Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 15, 2013

တောင်ကိုရီးယား အမျိုးသမီးတစ်ဦး ရေဘဝဲအရှင်စားသုံးပြီး သေဆုံးမှုသည် မတော်တဆမှုဖြစ်ဟု တရားရုံး အတည်ပြု


Monday, September 16, 2013

တောင်ကိုရီးယား နိုင်ငံတွင် ၂ဝ၁ဝ ပြည့်နှစ် ဧပြီလ အတွင်းက ဖြစ်ပွားခဲ့သော ရေဘဝဲသားစားသုံး၍ သေဆုံးခဲ့ရ သည့် အမျိုးသမီးတစ်ဦး၏ အမှုနှင့် ပတ်သက်၍ မတော်တဆဖြစ်မှု သို့မဟုတ် လူသတ်မှုဖြစ်ကြောင်းကို အတိအကျ ဖော်ထုတ်နိုင်ရန် တာဝန်ရှိသူများက သုံးနှစ်ကြာစုံစမ်းမှုများ ပြုလုပ် ပြီးနောက်တွင် မတော်တဆမှု ဖြစ်ကြောင်း စက်တင်ဘာ ၁၂ ရက်တွင် တောင်ကိုရီးယား တရားရုံးချုပ်က အတည်ပြုပေးခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်မှာ ယွန်းအမည်ရှိ သေဆုံးသူ အမျိုးသမီးနှင့် ၎င်း၏ချစ်သူ မစ္စတာကင်မ်တို့ နှစ်ဦးသည် ၂ဝ၁ဝ ပြည့်နှစ် ဧပြီတွင် ဆိုးလ်မြို့အနီးရှိ အင်ချီယွန် မြို့၏ မိုတယ်တစ်ခုသို့ သွားရောက်ခဲ့သည်ဟု သိရသည်။ ၎င်းတို့နှစ်ဦးသည် ဒေသတွင်း စားသောက်ဆိုင်တစ်ဆိုင်မှ ရေဘဝဲ အရှင်နှစ်ကောင်ကို ဝယ်ယူခဲ့ပြီး စားသုံးခဲ့သည်ဟု သိရသည်။

ရေဘဝဲတစ်ကောင်ကို စားသုံးပြီး နောက်တွင် ယွန်းသည် မေ့လဲသွားခဲ့ပြီး အသက်ရှူရပ်သွားကာ ဆေးရုံသို့ပို့ ဆောင်ပေးခဲ့ရပြီး ဆေးရုံ၌ ၁ဝ ရက် ကြာကုသမှုခံယူခဲ့သော်လည်း သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အစောပိုင်းတွင် ၎င်းဖြစ်စဉ်ကို မတော်တဆမှု တစ်ခုအဖြစ် ရဲတပ်ဖွဲ့ဝင်များက ဆုံးဖြတ်ခဲ့ပြီး အမှုကိုလည်း ရုပ်သိမ်းခဲ့သည်ဟု သိရသည်။ သို့ရာတွင် ငါးလကြာမြင့်ပြီးနောက်တွင် ယွန်း၏ ဖခင်ဖြစ်သူက သမီးဖြစ်သူမှာ မသေခင်အချိန်က အသက်အာမခံကြေး ထားရှိခဲ့ခြင်းကြောင့် သူမ၏ချစ်သူ မစ္စတာကင်မ်က သတ်ခဲ့ခြင်းဖြစ်သည် ဟု တရားပြန်လည် စွဲဆိုခဲ့သည်ဟု သိရသည်။

ယွန်း၏ဖခင်ဖြစ်သူ တရားစွဲဆိုမှုကြောင့် ၎င်းအမှုကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ မစ္စတာကင်မ်ကို ၂ဝ၁၂ ခုနှစ် အောက်တိုဘာတွင် တစ်သက် တစ်ကျွန်း ထောင်ဒဏ်ချမှတ် ခဲ့သည်ဟု သိရသည်။

မစ္စတာကင်မ်က အယူခံဝင်ခဲ့ရာမှ ၎င်းအမှုသည် ယခုနှစ်ဧပြီတွင် တရားရုံးချုပ်သို့ ရောက်ရှိသွားခဲ့ပြီး စစ်ဆေးမှု အဆင့်ဆင့် ထပ်မံပြုလုပ်ခဲ့ပြီး နောက်တွင် ယွန်း၏သေဆုံးမှုမှာ မတော်တဆမှု တစ်ခုဖြစ်ကြောင်း စက်တင်ဘာ ၁၂ ရက်တွင် အတည်ပြုခဲ့ပြီး မစ္စတာကင်မ်အား တစ်သက်တစ်ကျွန်းထောင်ဒဏ်မှ တရားသေ လွတ်ငြိမ်းခွင့် ပြုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မြ၀တီ

No comments:

Post a Comment