Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 12, 2013

ကမ္ဘာ့အကြီးဆုံး ပုလဲ



Pearl of Lao Tzu ခေါ် Pearl of Allah ကို ၁၉၃၄ခုနှစ် မေလ ၇ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံ Palawan ပင်လယ်ကွေ့အနီးနားမှာ တွေ့ရှိခဲ့တယ်။ အဲဒီတုန်းက ကလေးတစ်သိုက်ဟာ ပင်လယ်ရေအောက်မှာ ရေသတ္တဝါတွေကို ရှာဖွေနေခဲ့တယ်။ ကလေးတွေကမ်းပေါ်ပြန်တက်ချိန် တစ်ယောက်လျော့နေခဲ့လို့ လူတွေဟာ ကလေးကို ရေအောက်မှာလိုက်လံရှာဖွေခဲ့ကြတယ်။ ကလေးငယ်ကိုရှာတွေ့မိချိန် ကလေးငယ်ဟာ Tridacninaeလို့ခေါ်တဲ့ ကမာကြီးတစ်ကောင်ကြားမှာ ခြေထောက်ညှပ်ပြီး သေဆုံးနေခဲ့ပါပြီ။ လူတွေက ကြီးမားတဲ့ကမာကောင်ကို ကမ်းပေါ်ဆွဲတင်ခဲ့ကြတယ်။ ကမ်းပေါ်ရောက်ချိန် ကမာကောင်ထဲမှာ အရှည် ၂၄ဝmm၊ အကျယ် ၁၃၉mm၊ အလေးချိန် ၆.၄Kg ရှိတဲ့ ဧရာမပုလဲကြီးကို တွေ့ခဲ့ကြတယ်။ ဒါဟာ ကမ္ဘာပေါ်မှာအကြီးဆုံး သဘာဝရေငန်ပုလဲဖြစ်ပါတယ်။

အမေရိကန်ဆရာဝန်တစ်ဦးဖြစ်တဲ့ Wilburn Cobb က ဒီပုလဲပိုင်ရှင်(ရွာအကြီးအကဲ)ရဲ့သားကို ကယ်တင်ပေးခဲ့လို့ အကြီးအကဲက ဆရာဝန်ကိုကျေးဇူးတင်သောအားဖြင့် ဒီပုလဲကို လက်ဆောင်ပေးလိုက်တယ်။ အဲဒီတုန်းက ဒီပုလဲရဲ့တန်ဖိုးက ဒေါ်လာ သိန်း၎ဝကျော်ဖြစ်တယ်။ အခုအချိန်မှာ အဲဒီပုလဲကို ဆန်ဖရန်စစ္စကိုဘဏ်ရဲ့မီးခံတိုက်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

http://en.wikipedia.org/wiki/Pearl_of_Lao_Tzu

 


Nine Nine Sanay @ နိုင်းနိုင်းစနေ < Thanks

No comments:

Post a Comment