Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 20, 2013

အိပ်ငိုက်လွန်ရောဂါရှင်များ ကုသမှုမရှိပါက အရွယ်မတိုင်မီ သေဆုံးမှုများရှိနိုင်


အိပ် ငိုက်လွန်ရောဂါရှင်များအနေဖြင့် ကုသမှုမရှိပါက နောက်ပိုင်းတွင် သွေးတိုး၊ လေငန်း၊ နှလုံး၊ ဆီးချို ရောဂါများကိုထိန်းချုပ်ရန်ခက် ခဲပြီး အရွယ်မတိုင်မီသေဆုံးမှုများ ရှိနိုင်ကြောင်း ပါရမီဆေးရုံမှဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဦးဇေယျာအေး က ပြောသည်။

အိပ်ငိုက်လွန်ရောဂါရှင် များသည် မှတ်ဉာဏ်ချို့ယွင်းခြင်း၊ ဆုံးဖြတ်ချက်မှားယွင်းခြင်း၊ လုပ် ငန်းစွမ်းဆောင်ရည်ကျဆင်းခြင်း တို့ခံစားရလေ့ရှိပြီး ကုသမှုမရှိဘဲ ထားပါက ယင်းသို့အရွယ်မတိုင်မီ သေဆုံးခြင်းကိုဖြစ်ပေါ်စေနိုင် ကြောင်း သိရသည်။

''ဒီရောဂါကတော့ တိတ် တဆိတ် ဒုက္ခပေးတဲ့ရောဂါပေါ့။ သူက အိပ်နေစဉ်မှာ ဟောက်တာ မျိုးလဲဖြစ်တယ်။ အိပ်နေတဲ့အ ချိန်မှာ အာခေါင်နဲ့လေပြွန်လမ်း ကြောင်း မကြာခဏ ပိတ်ဆို့မှု ကြောင့် ဦးနှောက်နဲ့ ကိုယ်ခန္ဓာ ကို အောက်ဆီဂျင်ပို့လွှတ်တာ ပြတ်တောက်တာပေါ့။ ဒီတော့ လူက စက္ကန့်အနည်းငယ်နိုးလာ ရပြီး လေပြန်ရှူဖို့ကြိုးစားရတယ်။ တစ်ညလုံး ဒီဖြစ်စဉ်အကြိမ်များ စွာ ဖြစ်နေတာ ကာယကံရှင်က မသိတာများတယ်။ ညဘက်တွေ အိပ်ရေးမဝတော့ နေ့ခင်းမှာ အိပ် ငိုက်လွန်ရောဂါရလာပါတယ်။ သူတို့ စောစောမကုရင် အန္တရာယ် ရှိပြီး အရွယ်မတိုင်မီ သေဆုံးတာ မျိုးတွေဖြစ်နိုင်ပါတယ်''ဟု ယင်း က ဆက်လက်ပြောသည်။

အဆိုပါရောဂါ Obs-tructive Sleep Apnea ဟုခေါ် ကြောင်းသိရပြီး ဆေးပညာရှင် များက Slient Killer ဟုခေါ်ဝေါ် ကြကြောင်းလည်း သိရသည်။

အဆိုပါရောဂါသည် အဝ လွန်သူများ၊ လည်ပင်းတုတ်သူများ၊ မွေးရာပါ မေးရိုးပုံမှန်မဟုတ်သူ များ၊ ဟော်မုန်းဓာတ်ချို့ယွင်းနေ သူများ၊ အမျိုးသားများ၊ အရက် နှင့်မူးယစ်ဆေးသုံးစွဲသူများနှင့် ကလေးများတွင် မွေးရာပါအာသီး ကြီးသူတို့တွင်ဖြစ်တတ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ရောဂါရှင်များ သည် ဦးနှောက်လှိုင်း၊ မျက်လုံး ရွေ့လျားမှု၊ ခြေလက်ကြွက်သား လှုပ်ရှားမှု၊ နှလုံးခုန်နှုန်း၊ အသက် ရှူသွင်းရှူထုတ်လေအား၊ ရင် ဘတ်နှင့် ဝမ်းဗိုက်လှုပ်ရှားမှုများ တိုင်းတာသည့် အာရုံခံစနစ်များ ပါဝင်သည့် ပေါ်လီဆိုနိုဂရမ်သုံး ပြီး စစ်ဆေးနိုင်ကြောင်း သိရသည်။

[ခင်သက်မွန် ၊ ရန်ကုန် ၊ စက်တင်ဘာ ၁၉]
Yangon Media Group

No comments:

Post a Comment