှ ရွှေဆွဲကြိုးအား ဖြုတ်ယူ နေစဉ် ၎င်း၏ဖခင် ဦးစိုးမြင့် ရောက်ရှိ လာပြီး ချိုင်းထောက်ဖြင့် ရိုက်၍ ပတ်ဝန်းကျင်သို့ အော်ဟစ် အကူအညီ တောင်းခံခဲ့ရာ လုယက် သူမှာ ထွက်ပြေး သွားခဲ့ကြောင်း၊ လုယက်သူ၏ ပုဆိုးမှာ နေအိမ် အတွင်း ကျန်ရစ် ခဲ့ပြီး မျက်မြင် သက်သေ များ၏ ပြောကြားချက်အရ လုယက်သူမှာ ဦးစိုးမြင့်၏ နေအိမ်တွင် လွန်ခဲ့သော သုံးလခန့်က မြက်ရှင်း လုပ်ငန်း လာရောက် လုပ်ကိုင်ခဲ့ဖူးသူ ဦးစိုးမြင့်၏ နေအိမ်နှင့် မျက်နှာချင်း ဆိုင်ရှိ ဦးဝင်းမြင့် ရက်ကန်းရုံမှ ရက် ကန်း လုပ်သား အောင်အောင် ၂၂ နှစ်(ဘ)ဦးဝင်းဆွေ စက်မှုဇုန်ရပ်ကွက် မိတ်္ထီလာမြို့နေသူ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အမှတ်(၃)ရဲစခန်းမှ အိမ်တက် ခြိမ်းခြောက် လုယက်သူ တရားခံ အောင်အောင် အား(ပ)၉၂/၂၀၁၃၊ ပြစ်မှု ပုဒ်မ၃၉၃ အရ အမှုဖွင့် အရေးယူ စစ်ဆေးဆောင်ရွက် လျက် ရှိကြောင်း သတင်း ရရှိသည်။
Written by ရွှေကူ
မြ၀တီ

No comments:

Post a Comment